ကြက်သွန်မြိတ်ကြားက ချစ်သူ တဲ့

Category:

တကယ်တော့ မွေးနေ့ပြီးသွားတာ တစ်လလောက်ရှိပါပြီ။ မွေးနေ့အမှတ်တရပို့စ် တစ်ခုခုတင်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် ဇွန်လတစ်လလုံး အလွန်မအားမလပ်ဖြစ်နေခဲ့တော့ “တစ်ပါးသီလ” ပို့စ်တစ်ပုဒ်ကလွဲလို့ ဘာမှ ထပ်မတင်လိုက်နိုင်ပါဘူး။ 

ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ.... ဇွန့်ကို ချစ်တဲ့သူ၊ ဇွန်က ချစ်တဲ့သူတစ်ယောက်က ဒီပို့စ်လေးနဲ့ အမှတ်တရ မွေးနေ့လက်ဆောင် ဒီကနေ့ညမှ ပေးလာပါတယ်။ ပို့စ်အသစ်လည်း မတင်ဖြစ်သေးတာနဲ့ အမှတ်တရလည်းဖြစ်အောင် သူကိုယ်တိုင်ဆွဲထားတဲ့ ပုံတူလေးနဲ့စာကို ပြန်ညွှန်းလိုက်ပါတယ်။ အချစ်ဆုံးသူငယ်ချင်း ညိုလေးနေ ရဲ့ ကြက်သွန်မြိတ်ကြားက ချစ်သူ ဖတ်ပြီး ဇွန်မိုးစက်တစ်ယောက် ပြုံးပြုံးကြီးနဲ့ ကျေနပ်ပျော်ရွှင်လို့။ :))

Comments ( 3 )

ဇွန်........

မွေးနေ့တင်မက...
အချိန်တိုင်း ပျော်ရွှင်ပါစေကွယ်..

ချစ်တဲ့ မလေး

မွေးနေ့ပြီးသွားတာကို ဖတ်လိုက်တာ နေ့ ကျန်ခဲ့တော့.. ဟမ်မလေး ဖြစ်သွားတာပေါ့ ဇွန်ရယ်။ ဟက်ပီးbelatedမွေးနေ့ပါ။

ကျေးဇူးပါ မလေးရေ...း)

အောင်မြတ်လေး...ကိုတီ...ဘယ့်နှယ်... မွေးနေ့ကို နေ့ဖြုတ်ပြီး ဖတ်ရတယ်လို့... အဟင့်... :(
ဘယ်လိုပဲဖြစ်ဖြစ် ဆုတောင်းအတွက်တော့ သိုင်းကျူးပါ... :D