တိမ်တိုက်ကြားက စခန်းသာ

Category:

ပင်လယ်ရေပြင်အထက် မီတာ ၁၅၂၄မှာတည်ရှိပြီး အပူချိန် ၂၀ဒီဂရီ စင်တီဂရိတ်ထက် ဘယ်တော့မှ မကျော်တဲ့ သာယာလှပတဲ့ ကုန်းမြင့်ဒေသကို စတင်တွေ့ရှိသူက ဗြိတိသျှလူမျိုး မြေတိုင်းပညာရှင် ၀ီလီယမ် ကင်မရွန်းပါ။ (သူ့နာမည်ကို အစွဲပြုလို့ ကင်မရွန်းဟိုက်လန်းလို့ ခေါ်တွင်ခဲ့ပါတယ်) ၁၈၈၅ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပေမယ့် ၁၉၂၀နောက်ပိုင်းမှာမှ  တောင်ပေါ်ရောက်သည်အထိ လမ်းဖောက်နိုင်ခဲ့တာပါ။  လမ်းဖောက်ချိန်အတွင်း ရာသီဥတုဒဏ်၊ ငှက်ဖျားဒဏ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြရပြီး ၁၉၃၁ခုနှစ်မှ အပြီးသတ်နိုင်ခဲ့ပါတယ်။

ဗြိတိန်လူမျိုးတွေအဖို့ ဗြိတိန်ကျွန်းမကြီးနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ ဒီဒေသလေးကို  တွေ့ရှိခဲ့ခြင်းက သူတို့အတွက် တနည်းတဖုံ အလွမ်းဖြေစရာ ဖြစ်ခဲ့ရုံမျှမက အဲဒီနေရာကို သူတို့အရပ်နဲ့တူအောင် နှင်းဆီတွေစိုက်ပျိုး၊ အိမ်များကို အနောက်တိုင်းပုံစံအတိုင်းဆောက်ထားလို့ တမင်တူအောင် လုပ်ယူခဲ့ကြပါသေးတယ်။ ဒါတွေကြောင့်ပဲ ခုချိန်မှာ မလေးရှားရဲ့ အကြီးဆုံးအပန်းဖြေစခန်းတစ်ခုအဖြစ် ရပ်နီးရပ်ဝေးက ဧည့်သည်တွေမပြတ် လာရောက် လည်ပတ်ကြည့်ရှုရတဲ့ အထင်ကရ နေရာတစ်ခုဖြစ်နေပါပြီ။

တကယ်တော့ ကိုယ်သွားခဲ့တဲ့ ၂ညအိပ်၃ရက်ခရီးက နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အသွားအပြန် ၂ရက်တိတိ ခရီးနှင်ရပြီး အလယ် ၁ရက်သာ လည်ပတ်ခွင့် ရခဲ့ပါတယ်။ နှင်းဆီဥယျာဉ်၊ လက်ဖက်စိုက်ခင်း၊ ပျားမွေးမြူရေးဂေဟာ၊ စတော်ဘယ်ရီခြံနဲ့ ကန္တာရဆူးပင်တောင်ကြားတို့ကို လေ့လာကြည့်ရှုခဲ့ရပါတယ်။ ဓာတ်ပုံတွေလည်း တဖျပ်ဖျပ်နဲ့ အလုအယက် ရိုက်ခဲ့ကြပါသေးတယ်။ စာတွေအများကြီးရေးချင်သော်လည်း ရေးဖို့အချိန်မပေးနိုင်တာကြောင့် အမှတ်တရပုံလေးတွေ တင်လိုက်ပါတယ်။

နှင်းဆီခြံထဲက ရိုက်ယူခဲ့တာလေးတွေပါ







မြင်ရသူတိုင်း ရင်သပ်ရှုမောဖြစ်ရတဲ့ လက်ဖက်စိုက်ခင်းတွေပေါ့။ ဒီမြင်ကွင်းကို မြင်လိုက်ရတာနဲ့တင် ဒီခရီးတစ်ခုလုံး လာရကျိုးနပ်သွားတယ်လို့ ခံစားလိုက်ရတာပါ



တောင်ထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ခဲ့ကြသေးတယ်

ကိုယ့်စိတ်ကြိုက် စတော်ဘယ်ရီတွေကို ခုလိုခြံတွေထဲမှာ ဆွတ်ယူလို့ရတယ်

အမှတ်တရလက်ဆောင်ပစ္စည်းတွေအားလုံး စတော်ဘယ်ရီဒီဇိုင်းတွေနဲ့လေ

ဒါကတော့ စတော်ဘယ်ရီကော်ဖီတဲ့

ဖြူ၊နီ၊လိမ္မော်၊၀ါ အရောင်စုံနဲ့ ခေါင်ရမ်းပန်းတွေကလည်း အလှချင်းပြိုင်နေတယ်



အရောင်စုံကန္တာရဆူးပင်လေးတွေ





အထက်တန်းတုန်းက ရုက္ခဗေဒမှာ သင်ခဲ့ဖူးတဲ့ Pitcher Plant ဆိုတာ ခုမှ အနီးကပ် မြင်ဖူးတာ

