my collection

Category: ,

my collection ဆိုလို့ ဘာတွေများလဲလို့ အထင်မကြီးလိုက်ပါနဲ့။ ခရီးသွားအမှတ်တရ souvenir လေးတွေပါ။ :D ကိုယ်က ခရီးသွားရတာ ၀ါသနာပါသလို ရောက်တဲ့အရပ်က အမှတ်တရပစ္စည်းလေးတွေ စုဆောင်းတာလည်း ၀ါသနာပါတယ်။ ခရီးသွားဝါသနာပါတယ်ဆိုလို့ ခရီးတွေ အများကြီး သွားဖြစ်တယ် ထင်နေအုံးမယ်။ စိတ်ကူးနဲ့ သွားနေတာတော့ ခဏခဏပဲ။ လက်တွေ့မှာတော့ တစ်နှစ်တစ်နိုင်ငံတောင် မသွားဖြစ်သေးပါဘူး။ အလုပ်ကိစ္စနဲ့လည်း ခရီးထွက်စရာမလိုတော့ သွားချင်ရင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပြီး သွားမှပဲ ရောက်နိုင်မယ့်အခြေအနေပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရောက်ခဲ့ဖူးတဲ့ဒေသက အမှတ်တရ keychain လေးတွေ၊ refrigerator magnet  လေးတွေဝယ်ပြီး သိမ်းထားရတာကို နှစ်သက်သဘောကျပါတယ်။ ကိုယ့်သူငယ်ချင်းတွေ ခရီးသွား ဖြစ်ရင်လည်း သူတို့ရောက်ရာအရပ်က အမှတ်တရ သော့ချိတ်လေးတွေ၊ သံလိုက်လေးတွေ မှာတတ်ပါတယ်။ အရေးကြီးတာက ပစ္စည်းပေါ်မှာ ရောက်ခဲ့တဲ့ မြို့ (သို့မဟုတ်) နိုင်ငံနာမည် ပါဖို့ပါပဲ။ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသူငယ်ချင်းတွေကလည်း ကိုယ့်အတွက်ဝယ်လာပေးကြပါတယ်။ ၀ယ်လာလက်ဆောင်ပေးသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အောက်က ပုံလေးတွေက ကိုယ်ရဲ့ souvenir collection ပေါ့။




ဒီသုံးခုက ကိုယ်ရောက်ဖူးချင်တဲ့ မရောက်သေးတဲ့နိုင်ငံတွေဆီက
[Canada, Australia, Houston (U.S.A)]


ဒါလေးတွေက ကိုယ့်မိတ်ဆွေတွေ သွားခဲ့တဲ့ဒေသတွေဆီက
(Indonesia, Philippines, Sabah (Malaysia), Cambodia)


  Dubai နဲ့ Cyprus အမှတ်တရ
 


ကိုယ်ရောက်ဖူးတဲ့ ဒေသသုံးခုက အမှတ်တရလေးတွေ
အမြှောက်မဲမဲလေးက Macau အမှတ်တရ၊ ခဲတံလေးက Maleka (Malaysia) က
Big Ben က London (UK) အမှတ်တရပေါ့။ :)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 9 )

ချစ်စရာလေးတွေ.နော်..း)

နောက်ကြုံတိုင်းဝယ်ခဲ့ပေးမယ်..

ဆိုက်ပရပ်စ်ကိုတောင် ပြန်လွမ်းသွားပြီး..

း)))

ကီးချိန်းကြိုက်တာချင်းတူတယ်။

ဝါသနာလေး သဘောကျမိတယ်း)))

မိုက်တယ် ... ခုမှသတိထားမိတယ် ကိုယ့်မှာ အဲ့လိုဝါသနာမရှိဘူးရယ် ....း)

မှတ်ချက်။ ။စင်္ကာပူအမှတ်တရကော မရှိဘူးလား ဟီး ...

more than key chains :)

း))
ချစ်စရာလေးတွေ .. :D

ိုဟုတ်.. မမပြား)

ကျေးဇူး.. ဖိုးစိန်၊ နောက်ကြုံတိုင်းမှာမယ်နော် :P

မမkom အကြိုက်တစ်ခုတော့ သိသွားပြီ

တစ်ယောက်ဝါသနာတစ်မျိုးစီပေါ့ ကိုရေတမာ

ကြယ်ပြာမေးမှ သတိရတယ်။ စင်္ကာပူအမှတ်တရလည်းရှိတယ်။ ပုံတွေထဲ မပါသွားဘူး။ မေ့နေတာ။ :D

yea...madi, it's more than keychanis :)

ညီမလေးမိုးခါးလည်း ချစ်စရာကောင်းတယ်း)

My Collection ဆိုပြီးရေးခဲ့ဖူးတယ်ဆိုလို့ ရအောင်ရှာဖတ်သွားတယ်။ :D