true love

Category:

ကိုယ့်အချစ်ဆုံးသူငယ်ချင်းက ကိုယ်တို့နှစ်ယောက်ကြား ခံစားမိတာတွေချရေးဖို့ ပေးခဲ့ဖူးတဲ့စာတစ်အုပ်ရဲ့ အဖွင့်မှာ ဒီလိုလေးရေးထားတယ်။

“ဘယ်သူရေးမှန်းလည်းမသိဘူး
ကဗျာလို့ ထင်ရပေမယ့် ကဗျာနဲ့လည်း သိပ်မတူဘူး
သိပ်ကြိုက်တာပဲ

...

ဟိုးအရင်က အရပ်ရှည်ရှည် ဖြူဖြူသွယ်သွယ်နဲ့ သူ့ကို

လူတွေက ချောတယ်လို့ ပြောကြတယ်

ကျွန်တော်ကတော့ မပြောနိုင်ခဲ့ပါဘူး

ဘာဖြစ်လို့လဲဆိုတော့ ...

ကျွန်တော်က သူ့ကို ချစ်နေတာကိုး   ။


ဆံပင်တွေဖြူ သွားတွေကျိုးလို့ လူတွေက သူ့ကို

အဖွားကြီးဖြစ်ပြီလို့ ပြောကြတယ်

ကျွန်တော်ကတော့ မပြောနိုင်ခဲ့ပါဘူး

ဘာဖြစ်လို့လဲဆိုတော့...

ကျွန်တော်က သူ့ကို ချစ်နေတာကိုး   ။

...

ဖတ်ပြီးပြီးချင်း ကိုယ်လည်းသိပ်ကြိုက်သွားတယ်။

အဲဒီ့ကဗျာ(စာ)ထဲက ကျွန်တော်ဆိုတဲ့လူရဲ့ ခံစားချက်ကို အားကျအသိအမှတ်ပြုလိုက်တယ်။ သူ့ဘဝတစ်လျှောက်လုံး သူချစ်ရတဲ့သူကို မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်သွားကြောင်း ဖော်ပြထားတာလေးက သိပ်လှတယ်။ 'true love' လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် အချစ်စစ်ဆိုတာထက် မေတ္တာစစ်လို့ ကိုယ်ပြန်ဆိုချင်ပါတယ်။ ချစ်သူတိုင်း အပြန်အလှန် မေတ္တာစစ်နဲ့ ဆံပင်တွေဖြူ သွားတွေကျိုးတဲ့အထိ မေတ္တာထားနိုင်ကြရင် သိပ်ကောင်းမှာပဲလို့...။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 9 )

မလေး ဖတ်သွားပါတယ်..
မေတ္တာစစ်ဆိုတာရှိပါတယ်..
အချစ်စစ်ဆိုတာသာ.....

အချစ်

အချစ်


အချစ်

ကျေးဇူးပြုပြီး ပို့စ်နှင့်မသက်ဆိုင်သော စကားလုံးများ၊ အကြောင်းအရာများကို comment box ၌ လာမရေးပါရန် မေတ္တာရပ်ခံပါသည်။ မသက်ဆိုင်သော comment များ အားလုံးကို blog administrator မှ delete လုပ်ပါမည်။

အချစ်ရဲ့ ဟိုးတဘက်က ပိုမိုလေးနက်တဲ့ နှောင်တွယ် မြတ်နိုးမှုလေးပေါ့ ညီမ ဇွန်ရယ်...စစ်ကြည့်လိုက်ပါအုံးနော်...e-mail ပို့ထားလို့ ...ဟုတ်တယ် တရားစခန်း ဝင်မှာပါ ညီမရေ...:)

ကျမတို့ လည်း သူလို မေတ္တာစစ်နဲ့ ချစ်နိုင်အောင်
ကြိုးစားနေမှာပါ။

မေတ္တာစစ်နဲ့ ချစ်ကြမယ်...။

ဇွန်....

တရားစခန်းဝင်တာကို
သာဓုလာခေါ်တာ

သာဓု သာဓု သာဓု

း)

True Love နဲ့ တွေ့ ဆုံနိုင်သူက ကံကောင်းတာပါပဲ။
လူတစ်ယောက်ကို မေတ္တာစစ်နဲ့ ချစ်နိုင်ရင် အကောင်း
ပေါ့ လေ။ရှိတော့ ရှိတယ် ရှားတယ်ဆိုတဲ့ ထဲမှာပါနေပြီ။

မေတ္တာစစ်နဲ့ ဆုံပြီးသာယာချမ်းမြေ့တဲ့ ဘ၀ကိုပိုင်နိုင်ပါစေ
မိုး

Have linked up, sis. :)

http://libratun.blogspot.com/2012/04/together-and-for-always.html