A Trip to Remember - 1

Category:

ဖုန်တက်နေတဲ့ ဇွန်မိုးစက်ဘလော့ဂ်လေး ဖိနပ်တစ်ဖက်ပျောက်သွားမှပဲ အသက်ပြန်ဝင်လာပါတယ်။ ပျောက်သွားတဲ့ ဖိနပ်လည်း ပြန်မရဘူး။း( ခုတလော စိတ်တွေရှုပ်ပြီး အလုပ်ကလည်းများနေတာမို့ စိတ်အပန်းပြေသွားအောင်၊ ဘလော့ဂ်နဲ့လည်း အဆက်ပြတ်မသွားအောင် အောက်တိုဘာလဆန်းမှာ သွားခဲ့တဲ့ ခရီးတစ်ခုက အမှတ်တရ ပုံလေးတွေကို ပြန်တင်လိုက်ပါတယ်။ 

စက်တင်ဘာလ ၃၀ရက်နေ့ည သြစတြေးလျလေကြောင်းလိုင်းနဲ့ ဆစ်ဒနီကို ခရီးနှင်ခဲ့ပါတယ်။ 


အနှစ်အနှစ်အလလကတည်းက စီးဖို့ဆန္ဒရှိခဲ့တဲ့ Qantas လေကြောင်းလိုင်းဟာ တကယ်စီးကြည့်လိုက်တော့လည်း ၀န်ဆောင်မှုက သိပ်ကိုကျေနပ်စရာကောင်းပါတယ်။ ဒီ့ထက် ကျေနပ်စရာကောင်းတာက ဇွန့်ဘေးကပ်ရပ်က အရပ်မြင့်မြင့်နဲ့ ဥရောပတိုက်သားကောင်လေးက သိပ်ကို ချောပါတယ်။ လေယာဉ်တစ်စင်းလုံးမှာ အချောဆုံးယောက်ျားလေးတစ်ယောက်နဲ့ ဘေးချင်းကပ် ယှဉ်တွဲထိုင်ခွင့်ရတဲ့ငါဟာ သိပ်ကံကောင်းတာပါလားလို့ တွေးရင်း ပီတီတွေဝေပြီး ကျေကျေနပ်နပ်နဲ့ Qantas စီးခဲ့ရတာကိုက အမှတ်တရပါ။း))

အောက်တိုဘာလ ၁ရက်နေ့မနက်မှာ ဆစ်ဒနီကို ရောက်ခဲ့ပါပြီ။ လေယာဉ်ပြတင်းပေါ်က လှမ်းမြင်ရတဲ့ သမုဒ္ဒရာပင်လယ်ပြာနဲ့ ထိစပ်နေတဲ့ မြို့ဆစ်ဒနီဟာ သိပ်ကို လှပါတယ်။





နာမည်ကျော် Manly Beach ပါ။ ကမ်းခြေတစ်လျှောက် အဆုံးထိ လမ်းလျှောက်ခဲ့ပါတယ်။ ပျော်စရာလည်း ကောင်းခဲ့တာမို့ လိုက်ပို့ပေးတဲ့ မိတ်ဆွေအစ်မတစ်ယောက်ကို ကျေးဇူးတင်မိပါတယ်။

