မင်းနဲ့ငါ
အစမရှိ၊ အဆုံးလည်းမသိ
ဘယ်၊ညာ တူယှဉ်ကာတွဲ
ခရီးဆုံးအထိတော့ အမြဲရှိတယ်။
ကွေ့ကောက် ရစ်ထပ်ခြင်းမဲ့
ဆုံမှတ်တွေ လွဲနေခဲ့လည်း
အဖြောင့်အတိုင်းပဲ ရှေ့ဆက်
ဆုံဆည်းခွင့် မကြုံလေတဲ့
မျဉ်းပြိုင် နှစ်စင်း...။
ဇွန်မိုးစက်
Subscribe to:
Post Comments
(
Atom
)
ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ မျဉ်းပြိုင်တွေဟာ အနည်းဆုံးတော့ infinity မှာ ဆုံကြတယ် ဆိုတာလေး သတိရသွားမိတယ်...၊
မျဉ်းပြိုင်ဆိုပေမယ့် ပြိုင်မြင်းတွေလို တစ်ကောင်နဲ့ တစ်ကောင် ကျော်တက်ဖို့၊ ပန်းတိုင်ကို သူ့ထက်ငါ အရင်ရောက်ဖို့ အတ္တတွေနဲ့ တွန်းတိုက်မနေဘဲ အဆုံးထိကို အတူယှဉ်တွဲ ရှိနေတာက မျဉ်းပြိုင်တွေရဲ့ ဝိသေသ လက္ခဏာလို့ပဲ ပြောရမယ် ထင်တယ်နော်..၊
ရိုးရိုးရှင်းရှင်းနဲ့ မျဉ်းပြုင်လေး နှစ်ကြောင်းလို ထင်းနေတဲ့ ကဗျာလေးပါပဲ ညီမလေး...။း)
မျဉ်းပြိုင် ၂ခုရဲ့ ယှဉ်တွဲခြင်းသဘောကို သတိပြုမိလိုက်ပါတယ်။
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ကဗျာလေးကို မောင်ညီလင်းရဲ့ ကွန်မန့်လေးထပ်ဆင့်လိုက်တော့ ပိုပြီးပီပြင်ပြည့်စုံသွားပြီ ဇွန်ရေ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစ်ကိုညီလင်း... ဇွန့်ကဗျာလေးကို တခုတ်တရဖတ်ပြီး သေသေချာချာမှတ်ချက်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ပြိုင်မြင်းတွေလိုမဟုတ်ဘဲ... ဆိုတာကို သိပ်သဘောကျမိတယ်။း)
အစ်မရှင်လေး... မျဉ်းပြိုင်နှစ်ကြောင်း ယှဉ်တွဲခြင်းကို သတိပြုမိတယ်ဆိုလို့ ၀မ်းသာပါတယ်။း)
ဟုတ်တယ်... တီတင့်ပြောသလိုပဲ အစ်ကိုညီလင်းရဲ့ ကွန်မန့်ကြောင့် ဇွန့်ကဗျာလေးက ပိုပြီး ပြည့်စုံသွားတယ်လို့ ခံစားရတယ်။ တီတင့်လည်း စိတ်အစဉ် အမြဲအေးမြကြည်လင်ပါစေလို့ ဇွန်က ပြန်ပြီးဆန္ဒပြုပါတယ်။း)