ညို့အတွက်...

Category: ,

ငါ့ရင်ထဲရှိတာတွေ နင်မြင်ခဲ့သလို
နင့်ခံစားချက်တွေ ငါနားလည်ခဲ့တယ်၊
 
နင့်ရင်ထဲက စကားသံတွေ ငါနားထောင်ပေးခဲ့သလို
ငါ့အရှုံးတွေလည်း နင်မျှဝေခံစားခဲ့တယ်၊

ငါ့ပုခုံးထက် နင်ငိုရှိုက်ဖူးသလို
နင့်အားပေးစကားနဲ့ ငါမျက်ရည်တိတ်ခဲ့ဖူးတယ်၊

အခက်အခဲတွေကို အတူတူဖြေရှင်း
တစ်ယောက်အကူအညီ တစ်ယောက်ဖြည့်ဆည်းရင်းနဲ့
သူငယ်ချင်းကောင်းဆိုတဲ့ ခေါင်းစဉ်အောက်
အပြန်အလှန် အားပေးထူမခဲ့ကြတယ်။

တစ်ယောက်တစ်နေရာစီ
မိုင်ထောင်ချီဝေးကွာခဲ့ပေမယ်
ချစ်ခင်ရင်းနှီးမှု သံယောဇဉ်က
လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်ကအတိုင်း
မပြောင်းမလဲ စွဲမြဲခိုင်ကျည်နေဆဲ...။

နင်အလုပ်များတာ ငါသိသလို
ငါမအားလပ်တာလည်း နင်နားလည်မှာပါ
ဒါပေမယ့် ချစ်ခင်သူကြား 
မအားဘူးဆိုတာ အသာထားလို့ 
တခဏတာ အချိန်ပေး
အလွမ်းတွေကြားခံရင်းနဲ့ပဲ
ငါချစ်တဲ့ နင့်အတွက်
လက်ချောင်းလေးတွေ လှုပ်ရှား
စာကြောင်းများအဖြစ် ရေးဖွဲ့သီ စီကုံးမိသွား...။

ညို ရေ....
ကာရန်မညီ ကဗျာအသွင် မပီပြင်ပေမယ့်
ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော
မွေးနေ့ရက်မြတ်ဖြစ်ပါစေကြောင်း
ဇွန် ဆုတောင်းလိုက်တယ်နော်...။



ညိုရဲ့
ချစ်သူငယ်ချင်း ဇွန်
၁၇ အောက်တိုဘာ ၂၀၁၃

Comments ( 4 )

ရင်ထဲမှာ အမြဲ ရှိနေပေးတဲ့အတွက် ကျေးဇူးပါ ဇွန် :)

ကြည်နူးစရာကဗျာလေး :)
Happy Birthday မမညိုလေး

သိပ်ချစ်စရာကောင်းတဲ့ သူငယ်ချင်းအချစ်

နှစ်ယောက်လုံးကိုမြင်ယောင်ရင်း သဘောတကျပြုံးမိသွားပါတယ်။

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ညို။

ကဗျာလေးကို ဒီနေ့တစ်ခေါက် ပြန်လာဖတ်မှ မွေးနေ့ဆုတောင်းတွေ တွေ့မိတယ်။ ကျေးဇူးပါ ကြယ်ပြာ နဲ့ ညီမလေး သူသူ :)