Showing posts with label Song. Show all posts
Showing posts with label Song. Show all posts

အချစ်နှစ်ထောင်ပေါင်းများစွာ

6

Category:

နှလုံးခုန်နှုန်းမြန်ဆန်နေ
အရောင်အသွေးများနဲ့ကတိက၀တ်တွေကြား
အရာရာကို ရင်ဆိုင်သတ္တိမွေးလို့
စိုးရွံ့စွာနဲ့ချစ်တတ်ဖို့ရာ ကြိုးစားနေတုန်း…
မင်းကိုကြည့်မိတဲ့ အခိုက်တန့်လေးမှာပဲ
သံသယအားလုံး ရုတ်တရက် ပျောက်ဆုံးသွားခဲ့

တစ်လှမ်းချင်း… နီးကပ်လာခဲ့ပြီ…

မင်းကိုစောင့်နေရင်းနဲ့ ကိုယ်ဟာ နေ့စဉ်နေ့တိုင်း သေဆုံးခဲ့
အချစ်ရေ… မကြောက်စမ်းနဲ့
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

ပြီးပြည့်စုံသော သူမရဲ့အလှတရားများကြောင့်
အချိန်ကာလလည်း မရွေ့တော့ 
ကိုဟာ သတ္တိတွေရှိလာခဲ့ပြီ...
ကိုယ့်ရှေ့မှောက်မှာ ရပ်နေတဲ့အရာတစ်ခု
ဘယ်သူကမှ ယူသွားခွင့်မရစေဖို့ ...
နာရီစက္ကန့်တိုင်းဝင်သက်ထွက်သက်တိုင်းဟာ
ဒီအချိန်လေးအတွက် ရောက်လာခဲ့တယ်

တစ်လှမ်းချင်း… နီးကပ်လာခဲ့ပြီ...

မင်းကိုစောင့်နေရင်းနဲ့ ကိုယ်ဟာ နေ့စဉ်နေ့တိုင်း သေဆုံးခဲ့
အချစ်ရေ… မကြောက်စမ်းနဲ့
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

မင်းကိုရှာတွေ့ဖို့ရာ
ဘ၀တစ်လျှောက်လုံး စွဲမြဲစွာနဲ့ ယုံကြည်ခဲ့တယ်
မင်းရဲ့နှလုံးသား ကိုယ့်ဆီအရောက်လာဖို့
အချိန်ကာလက ဆောင်ကြဉ်းပေးခဲ့တယ်
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

တစ်လှမ်းချင်း… နီးကပ်လာခဲ့ပြီ...

တစ်လှမ်းချင်းပဲ… နီးကပ်လာခဲ့ပြီ...

မင်းကိုစောင့်နေရင်းနဲ့ ကိုယ်ဟာ နေ့စဉ်နေ့တိုင်း သေဆုံးခဲ့
အချစ်ရေ… မကြောက်စမ်းနဲ့
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ

မင်းကိုရှာတွေ့ဖို့ရာ
ဘ၀တစ်လျှောက်လုံး စွဲမြဲစွာနဲ့ ယုံကြည်ခဲ့တယ်
မင်းရဲ့နှလုံးသား ကိုယ့်ဆီအရောက်လာဖို့
အချိန်ကာလက ဆောင်ကြဉ်းပေးခဲ့တယ်
ကိုယ်ဟာ မင်းကို ချစ်မိခဲ့တာ နှစ်ထောင်ပေါင်းများစွာ
မင်းကို ချစ်နေဦးမှာ အဆပေါင်း ထောင်သောင်းမကပါ…။

