သြော်... မဲလ်ဝဲလား ... ရှိတယ်

Category:


ခုတလော အလုပ်တွေများပြီး အချိန်တွေလုနေရတုန်း မဲလ်ဝဲကိစ္စက ပေါ်လာတယ်။ မိတ်ဆွေဘလော့ဂါတွေ အသီးသီးရှင်းလင်းရေးလုပ်နေချိန်မှာ ဇွန်မိုးစက်တစ်ယောက် ဘလော့ဂ်ဘက်ခြေဦးကို မလှည့်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ဘလော့ဂ်ကို ပစ်ထားလိုက်ရတယ်။ ဒီလိုကိစ္စမျိုးမှာ ကိုယ့်ဘလော့ဂ်လည်း သိသိသာသာ  effect ဖြစ်လိမ့်မယ်ဆိုတာ တွေးမိတယ်။ အခြားသူတွေလိုပဲ ကိုယ့်လင့်ခ်လေးပြန်ထည့်ကြည့်တော့ မဲလ်ဝဲရှိနေတာပါပဲ။ ကိုယ့်ဘလော့ဂ်မှာရှိတဲ့ တစ်ခြားလင့်ခ်တွေကိုလည်း ဒီလိုပဲ လိုက်ထည့်ကြည့်မိတော့ မဲလ်ဝဲကင်းတဲ့ဘလော့ကကင်း၊ မကင်းတဲ့ဘလော့က ရှိနေတာပါပဲ။ ဘလော့ဂ်စပေါ့မှဖြစ်တာလားထင်ပြီး ဒေါ့ကွမ်းတွေကို စစ်ကြည့်တော့လည်း ရှိနေတာပါပဲ။ တစ်ပတ်လောက်အကြာမှာ အရင်ကင်းသွားတဲ့ ဘလော့ဂ်တစ်ချို့ကို ပြန်ထည့်ပြီး စစ်ကြည့်တော့ တစ်ချို့က ပြန်ရှိနေတယ်။ ဒါကြောင့် လင့်ခ်တွေဖြုတ်လိုက်ရုံ၊ ပို့စ်နဲ့ ကော်မန့်တွေ ဖြုတ်ထားလိုက်ရုံနဲ့ မဲလ်ဝဲထာဝရကင်းစင်သွားပြီလားဆိုတာကို သံသယ၀င်မိတာ အမှန်ပဲ။ ပြန်ချိတ်ရင် မဲလ်ဝဲပြန်ရှိမယ့် သဘောပဲလို့ ထင်ပါတယ်။ 

ကိုယ့်အမြင်အရ blogspot က Google က provide လုပ်ထားတဲ့ feature တစ်ခုဆိုတော့ blogspot တွေအားလုံး  malware effect ဖြစ်ပြီး blacklist ထဲရောက်သွားမယ့်အဖြစ်မျိုးကို Google က လက်ပိုက်ပြီး ကြည့်နေလိမ့်မယ်လို့တော့ မထင်ပါဘူး။ blogspot user သန်းနဲ့ချီရှိနေတော့ အဲလိုသာဖြစ်မယ်ဆိုရင် Google အတွက်လည်း  နစ်နာထိခိုက်မှုတွေ ရှိလာမှာ အမှန်ပါပဲ။ ဘယ်အရာမှ မဖြစ်ပါဘူးလို့ မပြောနိုင်၊ မယုံကြည်နိုင်ပေမယ့် လောလောဆယ်တော့ Google ကို ယုံကြည်ပြီး blogspot လေးနဲ့ ချီတက်နေဦးမှာပါ။ 