နောက်တစ်ရက်မှာ သြစတြေးလျရဲ့ မြို့တော် ကင်ဘာရာကို သွားဖြစ်ပါတယ်။ မြို့တော်မို့ ရောက်ဖူးလိုက်ချင်တာရော၊ နွေဦးပွဲတော်ပန်းပြပွဲလည်း ရှိနေတာကြောင့်ရော ဆစ်ဒနီကနေ ကင်ဘာရာကို ကားနဲ့ အသွား ၃နာရီ၊ အပြန် ၃နာရီကြာတဲ့ ခရီးကို လိုလိုချင်ချင် သွားလိုက်တာ အရမ်းမှန်သွားပါတယ်။ အရောင်စုံ၊ အသွေးစုံ ခတ္တာပန်းခင်းတွေကြားထဲ ဓာတ်ပုံရိုက်ခွင့်ရလိုက်တာနဲ့တင် ကင်ဘာရာခရီးစဉ်က တန်သွားပါပြီ။ ရုံးပိတ်ရက်မှာ ကားမောင်းပြီး တကူးတက လိုက်ပို့ပေးတဲ့အပြင် ဇွန့်ကင်မရာဘက်ထရီကုန်သွားလို့ သူယူလာတဲ့အုန်းသီးနဲ့ မညည်းမညူ ဓာတ်ပုံရိုက်ပေးခဲ့တဲ့ သူငယ်ချင်းကို ကျေးဇူးတွေ တစ်လှေကြီးတင်ပါတယ်။






ဟိုးအရင်က ဟော်လန်သွားမှ ဒီလို ခတ္တာပန်းခင်းနဲ့ ကြုံရမယ်လို့ထင်တာ ခုတော့ ဥရောပခရီးထိ တကူးတကသွားစရာမလိုဘဲ သြစတြေးလျမှာတင် ခရီးသွားဟန်လွှဲဆုံမိလို့ ပျော်ရွှင်ကျေနပ်စရာအတိပေါ့




 ကင်ဘာရာက တိတ်ဆိတ်သန့်ရှင်းပြီး အေးချမ်းလှပတဲ့ အစိုးရ ရုံးစိုက်ရာ ပြည်နယ်မြို့တော်ပါ။


 ကင်ဘာရာမြို့လယ်က ရေကန် Lake Burley Griffin 


 Caption Cook Memorial ပါ

ရေစက်ရှိလို့ ဆုံရတယ်ပဲ ပြောမလား... လုံးဝမထင်မှတ်ထားဘဲ ကိုအန်ဒီတို့ မိသားစုနဲ့ ကင်ဘာရာက ပါလီမန်အိမ်တော်ရာရှေ့မှာ ဆုံမိပါတယ်။ အတူပါလာတဲ့ သူငယ်ချင်းက ကိုအန်ဒီ့စာဖတ်ပရိတ်သတ်ဖြစ်တဲ့အပြင် သူရော၊ ဇွန်ပါ ကိုအန်ဒီမိသားစုဓာတ်ပုံလည်း မြင်ဖူးထားတာကြောင့် မြန်မာစကားသံကြားလို့ လှည့်အကြည့်မှာ... ဟာ ကိုအန်ဒီတို့ မိသားစုပါလားဆိုပြီး ၀မ်းသာအားရ သွားနှုတ်ဆက်လို့ အမှတ်တရ ဓာတ်ပုံရိုက်ယူခွင့် ရခဲ့ပါတယ်။ ဆစ်ဒနီရောက် ဘလော့ဂါတွေထဲမှာ ကိုအန်ဒီနဲ့ မတီတီဆွိတို့ရှိမှန်း သိခဲ့ပေမယ့် သွားတဲ့ရက်ကနည်းပြီး တွေ့ရမယ့် အမျိုးတွေ များနေတဲ့အတွက် အကြောင်းမကြားဖြစ်လိုက်ပါဘူး။ ဒါပေမယ့် မမျှော်လင့်ဘဲ တွေ့ဆုံလိုက်ရတော့ ၀မ်းသာပျော်ရွှင်ရပြန်ပါတယ်။ မိသားစု ဓာတ်ပုံလေးတင်ဖို့ ခွင့်ပြုချက်ပေးတဲ့ We She Me ဘလော့ပိုင်ရှင် ကိုအန်ဒီနဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။း)




ဇွန်မိုးစက်

Comments (10)

သြစတြေးလျ ကမ်းခြေကို ဗီဒီယိုတွေထဲမှာ ကြည့်ဖူးကတည်းက သွားချင်ခဲ့မိတယ်။ ခုတော့ အစ်မဇွန် ရောက်အောင် သွားနိုင်ခဲ့တယ် ဆိုတော့ ကံကောင်းတာပေါ့နော်... ပန်းခင်းကြီးကလဲ တော်တော်လေး လှတယ်နော် တမျှော်တခေါ်ကြီး ဖြစ်မယ်ထင်တယ်... အားကျမိပါတယ်ဗျာ...