တေးဆို - ခရစ္စတီးနားပယ်ရီ
တေးရေး - ဒေးဗစ်ဟာ့ဂျက်စ်၊ ခရစ္စတီးနားပယ်ရီ

--------------------------------------------------------------------------------------------------------------------------------------------------
Twilight Saga Breaking Dawn – Part I ထဲက ဇာတ်ဝင်သီချင်းလေးကို အရမ်းကြိုက်လို့ ဆီလျော်အောင် ကြိုးစားပြီး မြန်မာလို ပြန်ထားတာပါ။ အမှန်တော့ ဒီသီချင်းလေးကို ဇွန် သေသေချာချာနားထောင်မိတာ အပိုင်း ၂ ဇာတ်သိမ်းပြီး စာတန်းထိုးတဲ့အချိန်ကျမှပါ။ အပိုင်း ၁ မှာတော့ ခရစ္စတီးနားပယ်ရီတစ်ယောက်တည်း ဆိုသွားပေမယ့် အပိုင်း ၂ မှာ စာသားဖြည့်ထည့်ပြီး စတိဗ်ကာဇီနဲ့ နှစ်ယောက်တွဲဆိုထားပါတယ်။ နှစ်ပုဒ်လုံး ကောင်းပါတယ်။ သီချင်းလေးနဲ့ ခရစ္စတီးနားအသံနဲ့ အရမ်းလိုက်ဖက်မှု ရှိတယ်လို့ ခံစားရပါတယ်။ သူ့နေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်တောင် အဲလောက်နားထောင်လို့ ကောင်းချင်မှ ကောင်းမှာလို့ ဇွန် တွေးမိပါတယ်။ မူရင်းအင်္ဂလိပ်သီချင်းစာသားရော၊ You Tube က ဗွီဒီယိုလင့်ခ်လေးပါ ထည့်ပေးထားပါတယ်။ ချစ်သူများနေ့အတွက် အမှတ်တရပေါ့။း)

Happy Valentine's Day to you all!


 A Thousand Years


Heart beats fast
Colors and promises
How to be brave
How can I love when I'm afraid to fall
But watching you stand alone
All of my doubt suddenly goes away somehow

One step closer

[Chorus:]
I have died everyday waiting for you
Darling don't be afraid I have loved you
For a thousand years
I'll love you for a thousand more

Time stands still
Beauty in all she is
I will be brave
I will not let anything take away
What's standing in front of me
Every breath
Every hour has come to this

One step closer

[Chorus:]
I have died everyday waiting for you
Darling don't be afraid I have loved you
For a thousand years
I'll love you for a thousand more

And all along I believed I would find you
Time has brought your heart to me
I have loved you for a thousand years
I'll love you for a thousand more

One step closer
One step closer

[Chorus:]
I have died everyday waiting for you
Darling don't be afraid I have loved you
For a thousand years
I'll love you for a thousand more

And all along I believed I would find you
Time has brought your heart to me
I have loved you for a thousand years
I'll love you for a thousand more

Lyrics by David Hodges, Christina Perri 

"A Thousand Years" 
(from 'The Twilight Saga: Breaking Dawn - Part 1' Soundtrack) 



ဇွန်မိုးစက်

The night of ABBA Cadabra

15

Category: ,




ပြီးခဲ့တဲ့ စနေနေ့က Esplanade Theater မှာ လာရောက်ဖျော်ဖြေတဲ့ ABBA Cadabra ကို သွားကြည့်ဖြစ်ပါတယ်။ ကမ္ဘာကျော် ABBA အဖွဲ့ရဲ့ သီချင်းများကို ပြန်လည်သီဆို ဖြေဖျော်တဲ့ပွဲပါ။ အတူနေသူငယ်ချင်းက ကိုယ်နဲ့ ဇူလိုင်လမှာ ကျရောက်တဲ့ နောက်ထပ် သူငယ်ချင်းတစ်ယောက်အတွက်ပါ ပေါင်းပြီး  မွေးနေ့လက်ဆောင်အဖြစ် လက်မှတ်ဝယ်ပေး ပါတယ်။ သူလည်း အတူတူကြည့်တာပေါ့လေ။ 

ဒုတိယအကြိမ်မြောက် Esplanade မှာ ကြည့်ဖြစ်ခြင်းပါ။ မနှစ်က  အောက်တိုဘာမှာ သူငယ်ချင်းရဲ့ မွေးနေ့လက်ဆောင်အဖြစ် အကပွဲတစ်ပွဲအတွက် လက်မှတ်ဝယ်ပေးရင်း ပထမဆုံးအကြိမ်အဖြစ် Esplanade Theater ထဲမှာ ကြည့်ဖူးသွားပါတယ်။ တကယ်ဆို ကြည့်ချင်တဲ့ပွဲတွေက အများကြီးပါ။ တီဗွီမှာကြော်ငြာလာတိုင်း ဟိုပွဲလည်းကြည့်ချင် ဒီပွဲဆိုလည်းကြည့်ချင်နဲ့ ခဏခဏမကြည့်ဖြစ်တောင်  တစ်နှစ်ကို တစ်ပွဲလောက်တော့ ကြည့်ရအောင်ဆိုပြီး နှစ်ယောက်သား သံဓိဋ္ဌာန် ချထားပါတယ်။