ဒါပေမဲ့ ကိုယ့်ဘလော့ဂ်လေး  မဲလ်ဝဲစွဲလို့ အပယ်ခံဘလော့ဂ်အဖြစ် ရောက်ရမှာမျိုးကိုလည်း မကြုံချင်တော့ ရှားပါးတဲ့ အားလပ်ချိန်ထဲကနေပဲ  စိတ်မကောင်းစွာနဲ့ လင့်ခ်တွေ၊ ပို့စ်နဲ့ ကော်မန့်တွေဖြုတ်ပြီး မဲလ်ဝဲကင်းစင်ကြောင်း သက်သေယူလိုက်ရပါတယ်။ အားလုံးကို ပြန်ချိတ်ပေးမှာပါ။ အားလုံးပြန်ချိတ်ပြီးလို့ နောက်တစ်ခါ ထပ်စစ်လို့ မဲလ်ဝဲ ဖြစ်နေပါတယ်ဆိုရင်တော့လည်း မဖြုတ်တော့ဘဲ ဒီအတိုင်းထားလိုက်မယ်လို့ စိတ်ကူးတယ်။ စစ်လိုက်၊ ပြန်ဖြုတ်လိုက်၊ ကင်းစင်ကြောင်းသက်သေယူလိုက်နဲ့ အဲ့ဒီ့အတွက်ကို ခဏခဏ အချိန်မပေးချင်၊ မပေးနိုင်လို့ပါ။ အဲဒီ့အခါ ကိုယ့်ဘလော့ဂ်လေးကို မချိတ်ဘူး၊ ဖြုတ်မယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ လာဖတ်မယ့်သူမရှိတော့ရင်လည်း ကိုယ့်ပို့စ်ကို Word ထဲမှာပဲရိုက်ပြီး သိမ်းထားလိုက်တော့မယ်။ တကယ်လို့များ Sucuri ကသာ အခကြေးငွေမယူဘဲ မဲလ်ဝဲအားလုံး သန့်စင်အောင် လုပ်ပေးနိုင်တယ်ဆိုရင်တော့ သူ့စစ်ချက်နဲ့ရလဒ်ကို အကြွင်းမဲ့ ယုံကြည်မိမလားဘဲ။ ခုတော့.... သူ့ကိုလည်း ကိုယ်သိပ်မယုံဘူးလားလို့။


ဇွန်မိုးစက်

Update: မဲလ်ဝဲ၊ Sucuri နဲ့ ပတ်သက်ပြီး အမြင်ချင်း အတွေးချင်းတူနေတဲ့ ကိုညီလင်းသစ်ရဲ့ပို့စ် ပါ။

Comments ( 7 )

ှSucuri ကို မယုံတဲ့ အထဲမှာ ကျနော်လည်းပါတယ်၊

ပထမ ကျနော့်ဘလော့ဂ်ကို စစ်တယ်၊ ထုံးစံအတိုင်း ရှိနေတယ်၊ အနီရောင်ပြထားတဲ့ ကွန်မန့်တွေပဲ ရွေးပြီး ဖြုတ်လိုက်တယ်၊ ပြန်စစ်တယ်၊ ကျနော့်ဘလော့ဂ်လေး စိမ်းသွားတယ်၊ အိုကေ..၊ ခဏကြာတော့ စမ်းချင်စိတ် ပေါ်လာတာနဲ့ ခုနက ဖြုတ်ထားတဲ့ ကွန်မန့်တွေ ပြန်ထည့်ကြည့်တယ်၊ တစ်ခုထည့်၊ တစ်ခါစစ်၊ မဲလ်ဝဲ မရှိ၊ နောက်တစ်ခုထည့်၊ နောက်တစ်ခါစစ်၊ မဲလ်ဝဲမရှိ၊ ဒီလိုနဲ့ ဖြုတ်ထားတဲ့ လင့်ခ်တွေနဲ့ ကွန်မန့်တွေကို ၁၀ မိနစ် အကြာမှာ အားလုံးပြန်ထည့်ပြီးလို့ အပြီးသတ် စစ်ကြည့်တော့ မဲလ်ဝဲ မရှိပါတဲ့၊ ခုနကတော့ အဲဒါတွေက မဲလ်ဝဲဆိုပြီး သူပဲ ပြောနေပြီးတော့...၊