ဟိုတခါလည်း ဥရောပ ခရီးစဉ်မှာ လေယာဉ်မောင် ချောချောလေး တစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ် မှတ်တယ်၊း) လေယာဉ်ခရီးစဉ်တွေကို အသေးစိတ် မှတ်မိတတ်သူ တစ်ယောက်အတွက် လေယာဉ်ပျံတွေက အမှတ်ရစရာတွေ ဆောင်ကြဉ်းပေးတာလား မသိဘူးနော်...။ ဓါတ်ပုံတွေ လှတယ်..။

တော်တော့်ကို တိုက်ဆိုင်တာပဲနော်... ကိုအန်ဒီတို့နဲ့ အဲလိုဆုံတာ... ထပ်ပြီး တိုက်ဆိုင်တာ ဒီနေ့တောင် ကိုအန်ဒီဘလော့ ရောက်ခဲ့သေးတာ.. ကိုအန်ဒီသားလေးက ကြီးလာတော့ ပိုချောလာတယ်။
ခရီးစဉ်လေးနဲ့ ဓါတ်ပုံလေးကလည်း လှတယ်... ဆက်တင်ပါဦး။ မျှော်နေမည်။

အစ်မဇွန်ရေ..
အားကျလိုက်တာ..ခုလိုသွားနိုင်ဖို့ဆိုတာ မလွယ်လှဘူး..။ ပန်းခင်းကြီးတွေများ အရမ်းလှပဲ။ ခရီးသွားရင်း အမှတ်တရတွေလည်း ရှိခဲ့တာ ပျော်စရာပါ...း)

အားကျလိုက်တာ မဇွန်ရေ .. သွားချင်တယ် .. :D

ပန်းတွေများ မသိရင်အတုတွေလားတောင်အောက်မေ့ရပါလား
လှလိုက်တာနော် ..


ပျောက်နေတာ ပြန်ရောက်လာပြီဆိုတော့ အသစ်တွေ စောင့်နေပါတယ်း)

ခင်မင်လျှက်
မဒိုးကန်

လေဆိပ်ထဲ security စစ်လို. connecting flight နောက်ကျတာမပါတော.ဘူးလား? :D

မဇွန်ရေ....,

ဘေးကပ်ရပ်က ကောင်လေးဆီက ဖေ့စ်ဘွတ်အကောင့် ဒါမှမဟုတ် အီးမေးလ် လိပ်စာလေး တောင်းခဲ့လိုက်တာ မဟုတ်ဘူး။ :D

ဥရောပ ခရီးစဉ်ထွက်မယ်ဆို အသိပေးပါနော်၊ မဇွန်နဲ့ အပြင်မှာ လူချင်းဆုံတွေ့ ခင်မင်ရင်းနှီးခွင့် ရချင်တယ်။

နန္ဒာလဲ သြစတြေးလျ ရောက်ဖူးချင်တယ်။ တနေ့နေ့ပေါ့။

မရောက်ဖူးတဲ့အရပ်ဒေသ ကပုံလေးတွေအတွက်
ကျေးဇူးတင်ပါတယ်ရှင်
Parliament House ကနေ လှမ်းမြင်နေရတာက War Memorial ဆိုတာလေ ရုတ်တရက်ကြည့်လိုက်တော့ တောင်ကြီး အိမ်တော်
နောက်ခံနဲ့ နဲနဲ ဆင်နေလို့ဝမ်းသာအားရဖြစ်ပြီး
အကြာကြီးကြည့်နေမိတယ်---နောက်ကတောင်လဲ
အတော့်ကိုတူတယ်လေ-
ခင်ခင်မင်မင် jasmine

I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!!