အသက်ကြောင့်လား…
Stress ကြောင့်လား…
အတွေးကြောင့်လား…
တေး
(Tea) ကြောင့်လား…
အိပ်မပျော်တဲ့ည၊
အိပ်ပျော်ခက်တဲ့ညတွေ များခဲ့ပြီ။
တစ်ရေးမှ မမှေးရသေးတဲ့
သန်းခေါင်ယံအလယ်
မျက်လုံးကြောင်တောင်ရယ်နှင့်
တောင်တွေး
မြောက်တွေး
ဘယ်ညာ လူးလှိမ့်နေရင်း
Insomnia
အဓိပ္ပာယ် ရှာနေခဲ့တယ်။
ဇွန်မိုးစက်
(ခုတလော... ကျန်းမာရေး ချူချာနေတာမို့ အားလပ်ရက်မှာတောင် ရေးလက်စစာကို အပြီးမသတ်နိုင်၊ စာအသစ်လည်း မရေးနိုင် ဖြစ်နေတုန်း မနှစ်က ရေးခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကို အမှတ်မထင် ပြန်တွေ့တာနဲ့ ဘလော့ဂ်စာမျက်နှာပေါ် တင်လိုက်ပါတယ်)
အိပ်မပျော်ဘဲ လူးလှိမ့်နေရတဲ့ ခံစားမှုက အတော်လေးကို တင်းကျပ်ပြီး၊ ခံရခက်တဲ့ ဒုက္ခ တစ်မျိုးပဲနော်...၊ အဲဒီအခါ နှာသီးဖျားမှာ စိတ်ကို စုစည်းထားမလား၊ ဒါမှမဟုတ် စုစည်းလို့ မရဘဲ လွတ်ထွက်နေတယ် ဆိုရင်တော့ ခြံခုန်တဲ့ သိုးလေးတွေကိုပဲ တစ်ကောင်ပြီးတစ်ကောင် ရေတွက်ကြည့်ရမလား... တခါတခါ ကျနော်လည်း တွေးမိတယ်...၊း)
ရှာဖွေနေခဲ့တဲ့ Insomnia က ဒီနေ့အချိန်ထိ ပါမလာတော့ဘဲ မနှစ်ကရေးခဲ့တဲ့ ဟောဒီကဗျာဟောင်းလေးထဲမှာပဲ အိပ်မောကျပြီး ကျန်နေခဲ့ပါစေလို့ ဆုတောင်းပါတယ် ညီမလေးရေ...။
အဲ့ဒီအချိန်တွေတုန်းက နှာသီးဖျားမှာ စိတ်ကို အာရုံစုစည်းဖို့ သတိတောင် မရခဲ့ဘူးထင်ပါတယ် အစ်ကိုညီလင်းရေ။ :D
Insomnia ကတော့ ဒီနှစ်ထဲအထိ ပါလာတုန်းပဲ။း(
တစ်ခါတစ်လေလည်း
အိပ်ပစ်ရမှာ နှစ်မျောလို့
မအိပ်တာလည်း ရှိသေးတယ် ဇွန်ရယ်...
THIS IS A BEAUTIFUL POEM WITH A DEEP MEANING. I'M SURE THAT ALL OF US CAN RELATE TO IT. WE ALL NEED SOMEONE