မောင်မရှိတဲ့နေ့ရက်များ

Category:

မောင်မရှိတဲ့နေ့ရက်တွေမှာ ကျွန်မတစ်ယောက်တည်း ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့ရသလဲဆိုတာ မောင်သိပါသလား။


မောင့်ကို အိပ်မက်မက်တဲ့အခါ ...

ရုပ်ရှင်ကားကောင်းတွေ ရုံတင်တဲ့အခါ ...

ဂျပန်စာ စားရတဲ့အခါ ...

Nes ကော်ဖီနံ့ ပြင်းပြင်းရတဲ့အခါ ...

"ဂျစ်ပစီမိုးတိမ်" သီချင်း ကြားရတဲ့အခါ ...

Longines တံဆိပ် နာရီကြော်ငြာ မြင်ရတဲ့အခါ ...

အနီရောင် Passat Volkswagen  ကို တွေ့ရတဲ့အခါ ...

Sony Ericsson Model အသစ် ထွက်တဲ့အခါ ...

Java Programming အကြောင်း ကြားရတဲ့အခါ ...

နည်းပညာအသစ်အဆန်းသတင်းတွေ ဖတ်ရတဲ့အခါ ...

Kenshin (Samurai X) ကာတွန်း Series ကြည့်ရတဲ့အခါ ...

မောင့်မိတ်ဆွေတွေနဲ့ စကားစမြည် ပြောဆိုဖြစ်တဲ့အခါ ...

Networking problem တွေ ကျွန်မ resolve မလုပ်နိုင်တဲ့အခါ ...


အခါပေါင်းမြောက်မြားစွာ မောင့်ကိုလွမ်းရင်း နေ့ရက်များကို ကျော်ဖြတ်ခဲ့ရတယ် မောင် ...

တွေ့မြင်ချင်စိတ် အကြိမ်ကြိမ်မျိုသိပ်ထိန်းချုပ်လို့ မောင့်ကိုတမ်းတ သတိရမိတဲ့အခါ

ကျွန်မရဲ့အမြင်အာရုံတွေမှုန်ဝါးလို့ အလွမ်းများစွာနဲ့ ဖြတ်သန်းခဲ့ရပါတယ် မောင် ...။


မောင့်ကိုလွမ်းတဲ့
ဇွန်မိုးစက်

Comments ( 7 )

လွမ်းနေတယ်လား။

လွမ်းနေလား။

ဟုတ် :(

လွမ်းရတာ အောင့်သက်သက်ကြီးနော်

မ စာအုပ်ကို အားပေးသော ဇွန့်ရဲ့ညီမလေးကိုလည်း ကျေးဇူးတင်ကြောင်းလာပြောတာပါး)

လွမ်းတတ်လိုက်တာ


မောင်က ဘယ်ရောက်နေလို့လဲဟင်

စာလာဖတ်တာတော့ နောက်ကျသွားတယ်မရယ်
အလွမ်းတွေ နဲ့ ဝေးပြီး
မ ချစ်တဲ့ သူနဲ့ ဆုံပါစေနော်
သာယာချမ်းမြေ့ပါစေ။
မိုး