အလွဲများနဲ့ စနေသား ကိုမိုးကုတ်သားအတွက် မွေးနေ့အမှတ်တရ

Category: ,

မှတ်မှတ်ရရ လွန်ခဲ့တဲ့ ၃နှစ်က ဆံပင်ကောက်ကောက်၊ မျက်လုံးမမှေးတမှေး၊ အောက်နှုတ်ခမ်းထူထူနဲ့ ခင်မင်စရာ ကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ၃၃နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်ခဲ့ရပါတယ်။  သူကိုယ်တိုင်လုပ်ကျွေးတဲ့ ရှမ်းခေါက်ဆွဲ (ကောင်းမှကောင်း) ကိုလည်း စားခွင့်ကြုံခဲ့ရပါတယ်။ ခုတော့ အဲဒီအစ်ကိုကြီးက ဘလော့ဂါ မောင်နှမတွေကြား ရေပန်းစားပြီး ခင်မင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ကိုမိုးကုတ်သားဖြစ်နေပါပြီ။ မစွံသေးတဲ့ ကိုလူပျိုကြီးရဲ့ ၃၆နှစ်မြောက် မွေးနေ့အတွက် ဇွန်မိုးစက်အကြိုက် ကဗျာနှစ်ပုဒ်၊ စာနှစ်ပုဒ်ကို မွေးနေ့အမှတ်တရ အတွက်ရော ခင်မင်မှု ၃နှစ်ပြည့် အမှတ်တရအတွက်ပါ ပေါင်းပြီး ဖော်ပြပေးလိုက်ပါတယ်။ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံသော မွေးနေ့မင်္ဂလာဖြစ်ပါစေလို့ အဝေးရောက်ဇွန်က ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ကိုမိုးကုတ်သား ဟိုးအရင်က ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲက အကြိုက်ဆုံး တစ်ပုဒ်ပါ။ “အိပ်မက်ချိန်” တဲ့။ ဇွန်က ကလေးဆန်တယ်ပဲဆိုဆို အဲသည့်ကဗျာလေးဖတ်မိမိခြင်း သိပ်ကြိုက်သွားလို့ တစ်ခါတည်း ကူးယူထားလိုက်ပါတယ်။ ဇွန့်အတွက်တော့ သိပ်ချစ်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ။း)


အိပ်မက်ချိန်

ချစ်ခြင်းဆိုတဲ့ နယ်မြေမှာ

မြတ်နိုးခြင်းတွေကို

ထွန်ယက်စိုက်ပျိုးခဲ့လိုက်တာ၊

သုံးရာသီပြောင်းတဲ့ထိတိုင်ပေါ့။

အလွမ်းတွေကို ရိတ်သိမ်းနေရတာနဲ့တင်

မောလွန်းလှလို့ ထင်ရဲ့

နှလုံးသားဟာ အိပ်မောကျသွားလိုက်တာ

ခုချိန်ထိ မနိုးတော့ဘူး။

----------------------------


ဒုတိယကဗျာက ဒီနှစ် မတ်လပိုင်းကမှ တင်ထားတာပါ။ ဖွဲ့ဆိုထားပုံလေးကို သဘောကျမိလို့။း)


“ တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ
   ကိုယ်က..
မင်းရဲ့ညတွေမှာ လင်းဖြာခွင့်မရတဲ့ လရောင်

