Movie, M1 & Me

Category:

 

Movie ကို ရုပ်ရှင်ရုံမှာ သွားကြည့်ရတာ ကြိုက်တဲ့ကိုယ်နဲ့ M1နဲ့တော့ အလုပ်ကိုဖြစ်လို့။ sg စရောက်ကတည်းက M1 တစ်လိုင်းပဲသုံးတာ ခုချိန်ထိ။ ဘယ်လိုင်းက ဘယ်လိုဈေးသက်သာလို့ ဘယ်လောက်ပရိုမိုးရှင်းပေးပေး M1 ကို ပဲ မပြောင်းမလဲ သုံးစွဲခဲ့သူက ကိုယ်ရယ်ပါ။ Handset ကျတော့လည်း Model သာ ပြောင်းချင်ပြောင်းမယ်။ Nokia တစ်မျိုးပဲ ကိုင်တယ်။ တစ်ခုဆိုတစ်ခု မပြောင်းမလဲဘဲ သုံးစွဲတတ်တာ ကိုယ့်အကျင့်ကိုး။ 

Point တွေ စုစုထားပြီး redeem လုပ်တဲ့အခါ movie ticket ကိုပဲ claim လုပ်ပါတယ်။  ရုပ်ရှင်ကြည့်ရတာ နှစ်သက်ပေမယ့် တစ်စောင် $10 အကုန်ခံပြီး အမြဲတမ်းလည်း မကြည့်နိုင်တော့ ကိုယ်အရမ်းကြည့်ချင်တဲ့၊ ကောင်းနိုးရာရာ ရုပ်ရှင်ကား တစ်ချို့တစ်လေလောက်သာ ရုံမှာသွားကြည့်ဖြစ်တယ်။ 

ပွိုင့် ၁၅၀၀ဆိုရင် လက်မှတ်နှစ်စောင်ကို ကိုယ်ကြိုက်တဲ့ကား၊ ကိုယ်ကြိုက်တဲ့နေ့ရက်အချိန်၊ ကိုယ်ကြိုက်တဲ့ seat ကိုရွေးပြီး ကြည့်လို့ရပေမယ့် ပွိုင့် ၄၀၀ နဲ့ လက်မှတ်နှစ်စောင်ဆိုရင်တော့ သူတို့ပြတဲ့ကား၊ သူတို့ပေးတဲ့ ရက်နဲ့အချိန်မှာပဲ ကြည့်လို့ရပါတယ်။ redeem လုပ်ရမယ့်နေ့တစ်နေ့ကို တစ်ပတ်ကြိုပြီး အွန်လိုင်းမှာ သတ်မှတ်ပေးပါတယ်။ အဲဒီ့နေ့မှာ သတိတရနဲ့ စောစော redeem နိုင်သူက နေရာကောင်းကောင်း ရပါတယ်။  ဦးသူစနစ်ပေါ့။ ညနေပိုင်းလောက်မှာမှ လုပ်မိရင် ပိတ်ကားနဲ့အနီးဆုံးနေရာပဲ ရပါတော့မယ်။ 

တစ်လတစ်ကား ပုံမှန် တင်ပေးပါတယ်။ ကိုယ်နဲ့ ကိုယ့်မောင်လေးနှစ်ယောက်စလုံးဘီလ်က ကိုယ့်နာမည် တစ်ခုတည်းအောက်က သွားတာဆိုတော့ ဘီလ်နှစ်ခုပေါင်းပြီး  သုံးလတစ်ခါလောက် ပွိုင့် ၄၀၀ ရှိတတ်ပါတယ်။ ပထမဆုံး redeem လုပ်တုန်းက ပွိုင့် ၁၅၀၀ နဲ့ Transformer 2 ကြည့်ဖြစ်တယ်။ နောက်ပိုင်း ပွိုင့် ၁၅၀၀ ပြည့်အောင် မစောင့်နိုင်တော့ ပွိုင့် ၄၀၀ ရတာနဲ့ claim လုပ်လိုက်တာပဲ။ ကားကြီးကားကောင်းတွေ မဟုတ်သည့်တိုင်အောင် 3 stars အဆင့်ရှိ အလယ်အလတ် ကြည့်ကောင်းတဲ့ ကားတွေများပါတယ်။ Pre-show သဘောမျိုးဆိုတော့ ရုံမတင်ခင် ဦးဦးဖျားဖျား ကြည့်ရတာ တစ်ခုသာတယ်။ 

