အဖေ

Category: ,

တစ်ခါတုန်းက အဖေတစ်ယောက်ဟာ အစ်မ၀မ်းကွဲတွေဆိုးပေးလိုက်တဲ့ သမီးငယ်ရဲ့လက်က လက်သည်းနီတွေကို တွေ့တော့ “သမီးကြီးလာရင် ဆရာဝန်မကြီးလုပ်မယ်ဆို၊ ဆရာဝန်လုပ်ချင်တဲ့သူက လက်သည်းအရှည် မထားရဘူး၊ လက်သည်း မဆိုးရဘူး” လို့ပြောတယ်။

ခရီးဝေးအမြဲသွားရတဲ့ အဖေဟာ သမီးလေးဆီ စာရေးပြီး စာကြိုးစားဖို့၊ လိမ္မာအောင်နေဖို့လည်း မှာတတ်တယ်။

ညနေစောင်းတွေမှာ သမီးငယ်ကို သူ့ပုခုံးနှစ်ဖက်ပေါ်တင်ပြီး လမ်းလျှောက်ထွက်တယ်။ အဲဒီ့အချိန်ကို သမီးဖြစ်သူက သိပ်သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ သမီးငယ်ဟာ သူမအရပ်နဲ့ မမြင်တွေ့နိုင်တဲ့ အရာအားလုံးကို အပေါ်စီးကနေ မြင်နိုင်စွမ်းရှိသွားလို့ပါပဲ။

အဖေနဲ့သမီး စနေနေ့မှာ ဖွားမြင်တာချင်းတူသလို၊ ခေါင်းမာတာချင်းလည်းတူတယ်။ သမီးအရွယ်ရောက်လာတဲ့အခါ အဖေနဲ့အမြင်မတူတာ၊ သဘောထားမတိုင်ဆိုင်တာတွေ ရှိလာပေမယ့် အဖေနဲ့သမီးကြားက မေတ္တာတွေ မပျက်ပြယ်ခဲ့ပါဘူး။

သမီးဟာ ဆရာဝန်မဖြစ်ခဲ့ပေမယ့် သူမရဲ့လက်သည်းတွေ ဘယ်တော့မှ မဆိုးဖြစ်ခဲ့ဘူး။

နှစ်ထောင့်ဆယ့်တစ် ဇန်န၀ါရီ နှစ်ဆယ့်ရှစ်မှာ အဖေ့အသက် ၆၁ နှစ်ပြည့်တယ်။ ရပ်ဝေးတစ်နေရာမှာ စီးပွားရှာနေဆဲဖြစ်တဲ့ အဖေတစ်ယောက် ကျန်းမာချမ်းသာ ဘေးအန္တရာယ်ကင်းစေဖို့ သမီးဖြစ်သူက ဆုတောင်းပေးလိုက်တယ်။

“ပျော်ရွှင်မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ ဖေဖေ။ ချစ်သော မိသားစုနှင့်အတူ အသက်ရှည်စွာနေထိုင်ရပြီး လောကုတ္တရာအကျိုးတရားများကို အချိန်မလင့်မီ ကောင်းစွာပွားများအားထုတ်နိုင်သူဖြစ်ပါစေ ဖေဖေ။”


ဆုမွန်ကောင်းများစွာဖြင့်
ချစ်သမီးကြီး

Comments ( 15 )

ဖေဖေ့ ကျေးဇူးဆိုတာ တကယ်ကြီးမားပါတယ်။
နန္ဒာလဲ နန္ဒာ့ဖေဖေကို သိပ်ချစ် သိပ်တန်ဖိုး ထားတယ်။ ဖေဖေကြောင့် နန္ဒာတို့ရဲ့ ဘဝ အေးချမ်းစွာ နေထိုင်ရတာလေ။

မဇွန်နဲ့ နန္ဒာ မွေးတဲ့ နေ့ခြင်းတူပြီး ခေါင်းမာတာခြင်းလည်း တူနေတယ်။ :))

မဇွန်ရဲ့ ဖေဖေ မိသားစုနဲ့အတူ အသက်ရှည်စွာ နေထိုင်ရပြီး အမြဲ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ပါစေ။

ခင်မင်စွာ
နန္ဒာ

မင်္ဂလာမွေးနေ့ပါ မဇွန်ရဲ့ဖေဖေ.. :)

ညီမ ဇွန်... ညီမ ဖေဖေ့မွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာ အသက်ရှည်ပြီး အနာရောဂါကင်းစင်ပါစေလို့ ဆုတောင်းပေးပါတယ်...