နောက်တစ်ရက်မှာ ထပ်စစ်တော့ မနေ့က ပြန်ထည့်ထားတဲ့ ကွန်မန့်အချို့က မဲလ်ဝဲ-တဲ့၊ နီနေပြန် တယ်၊ ဒီတစ်ခါတော့ နောက်တမျိုး စမ်းချင်တာနဲ့ အဲဒီ မဲလ်ဝဲဆိုတဲ့ ကွန်မန့်တွေ ထားခဲ့တဲ့ မူလ ဘလော့ဂ်တွေ ကို လိုက်ကြည့်လိုက်တော့ အားလုံးက စစ်ထားကြပြီး ကင်းရှင်းကြောင်း အထောက်အထားလေးတွေ တင်ထား ကြတယ်၊ အဲဒီဘလော့ဂ်လင့်တွေကို Sucuri ထဲ တစ်ခုချင်းစီ ထည့်ပြီး စစ်ကြည့်တယ်၊ အားလုံး မဲလ်ဝဲ ဖရီးပါပဲ၊ ဒီဘလော့ဂ်တွေကို မယုံလို့ မဟုတ်ပါဘူး၊ Sucuri ဘယ်လောက် သေချာသလဲ သိရအောင် သက်သက်ပါ၊ ကျနော့်ရဲ့ သံသယတွေ ပိုခိုင်မာ သွားပြန်တယ်၊ အဲဒီ ဘလော့ဂ်တွေက သူတို့စစ်လည်း မဲလ်ဝဲဖရီး၊ ကျနော်စစ်လည်း မဲလ်ဝဲဖရီး ဖြစ်နေပါလျက်နဲ့ သူတို့လာထားတဲ့ ကွန်မန့်က ဘာဖြစ်လို့ မဲလ်ဝဲလို့ ပြနေရတာလဲ၊ ကျနော် လုံးဝ နားမလည်သလို ဘဝင်လည်း မကျဘူး၊ ဒါနဲ့ Sucuri ရဲ့ ဘလော့ဂ်ကိုရော၊ ဝက်ဘ်ဆိုဒ်ရဲ့ support team ကိုရော စာရေးပြီး ဖြေရှင်းချက် တောင်းတယ်၊ တပြိုင်နက်ထဲမှာ ဂူးဂဲလ်ကိုလည်း ဒီအကြောင်းစာရေး ပြီး မေးကြည့်မိတယ်၊ ဒီနေ့ဒီအချိန်အထိ Sucuri က ဘာစာမှ မပြန်ဘူး၊ ဘလော့စပေါ့ကတော့ ပြန်လာတယ်၊ ခပ်တိုတိုပဲ၊ သူတို့ရဲ့ Terms of Service ကို မချိုးဖောက်ရင် ဘယ်ဘလော့ဂ်မှ မဖျက်ပါ-တဲ့၊

အဲဒီနောက်ပိုင်းမှာ ကျနော့်ဘလော့ဂ်ကို backup လုပ်လိုက်ပြီး ဘာကွန်မန့်၊ ဘာလင့်ခ်မှ မဖျက်တော့ဘူး၊ Sucuri မှာလည်း သွားမစစ်တော့ဘူး၊ ကွန်မန့်က နဲနဲ
ရှည်သွားလို့ ဆောရီးပါဗျာ၊ ကိုယ်နဲ့ တွေးပုံတူတာ တွေ့လို့ ရေးလိုက်တာပါ၊ အသေးစိတ်ကို ကျနော့်ဘလော့ဂ် မှာလည်း ရေးထားပါတယ်၊

ကိုယ်လည်း မဆင်မခြင် ရှင်းလိုက်မိတယ်။ ပို့စ်တွေတောင် ရှေ့နောက် ပြောင်းပြန်ဖြစ်ကုန်တယ်။ ကွန်မန့်တွေ ကော်ပီကူးထည့်မိလို့ ရှည်လျားထွေပြားပြီးတော့။