ကိုယ်က..
မင်းရဲ့ကောင်းကင်က ဖယ်ရှားခံရတဲ့ နေ့အလင်း

ကိုယ်က..
မင်း ရှောင်ကွင်းသွားချင်တဲ့ မြစ်တစ်စင်းပေါ့။


အဲဒီလို တငြိမ့်ငြိမ့် စီးဆင်းရင်းး

ကိုယ့်ဈာပနကိုယ် ခင်းကျင်း

ဟော့ဒီ ပြာလွင်လွင်ပင်လယ်ခံတွင်းထဲ

(တစ်စတစ်စ) စိမ့်ဝင်ခါးသက်ခဲ့တော့တယ် ။ ။

-------------------------------------------------------
  ကိုမိုးကုတ်သားရေးထားတဲ့ အက်ဆေးကောင်းတွေ အများကြီးရှိပါတယ်။ ဇွန်အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်က “ရနံ့စိမ်း” ပါ။ Publish မလုပ်ခင် ခေါင်းစဉ်မပေးရသေးခင်ကတည်းက ပေးဖတ်လို့ ကြိုက်ခဲ့ရတဲ့ပို့စ်။ နောက်တစ်ပုဒ်က “ကျွန်းများတဲ့ပင်လယ်”။ ချစ်သူတွေထားခဲ့၊ ရှိခဲ့ပေမယ့် မဆုံဖြစ်ခဲ့တဲ့ အကြောင်းတွေကို အရင်းအတိုင်း ရေးပြထားလို့ နှစ်သက်မိတဲ့ စာတစ်ပုဒ်ပါ။ :D

ပို့စ်က ရှည်နေတာရယ်၊  schedule လုပ်ပြီး တင်ခဲ့တာဖြစ်တဲ့အတွက် copy and paste လုပ်ပြီး ပြန်တင်ပေးလိုက်ရင် template မတူတာကြောင့် spacing အနေအထားတွေ လွဲကုန်ပြီး ကြည့်ရမကောင်းမှာစိုးလို့ link ပဲ ပေးလိုက်နိုင်ပါတယ်။

ယခုနှစ်မွေးနေ့မှစ၍ အသက်ရှင်နေသမျှ ကာလပတ်လုံး အမျိုးမျိုးသော လွဲချော်မှုများမှ ကင်းဝေးပါစေလို့ ညီမငယ် ဇွန်မိုးစက်မှ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်။း) 


ဆန္ဒမွန်များစွာဖြင့်
ဇွန်မိုးစက်

Comments ( 7 )

၃၆နှစ်ကျော်ရင် စွံမယ်တဲ့ ဗေဒင်က

ဝုတ်တယ်..ဝုတ်တယ်

စွံတော့မယ်တဲ့..


ပြောကြတာပဲး)

စိန် ဟောတဲ့ ဗေဒင်ပဲ နေမှာ.....

ကျုပ် တော့ မထင်...ဟင်..ဟင်....

အမှတ်တရ ပို့စ်အတွက် ကျေးဇူးပါ ညီမရေ...

အလွဲတွေနဲ့ မှ ကျွန်တော်က ကျွန်တော် ပီသနေမှာ ဆိုတော့လဲ....
လွဲလွဲလေးပဲ ကောင်းပါလိမ့်မယ်ဗျာ...

:-P

ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ပြန်ခရီးလေး ဖြစ်ပါစေ

အမယ်လေးနော်
လွဲနေတာကို သဘောကျနေလိုက်တာ ဒီမှာ အကိုကြီးဆုံးမိုးစက်ကြီး ဒီတစ်ခါလွဲရင်တော့ သေချာပြီ
လူပျိုကြီး ဟီးဟီး ယနေ့ မွေးနေ့ မှ နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေနဲ့ ဖြတ်သန်းနိုင်ပါစေရှင်း အကိုကြီးလိုချင်တဲ့ ဖြူဖြူချောချောပိန်ပိန်သွယ်သွယ် ယောင်းမလေးကိုလည်းအမြန်လိုချင်ပါပြီ။ ယောင်းမလေး လိုချင်တယ် မြန်မြန်ကြိုးစားတော့ ကိုဘိုကြီးရေးးးးးးးးးးးးးးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

အမြန် စွံစေရန် ဆုတောင်းပေးခဲ့ပါသည်...:D

အယ်...မွေးနေ့ရှင်ကိုတော့ မသိပါဘူး... နောက်ကျပေမယ့်လည်း ဆုတောင်းပေးသွားပါတယ်...ဟက်ပီးဘာဒ့်ဒေးပါလို့...၃၆နှစ်ဆိုတော့ စွံသင့်ပါပြီ...မြန်မြန်စွံနိုင်ပါစေ (မျက်စိ မဟုတ်ပါ...)