ငယ်ငယ်လေးကတည်းက အရင်ဆုံးရင်းနှီးခဲ့တဲ့ အင်္ဂလိပ်သီချင်းဟာ ABBA ရဲ့သီချင်းတွေဆို မမှားပါဘူး။ အဖေရော အမေပါ သိပ်ကြိုက်ကြလို့ အိမ်မှာခဏခဏ ဖွင့်နားထောင်ဖြစ်ပါတယ်။ ၁၉၈၃ နှစ်မှာ အဖွဲ့ဝင်တွေ လမ်းခွဲပြီးနောက်ပိုင်း ဖျော်ဖြေမှုတွေ မပြုလုပ်တော့တာ ခုချိန်ထိပါပဲ။ ခုလို သူတို့သီချင်းတွေကို ပြန်လည်သီဆို ဖြေဖျော်ပေးနိုင်တဲ့ အဖွဲ့ပေါ်လာတော့ ABBA ပရိတ်သတ်အကြိုက် ဖြစ်သွားပါတယ်။

ABBA Cadabra ဟာ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ကနေ ABBA သီချင်းများကို ကမ္ဘာအနှံ့ လှည့်လည်ဖြေဖျော် အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ စင်္ကာပူမလာခင်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ဖျော်ဖြေခဲ့ကြပါတယ်။ အရင်နှစ်ကလည်း မလေးရှားနိုင်ငံရဲ့ဘုရင်နဲ့မိဖုရား၊ တော်ဝင်မိသားစုဝင်များနဲ့ ၀န်ကြီးချုပ်တို့အတွက် အထူး ဖျော်ဖြေခွင့်ရခဲ့ပါတယ်။ စင်္ကာပူနိုင်ငံကိုတော့ ပထမဆုံးအကြိမ်အဖြစ် လာရောက်သီဆို ဖျော်ဖြေခြင်းပါ။

မူရင်းသီဆိုသူများ မဟုတ်သည့်တိုင် မူရင်းသီချင်းများကို နားထောင်ရသလိုပဲ အဆိုသိပ်ကောင်းကြပါတယ်။  မူရင်းအဖွဲ့လိုပဲ လေးယောက်ပါဝင်ပြီး၊ dancer နှစ်ယောက်၊ violinist တစ်ယောက်တို့က တီးဝိုင်းနဲ့အတူ အားဖြည့်ပေးထားပါတယ်။ ABBA ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ သီချင်းပေါင်း နှစ်ဆယ်ခန့်ကို နှစ်နာရီ(ကျော်)ကြာ အားပါးတရ သီဆို ဖျော်ဖြေသွားကြပါတယ်။ သီချင်းလိုက်ဆိုရင်း ကလို့လည်းရအောင် စင်အောက်နားမှာ နေရာလွတ်ထားပေးပါတယ်။ အဖြူသုံးလေးယောက်ကတော့ သီချင်းလိုက်ဆိုပြီး ထွက်ကကြပါတယ်။

“Mamma Mia” သီချင်းနဲ့ စဖွင့်ပြီး “Thank you for The Music” နဲ့ အဆုံးသတ်ပါတယ်။ ပရိတ်သတ်တွေလည်း ပွဲပြီးသွားတဲ့အထိ လက်ခုပ်သံမစဲ တသဲသဲအားပေးကြပါတယ်။ အားလုံးက ပြီးသွားပြီထင်နေဆဲ ABBA Cadabra အဖွဲ့ စင်ပေါ်ကိုတစ်ခေါက် ပြန်လာပြီး ပရိတ်သတ်အားလုံးကို မတ်တပ်ထခိုင်း၊ သူတို့နဲ့အတူ လိုက်ဆိုလိုက်ကခိုင်းပါတယ်။ အားလုံးကလည်း တညီတညွတ်တည်း မတ်တပ်ရပ်၊ လက်ခုပ်တွေတီးပြီး ကိုယ်တွေယိမ်းလို့ တပျော်တပါး လိုက်ဆိုကကြပါတယ်။ Dancing Queen နဲ့ Mamma Mia ကို တစ်ခေါက်စီထပ်ဆိုပေးသွားပြီး ပွဲစဉ်ကို အဆုံးသတ်ပါတယ်။ သိပ်ပျော်ခဲ့ရတဲ့ ABBA Cadabra Night လို့ ဆိုပါရစေ။