အလေ့ကျပေါက်နေတဲ့ ပန်းလေးတွေကလည်း လှတာပါပဲ

ဒီပန်းလေးတွေကလည်း ချစ်စရာ

ဥရောပစတိုင် အိမ်ပုံစံတွေနဲ့ မြို့လေးက ဘယ်လိုကြည့်ကြည့် အေးချမ်းလှပလို့

လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက သွားချင်ခဲ့တဲ့နေရာတစ်ခုကို ဒီနှစ်မှပဲ ရောက်ဖြစ်ပါတော့တယ်။ အတူလိုက်ပါခဲ့တဲ့ ညီမများကို ကျေးဇူးလည်း တင်ပါတယ်။ မရောက်သေးသူများ တစ်ခေါက်လောက် အရောက်သွားသင့်တဲ့ နေရာတစ်ခုလို့ ဆိုပါရစေ။ ဇွန်ကတော့ အခြေအနေ ပေးဦးမယ်ဆိုရင် Tour Package နဲ့ မဟုတ်ဘဲ အေးအေးဆေးဆေး Free & Easy တစ်ခေါက်လောက် ထပ်သွားချင်ပါသေးတယ်။


ဇွန်မိုးစက်

Comments ( 8 )

ပျော်စရာ အားကျစရာ ခရီးပါပဲ အစ်မဇွန်ရေ... ညီမက နှင်းဆီပန်းကြိုက်တော့ နှင်းဆီပုံတွေကို သေချာငေးသွားပါတယ် (တတိယမြောက် နှင်းဆီခရမ်းဖျော့ဖျော့လေးကို တအားသဘောကျမိပါတယ်) လက်ဖက်စိုက်ခင်းတွေ ပုံကြည့်ရတာ ရင်ထဲကို လန်းသွားတာပဲ။ တကယ်ရောက်ခဲ့တဲ့ လူတွေအတွက်ကတော့ ဘယ်လောက်တောင် ကြည်နူးစရာကောင်းမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

တရားစခန်းကို အစ်မတို့ မမချစ်ကြည်အေးတို့ မနှစ်ကဝင်တာတွေ ဖတ်ရကတည်းက စိတ်ထဲမှာ အားကျနေခဲ့တာပါ။ ဒီနှစ်တောင် (အစ်မကို မမြင်ဖူးတော့) အစ်မများ ပါမလားလို့ သတိတရ တွေးမိပါသေးတယ်း) အစ်မပေးတဲ့ ဆုနဲ့လည်း တစ်နှစ်ပတ်လုံး ပြည့်ရပါစေး)

လက်ဖက်စိုက်ခင်း မြင်ကွင်းက အပြင်မှာ မပြောနဲ့ ဓါတ်ပုံထဲတောင် စိမ်းစိုနေလို့ မြင်ရတာ အေးချမ်းလိုက်တာ။

အပြင်မှာ လူကိုယ်တိုင်သာ ရောက်ရင် လက်ဖက်ရွက်ကို လတ်လတ်ဆတ်ဆတ် ခူးစားဖြစ်မယ် ထင်တယ်။

ပုံလေးတွေ လာကြည့်ခံစားသွားပါတယ် မဇွန်။

ပျော်ရွှင်ပါစေ။ :))

နန္ဒာ

တကယ်တော့အဲဒီနေရာလေးကအေးချမ်းတယ်ပြီး စိတ်အေးလက်အေးနေချင်တာ package နဲ့ဆိုတော့နည်းနည်းလောရတယ်နော် နောင်သွားမယ့်သူတွေကို package နဲ့မဟုတ်ပဲ သွားစေချင်မိတယ်။ မမရေး စတော်ဗယ်ရီခြံထဲဆင်းဖို့ အတင်းဂျီကျမိတာ မိုးတွက်မမေ့နိုင်စရာ အမှတ်တရ ဖြစ်ခဲ့ပါတယ်။ အိမ်မှာလည်းတခုခု လိုချင်အဲလို ဂျီကျမိတယ်။ ခုမိုးဗီဇကပေါ်လာသလိုပဲ အဲ့ဒီ ဆန္ဒလေးဖြည့်ပေးခဲ့လို့ကျေးဇူးလည်းတင်တယ် လမ်းတလျှေက်လုံးမှာ မိုးခံစားမိတာတစ်ခုက အမရင်းတစ်ယောက်ဘေးမှာရှိနေသလိုပါပဲ။
နောင်လည်းအတူသွားကြရအောင်နော် မမ

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မျှဝေပေးတာကျေးဇူးတင်ပါတယ်။ ပုံတွေကအလွန်လှပါတယ်။ ကြုံရင်သွားလည်ချင်ပါတယ်။

ကိုယ်လည်း သွားချင်နေခဲ့တာ၊
မရောက်ဖြစ်သေးဘူး၊
သိပ်လှတယ်၊
သိပ်အေးချမ်းမယ်ဆိုတာ ခံစားမိပါတယ်။

နောက်တခါသွားရင် လက်တို့ပါနော်.. လိုက်ချင်တယ်.. ;)

မမရေ...သိတဲ့အတိုင်း ဂျင်းကတော့ နေမကောင်းတာနဲ့ကိုပဲ အဲဒီခရီးကို အပြည့်အ၀မခံစားနိုင်ခဲ့ရဘူး....မမပြောသလို နောက်တစ်ကြိမ် Free & Easy သွားချင်ပါသေးတယ်။

သြ ကျေးဇူးတင်လိုက်တာ... ဒီပို့စ်လေးဖတ်ရတာ ရင်အေးတယ် လန်းဆန်းသွားတယ်၊ မဇွန်... မြင်တတ် ခံစားတတ်လို့ ပျော်စရာကောင်းသွားတာသိလား