ခုတလော (တဂ်ပို့စ်မဟုတ်ပါ)

Category:

ကိုယ့်ကို ဘယ်သူမှ တဂ်မထားပါဘူး။ ဒါပေမယ့် ခုတလော စာရေးချင်စိတ်ပျောက်နေတယ်လို့ ပြောချင်လို့ပါ။ ရုံးကပြန်လို့ အိမ်ရောက်ရင် စာတွေရေးမယ်ရေးမယ်ဆိုပြီး တကယ်တမ်းအိမ်ပြန်ရောက်တော့ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး။ တီဗွီကြည့်တယ်၊ စာဖတ်တယ်၊ ဖုန်းပြောတယ်။ ရေးချင်တာတွေ၊ ရေးစရာတွေ ရှိနေပေမယ့် ဘာဖြစ်လို့ ဖြစ်မှန်းမသိအောင် စာရေးဖို့နှောင့်နှေးနေတာ။ စာနှစ်ပုဒ်လောက်ချရေးဖြစ်ပေမယ့် တစ်ပိုဒ်စနှစ်ပိုဒ်စရေးပြီးရင် အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့ ပို့စ်အသစ်တွေဖြစ်မလာဘဲ draft နဲ့ပဲ အဆုံးသတ်သွားတယ်။ 

အရင်က ကိုယ့်သူငယ်ချင်း laptop နဲ့ယူသုံးပြီးရေးခဲ့တာ။ တလောက IT Show မှာ ကိုယ့်စိတ်ကြိုက် စက်ကလေးတစ်လုံးဝယ်ပြီးကာမှ ရေးမယ်ရေးမယ်အားခဲထားသမျှ လက်တွေ့မှာမရေးဖြစ်တာ နည်းနည်းထူးဆန်းနေ သလိုပဲ။  ဟုတ်တယ်...ခုလည်း ရေးချင်စိတ်သိပ်မရှိသေးဘူး။ 

ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 6 )

တို့လဲအခုတစ်လော သိတ်မရေးချင်ဘူး ရေးပြီကာမှ publish လုပ်ခါနီးရင် ဟိုဟိုဒီဒီနဲ့ညိမလားဆိုပြီးပြန်ပြန်ဖျက်ပြစ်ရတာအခါခါ။ ဖတ်ချင်စိတ်ပါ ကျနေတယ်။အခုတစ်လော ဖတ်တဲ့နူံပါကျလာတယ။်

ဇွန် ပြန်သွားပြီ ထင်နေတာ။

ကိုယ်လဲပဲ ပြန်လာပြီးမှ သိပ်တောင်မဖတ်ဖြစ်တော့ဘူး။ ရေးတာကတော့ ဓါတ်ပုံတွေကြည့်ရေးနေမိသေးတယ်။

ဘာလေး ဖြစ်ဖြစ် ရေးလိုက်ပါ ဇွန်....း)

ဟုတ် မမ မိုးလည်း မနဲ့ တူနေတယ် ရေးလိုက် ဖြတ်လိုက်နဲ့လေ
ဆက်ရေးပါ နော်
သာယာချမ်းမြေ့ပါစေနော်
မိုး

မရေးဖြစ်တဲ့ မရေးချင်တဲ့ အကြောင်း
ကဗျာ တစ်ပုဒ်ရေးဖြစ်သေးတယ်..

ငါ့ကဗျာကို လက်ရသိမ်းပိုက်ထားတဲ့မြို့ တဲ့

မရေးဘူးမရေးဘူးနဲ့...တော်တော်ရေးလိုက်တာဘဲ...ဟီး...