သီဆိုပေးသွားတဲ့ သီချင်းများကတော့

Mamma Mia
Dancing Queen
Knowing Me Knowing You
Money Money Money
S.O.S
Voulez Vous
Fernando
Take a Chance On me
Gimme! Gimme! Gimme!
I Have A Dream
Lay all your Love On Me
I do I do I do
Super Trouper
Chiquititia
Honey Honey
The Name of the Game
Does Your Mother Know
The Winner Takes It All
Waterloo  နဲ့
Thank You for The Music တို့ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ABBA Cadabra အဖွဲ့ စင်္ကာပူကို ထပ်လာဖြစ်ခဲ့ရင် ABBA ပရိတ်သတ်များ သွားကြည့်ကြပါလို့ ဘလော့ဂ်ကနေ တိုက်တွန်းလိုက်ပါတယ်။း)


ဇွန်မိုးစက် 

I See You

3

Category:

ဒီသီချင်းလေးက အခုနာမည်ကြီးနေတဲ့ "Avatar" ရုပ်ရှင်ဇာတ်ကားရဲ့ Theme Song တစ်ပုဒ်ပါ။ ရုပ်ရှင်ပြီးပြီးချင်း end credits မှာ သီချင်းအစပိုင်းခဏလေး နားထောင်လိုက်ရကတည်းက နှစ်သက်မိသွားတာ။ အဲဒီတုန်းက သီချင်းအဆုံးထိနားမထောင်လိုက်ဖြစ်သလို သီချင်းအဆိုရှင်လည်း မဝေခွဲလိုက်နိုင်ပါဘူး။

နောက်တော့ ကိုယ့်မောင်လေးက you tube ကနေ အဲဒီ့သီချင်းနားထောင်နေတယ်ဆိုမှ ကိုယ်လည်း သူပေးတဲ့ link ကနေ ၀င်ကြည့်မိပါတယ်။ ရုပ်ရှင်လည်း ကိုယ်ကအရမ်းကြိုက်ပြီးသား၊ သီချင်းလည်း အစအဆုံးနားထောင်ပြီး ပိုကြိုက်သွားပါတယ်။ ကိုယ့်အကြိုက်ဆုံးသီချင်းတွေစာရင်းထဲမှာ ထိပ်ဆုံးကပါသွားပါပြီ။ ဆိုတဲ့သူကလည်း အဆိုရော အသံပါ ပိုင်နိုင်တဲ့ Leona Lewis ပါ။

ကိုယ့်အတွက်တော့ ရုပ်ရှင်ရော သီချင်းပါ emotionally touch ဖြစ်လို့ သီချင်းလေးနဲ့အတူ ခံစားရအောင် စာသားလေးတွေရှာပြီး တင်လိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူကြည့်ပြီး နားထောင်ရတာက သီချင်းစာသားတွေရဲ့ အဓိပ္ပာယ်ကို ပိုပြီးပေါ်လွင်စေပါတယ်။

အောက်က link မှာ သီချင်းစာသားလေးနဲ့အတူ ခံစားကြည့်နိုင်ပါတယ်။



I See You

I see you
I see you

Walking through a dream
I see you
My light in darkness breathing hope of new life
Now I live through you and you through me
Enchanting
I pray in my heart that this dream never ends

I see me through your eyes
Living through life flying high
Your love shines the way into paradise
So I offer my life as a sacrifice
I live through your love

You teach me how to see
All that's beautiful
My senses touch your word I never pictured
Now I give my hope to you
I surrender
I pray in my heart that this world never ends

I see me through your eyes
Living through life flying high
Your love shines the way into paradise
So I offer my life,
I offer my love, for you

When my heart was never open
(and my spirit never free)
To the world that you have showned me
But my eyes could not division
All the colours of love and of life even more
Evenmore

(I see me through your eyes)
I see me through your eyes
(Living through life flying high)
Flying high
Your love shines the way into paradise
So I offer my life as a sacrifice
And live through your love
And live through your life

I see you
I see you