နောက်ဆုံး စစ်ထုတ်လိုက်တော့ recent comments ကို side bar မှာ တင်ရင် ရှိတယ်လို့ ပြတယ်။ ဖြုတ်လိုက်ရင် မရှိဘူးလို့ ပြတယ်။

ရှိချင်ရှိ မရှိချင်နေ တင်ထားလိုက်တယ်။

အင်းလေ၊
ဖြစ်ချင်ရာဖြစ်၊
ရေးချင်လို့ ရေးတဲ့ဟာကို၊

ဘာလဲ ဘလိုက်လစ်စ်၊
စစ်တော့ ကြည့်လိုက်ပါတယ်၊ အစကတော့ အနီရောင်၊ အခုတော့ ဘယ်ခါ ရှင်းရှင်း စိမ်းနေပါပြီ၊
ဘလော့ဂ်စာရင်းတွေကို ဖျက်လိုက်တော့မှ ဘလောဂ့်ရဲ့ အရေးကြီးတဲ့ အပိုင်းဆိုတာ သိလိုက်တယ်၊ သူများတွေ ရေးတာကို မသိရတော့ တကယ်ကို တမျိုးလိုနေတာ၊
အခုတော့ ဖတ်ချင်တာတွေကို ၀ဲလ်ကင်းလားမကင်းလား မသိ ပြန်ချိတ်ထားလိုက်ပြီ၊
ကိုယ်လည်း သိပ်အယုံအကြည် မရှိဘူး၊ နားလည်လို့တော့ မဟုတ်ပါဘူး၊

ဟုတ်ပ အစ်မရယ်....ဒီဝဲကတော်တော်လေးကို ကသိကအောက်ပါပဲ...blog လောကလည်း ချောက်သွေ့တောင်သွားတယ်...ခုတော့ နည်းနည်း ငြိမ်သွားသလိုပဲ :)

ခင်တဲ့(ဖိုးကြယ်)

အစ်မလဲ Sucuri ကို သံတယရှိတယ်။ ဘာလို့လဲ မမေးနဲ့ ပထမနေ့ စ စစ်ကတည်းက စိတ်ထဲမှ တစ်မျိုးကြီး။ ဟုတ်မှ ဟုတ်ပါ့မလားပေါ့။
ခုကိုညီလင်းသစ်နဲ့ ဇွန်တို့ရဲ့ ပို့စ်နဲ့ ကွန့်မန့်တွေ ဖတ်ပြီး အချိန်ရရင် လင့်ခ်တွေပြန်ချိတ်တော့မယ်။

ဘလော့ဂ်စပေါ့က သူ့ရဲ့ terms and conditions တွေ မဖောက်မချင်း ဘလော့ဂ်ကို မပိတ်ပါဘူး ပြောပြီးပြီပဲဗျာ။ဘာပူစရာရှိလဲ။

အိုကေ...မမ....အရင်ကတော့ ဂျင်းက စိတ်ပူသွားတာ...ဘာမသိညာမသိနဲ့ အကုန်ဖြုတ်ချပစ်လိုက်တာ....ဒါပေမယ့် ဂျင်းသိချင်တဲ့အချက်ကို ဒီပိုစ့်ကနေရပြီ။ ၀ဲစွဲချင်စွဲ မစွဲချင်နေတော့ လင့်အကုန်လုံးကိုပြန်ချိတ်ထားလိုက်တော့မယ်။ စစ်လည်းမစစ်ချင်တော့ဘူး။ ပြန်လည်းမဖြုတ်တော့ဘူး။း))

ချစ်တဲ့
ဂျင်း

ဒီအကြောင်းတွေ လုံးလုံးဝဝကို မသိလိုက်ပါကြောင်း :P