နိုဝင်ဘာတုန်းက A Christmas Carol၊ မတ်လမှာ Green Zone နဲ့ ခုမေလ (မနက်ဖြန်) မှာ The Last Song ။ တော်သေးတာပေါ့... HSBC မှာ  Credit Card လျှောက်လို့ မရပေလို့သာပဲ။ နိုမို့ရင် GV နဲ့ Cathay တစ်လှည့်စီ movie တွေ  လိုက်ကြည့်နေရတာနဲ့ ဘလော့ဂ်တောင် ကောင်းကောင်းဂင်းနိုင်မှာ မဟုတ်ဘူး။ :D

ဒီတစ်ခါ ကိုယ်နဲ့အတူ ရုပ်ရှင်ကြည့်ဖော်ကြည့်ဖက် ဘယ်သူလဲလို့ မမေးကြေး။ :P


ဇွန်မိုးစက်

Comments ( 11 )

မမေးနဲ့ဆိုမှ မြင်ယောင်လာသလိုပဲ။

ဟိဟိ

မသိပဲ ရမ်းပြောတယ်မှတ်။

ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့ အရသာကို မကြိုက်ဘူး။

ရုပ်ရှင်တော့ကြိုက်တယ်။

ဒါပေမယ့် လူများများစုသွားပြီး ဝေးလားဝါးလားလုပ်ရတာကိုတော့ကြိုက်တယ်။ ပြီးရင် ရုပ်ရှင်ဘာကားမှန်းဆိုတာမသိလိုက်ဘူး။

ဒါပေမယ့်ရုပ်ရှင်မက်တဲ့အထဲမှာ ကျနော်ပါတယ်။ တစ်ယောက်တည်းကို ကြည့်တတ်တာ။

မမေးဘူး၊ မမေးဘူး။ ထင်ချင်ရာထင်လိုက်ပါ့မယ်။ ခွိ။

ဘယ်သူလည်းဟင်.. ဇွန်???? :P

စိတ်ချ လုံးဝမမေးဘူး

မမေးနဲ့ဆိုမှ မေးဖို့ သတိရသွားတာ။

မမေးနဲ့ဆို ထင်ချင်သလို ထင်ပစ်လိုက်မှာနော် .. ဟွင်းဟွင်း .. :P

ဒီလိုကြေးလား...
အော် M1 က ရုပ်ရှင်လက်မှတ်တွေ အဲ့လိုရတယ်လားး)

မမနော် အမြန်နှုန်းနဲ့ ပြေးနေပြီပေါ့  တစ်ပတ်ပဲမတွေ့ တာ ဒီလောက်ပြောင်းသွားပြီလားဟင်းp
ရုပ်ရှင်ဆိုလို့ စလုံးမှာ ရှားရှားပါးပါးတစ်ခါတည်းပဲကြည့်ဖူးပါတယ်အမရယ် မျက်မှန်ကြီးတပ်ပြီးတော့လေ 3D ဆိုလား 4Dဆိုလားပဲ
သာယာချမ်းမြေ့ပါစေနော်
မိုး

အဲဒီလိုလေး ရီဒင်းလုပ်ပြီး တခုခုရတာ ပျော်စရာ တမျိုးနော်၊
The last song လေးကို စိတ်ဝင်စားတယ်၊
ဒါပေမယ့် အိုင်ပီမင်းပဲ ကြည့်ဖြစ်လိုက်တယ်။

အော...ဂလိုလားးးးးးးးးးး
မမေးစေချင်တာများ မမေးဘောင်....
နောက်မှ လာမပြောပြနဲ့ ဟွန်းးးးးးးးးး (ကောက်သွားပါသည်)

ဂျင်ဂျင်း

အိုကေ အိုကေ.. သူများလာမေးရင် ကိုယ်ပါ လို့မပြောတော့ဘူး..