မဇွန်ဖေဖေ ပျော်ရွှင်ဖွယ်မွေးနေ့ လေးနှင့်အတူ စိတ်ရောကိုယ်ပါကျမ်းမာလို့ မဇွန်ဆုတောင်းသလိုပဲ လောကုတ္တာအကျိုးတရားများကိုအချိန်ရှိသရွေ့အားထုတ်နိုင်ပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ps:ခုတလော အဖေနဲ့အမေပဲစိတ်ကရောက်ရောက်နေတယ်မရယ် ဟူးးးးးးးးးးး

ညီမဇွန်နဲ့ ထပ်တူ ဆုတောင်းပေးသွားတယ်နော်....:)

ဇွန်တို့ မိသားစုကို ဦးဆောင်သူ ဇွန်ရဲ့ ဖေဖေ ပျော်ရွှင်သော ချမ်းမြေ့သော ဘ၀ကို
ပိုင်ဆိုင်နိုင်ပါစေလို့ မွေးနေ့လက်ဆောင် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မမ....

ဂျင်းလည်း မဇွန်ဖေဖေအတွက် မဇွန်လိုပဲ ထပ်တူထပ်မျှ ဆုတောင်းမှုပြုပေးတယ်နော်....

ချစ်တဲ့
ဂျင်း

ကျန်းမာပျော်ရွှင်ပါစေလို့ ဇွန့်ဖေဖေအတွက် ဆုတောင်းပေးလိုက်ပါတယ် ....

ညီမ ဖေကြီး မွေးနေ့က ၂၃း)
ဖုန်းဆက်ပြီးပဲ ဟက်ပီးဘတ်ဒေး လုပ်လိုက်တယ် ..း)

မဇွန် ဖေဖေ ကျန်းမာ သက်ရှည်ပြီး သာသနာ့အကျိုးတွေ ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေနော် ..း))

ဇွန် ဖေဖေအတွက် ကျန်းမာပျော်ရွှင် ပါစေလို့ 
ဆုတောင်းပေးပါတယ်။

ဇွန့်ဖေဖေ
စိတ်အေးချမ်းသာစွာနဲ့ ကျန်းမာအသက်ရှည်ပြီး လောကီ လောကုတ္တရာအလုပ်တွေ အဆုံးထိအောင် လုပ်ဆောင်နိုင်ပါစေ။

အဖေတစ်ယောက်က ပေးဆပ်တဲ့ ခွန်အား၊ လုံခြုံမူ ကိုယ့်ကိုယ်ကို ယုံကြည်စေမူတွေဟာ အနန္ဒော အနန္ဒ ပါ၊


(ကိုယ်တော့ မရခဲ့ဘူးလေ)

ဇွန့်ဖေဖေအတွက် လာရောက်ဆုတောင်းပေးသွားကြတဲ့ ညီမနန္ဒာ၊ မြူးမြူး၊ အစ်မသက်ဝေ၊ မိုး၊ အစ်မချစ်၊ မသီတာ၊ ဂျင်း၊ သူငယ်ချင်းကြယ်ပြာ၊ ညီမလေးမိုးခါး၊ မရှင်လေး၊ ရီတာနဲ့ အစ်မပြုံးတို့ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။း))

ဇွန့်ဖေဖေမွေးနေ့ မလေး နောက်ကျသွားတယ်။ ဇွန့်ဖေဖေ ကျန်းမာပြီး စိတ်ချမ်းသာပါစေ...လို့ မလေးလည်း ဆုတောင်းပေးပါတယ်..

ခရီးထွက်ပြီး ပြန်လာရင်လည်း စာရေးကျဲနိုင်ပါတယ်။ လုံးဝ မရေးဘဲ မနေပါနဲ့နော်...

အစစအဆင်ပြေပျော်ရွှင်သော ခရီးစဉ်ဖြစ်ပါစေ..ဇွန်..

ချစ်သော..
မလေး

သာဓု၊ သာဓု၊ သာဓု
မဇွန်ရဲ့ ဖေဖေကဒီပို့စ်လေးကို ဖတ်ရရင်တော်တော် ကြည်နူးချမ်းမြေ့မှာနော်။