Someone Special

3

Category:

Someone Special…
Someone who you can talk to,
Someone who you can look up to.
Someone who you can count on,
Someone who you can lean on.
Someone who you can give a hug,
Someone who you can stay in touch.

Someone Special…
Someone who can give you the wings,
Someone who can make alive your dreams.
Someone who can make you smile,
Someone who can make you cry sometimes.
Someone who can sooth your sadness and pain,
And Someone who can hurt you like a strain.

Someone Special…
Someone who can make you jealous at a time,
Someone who can make you get mad like a wild.
Still…
Someone who you expect to offer a wedding speech,
Someone you always wish to have a good relationship with.
Though…
Someone who you don’t want to remember as special memoirs,
But Someone who will live in your memory for always and ever.



Zun Moe Sett
19-9-2014
1:30PM
Dedicated to Someone’s Someone Special.

အနီရောင်ပုံပြင်

15

Category:




တစ်ခါတုန်းက အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့။ အနီရောင်မကြိုက်တဲ့ ကောင်မလေးဆိုတော့ သူ့အသုံးအဆောင်ပစ္စည်းတော်တော်များများဟာလည်း အနီကလွဲပြီး ကျန်တဲ့အရောင်တွေ ဖြစ်နေတာပေါ့ကွယ်။

အနီရောင်မကြိုက်တဲ့ ကောင်မလေးဆယ်ကျော်သက်အရွယ်မှာ အနီရောင်လွယ်အိတ်လေးတစ်လုံး လက်ဆောင်ရသတဲ့။ ကောင်မလေးက အနီရောင်မကြိုက်ပေမယ့် လွယ်အိတ်လေးကို ချစ်လို့လက်ခံယူထားလိုက်တယ်။ တခါတလေမှာလည်း အဲဒီ့အနီရောင်လွယ်အိတ်လေးကို ထုတ်လွယ်တတ်တယ်။

ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်တော့ အနီရောင်မကြိုက်တဲ့ကောင်မလေးမှာ ချစ်သူတစ်ယောက်ရလာတယ်။ ကောင်မလေးရဲ့ချစ်သူဟာ အနီရောင်ကြိုက်သူဖြစ်နေတာကို ကောင်မလေးက မကြိုက်ဘူးတဲ့။ အရောင်နဲ့ပတ်သက်လာရင် သူတို့နှစ်ယောက် ခဏခဏ စကားများကြတယ်။ ဒါပေမယ့် ချစ်သူရဲ့ ဗောက်စ်ဝက်ဂွန်ပါဆက်ကားအနီလေးကိုတော့ ကောင်မလေးက  ချစ်သတဲ့။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်စလုံးဟာ ကားလေးကို ချစ်လွန်းလို့ အိပ်မက်ထဲအထိတောင် ထည့်မက်ကြတဲ့အထိ ဆိုပါတော့ကွယ်။

အနီရောင်မကြိုက်တဲ့ကောင်မလေး အိပ်မက်က လန့်နိုးလာတဲ့တစ်ရက်မှာ သူ့အသက်ဟာ ရှိရင်းစွဲထက် ၇နှစ်လောက် ပိုကြီးနေတယ်။ အသက်တွေကြီးလာပေမယ့် ကောင်မလေးကတော့ အနီရောင်ကိုဆက်ပြီး မနှစ်သက်နေတုန်းပဲတဲ့။ အနီရောင်ပန်းသီးထက် အစိမ်းရောင်ပန်းသီးကိုပဲ စားတာမျိုး၊ ပန်းအိုးထိုးတဲ့အခါမှာလည်း အနီရောင်အဆင်းရှိတဲ့ နှင်းဆီထက် အ၀ါနဲ့အဖြူကိုပဲ ရွေးပြီးထိုးတာမျိုးတွေ ဆက်လုပ်နေတယ်။

မမျှော်လင့်တဲ့နေ့တစ်နေ့မှာ ကောင်မလေးဟာ အနီရောင်ရှိတဲ့ ရေဗူးလေးတစ်ခုကို လက်ဆောင်အဖြစ် လက်ခံရရှိလိုက်သတဲ့။ အနီရောင်မကြိုက်ပေမယ့် သာမန်ရေဗူးတွေနဲ့မတူဘဲ အနည်းငယ်ထူးခြားတဲ့ အဲဒီ့ရေဗူးလေးကို ကောင်မလေးက သူ့ရုံးကို ယူသွားပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ကောင်မလေးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ အနီရဲရဲရေဗူးလေးကိုမြင်လိုက်တယ်ဆိုရင်ပဲ ဟား…ဟား… အဲဒါ ရေဗူးလား၊ မီးသတ်ဗူးလားဆိုပြီး ကောင်မလေးကို စနောက်ပြီး မေးသတဲ့။  ကောင်မလေးက ရှက်သွားပေမယ့် ရေဗူးပါလို့ ပြန်ဖြေလိုက်တယ်။

သိပ်မကြာခင်မှာဘဲ အနီရောင်မကြိုက်တဲ့ ကောင်မလေးဆီကို နောက်ထပ်အနီရောင်လက်ဆောင် သေးသေးလေးတစ်ခု
ရောက်လာပြန်တယ်။ ဒီတစ်ခါ ကောင်မလေးလက်ခံရရှိတဲ့ အနီရောင်ပစ္စည်းလေးက Army Knife လို့ခေါ်တဲ့ တပ်သုံးခေါက်ဓားလေးတစ်ခုဖြစ်နေတယ်။ ကောင်မလေးက သိပ်မ၀င်စားလို့ ဓားလေးကို ဘယ်ပြန်ညာပြန် သေသေချာချာတောင် မကြည့်မိဘူးတဲ့။

မထင်မှတ်ဘဲ အဲ့ဒီခေါက်ဓားနီလေးဟာ ကောင်မလေးအတွက် အလွန်အသုံးဝင်တဲ့ပစ္စည်း ဖြစ်လာခဲ့တယ်။ အနီရောင်မကြိုက်တဲ့ ကောင်မလေးဟာ ခေါက်ဓားနီလေးကို ကိုယ်နဲ့မကွာဆောင်ယူတတ်တဲ့အကျင့်လည်း ရလာသတဲ့။

တကယ်ဆို ကောင်မလေးဟာ အနီရောင်ကို မကြိုက်ဘူး။ ဒါပေမယ့်… … ….

ကမ္ဘာပေါ်မှာ အဲဒီ့ဓားလေးနဲ့ အရောင်တူ၊ အရွယ်အစားတူ ဓားတွေ သန်းနဲ့ချီပြီး ရှိချင်ရှိလိမ့်မယ်။ ဒါပေမယ့် ကောင်မလေးနာမည် သီးသန့်ရေးထိုးထားတဲ့ အနီရောင်ဆွစ်ဇ်ခေါက်ဓားလေးက ဒီကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတယ်လို့ သိလိုက်ရပြီးနောက်ပိုင်းမှာ ကောင်မလေးဟာ အဲဒီ့ခေါက်ဓားနီလေးကို အရင်ကထက်ပိုပြီး ဂရုတစိုက်နဲ့ ချစ်တတ်လာခဲ့သတဲ့ကွယ်။

ကဲ... အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အနီရောင်ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။

အားလုံးပဲ ဟက်ပီးဘလော့ဂင်းပါ။း)


ဇွန်မိုးစက်