ကွန်ပျူတာမှန်သားပြင်ပေါ်မှ နာရီကို ကြည့်လိုက်တော့ ငါးနာရီခွဲရန် ငါးမိနစ်သာလိုတော့သည်။ လုပ်လက်စအလုပ်တွေ လတ်စသတ်ပြီး ဖွင့်ထားသော file တွေ၊ window တွေ တစ်ခုပြီးတစ်ခု ပိတ်လိုက်သည်။ နှင်း စိတ်တွေ မသိမသာ အနည်းငယ် လှုပ်ရှားနေသည်။ ကွန်ပျူတာကို shutdown လုပ်ပြီးချိန်မှာ ငါးနာရီ သုံးဆယ့်ငါး။ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းနှုတ်ဆက်နေသံ ကြားရသည်။ ဒီနေ့ သောကြာနေမို့ ငါးနာရီခွဲ ရုံးဆင်းသည်။ ခါတိုင်းလို shuttle bus စီး၍ အလျင်စလို အိမ်ပြန်စရာ မလိုသေးပါ။
ရုံးအဆောက်အဦထဲကထွက်၍
သိပ္ပံပန်းခြံလမ်းမကျယ်ကြီးအတို င်း ဖြည်းဖြည်းပုံမှန် လျှောက်လာခဲ့သည်။
ရာသီဥတုက မပူမအေး၊ နေလည်းသိပ်မပြင်းပါဘဲ အလွန်သာယာနေသည်။ လေတိုက်လိုက်တိုင်း
လမ်းဘေးတစ်လျှောက် ၀ဲကျကြွေဆင်းလာသော သစ်ရွက်ခြောက်များကိုကြည့်ရင်း
ရင်ထဲမှာ ကြည်နူးမှုတွေ ဖြတ်စီးသွားသည်။ “အို...သာယာလိုက်တဲ့ ညနေခင်းရယ်”
နှင်း နှုတ်မှ တိုးတိုးညင်သာ ရေရွတ်လိုက်မိသည်။
အမှတ် ၂ သိပ္ပံပန်းခြံဝန်းကြီးက
တစ်သီးတစ်ခြားနိုင်သော်လည်း နှင်းက ဒီဝန်းထဲမှာ လုပ်ရတာ သဘောကျသည်။
လမ်းတစ်ဖက်တစ်ချက်စီမှာ ရာသီခွင် နာမည်ပေးထားသော ပုံစံတစ်မျိုးစီ
ဆန်းသစ်နေသော ရုံးအဆောက်အဦတွေရှိသည်။ နှင်း အလုပ်လုပ်ရာ
ရုံးဘေးတစ်ဖက်မှာ တောအုပ်သဖွယ် သစ်ပင်တွေအုံ့ဆိုင်းနေပြီး
လူလုပ်ရေတံခွန်ငယ်လေးရှိသည်။ လျှောက်လမ်းသဖွယ် ပတ်ကာရံထားသော
သစ်သားတံတားအောက်က ရေကန်မှာ လိပ်ကလေးတွေ၊ ငါးကလေးတွေလည်းရှိသည်။
ဝါးပင်ရုံလေးတွေ စီတန်းစွာပေါက်ရောက်နေသော ချစ်စရာ လူသွားလမ်းကလေးမှာ
နှင်းအနှစ်သက်ဆုံးနေရာတစ်ခုဖြစ် သည်။ နေ့လည်ထမင်းစားပြီးတိုင်း ဤနေရာသို့လာ၍ အပန်းဖြေလမ်းလျှောက်ရသည်ကို နှင်းသဘောကျ ကြည်နူးလေ့ရှိသည်။
အခမဲ့အပို့အကြိုလုပ်ပေးသော shuttle
bus တွေ၊ အများသုံးဘတ်စ်ကားတွေ၊ တက္ကစီအငှားယာဉ်တွေ နှင်းဘေးမှ ဥဒဟို
ဖြတ်သန်းသွားလာနေကြသည်။ ကားတွေရှင်းတော့ လမ်းမတစ်ဘက်ခြမ်းသို့ ကူးလိုက်သည်။
“ကိုယ်ရောက်နေပြီ” ဆိုသော sms ရ၍ ခြေလှမ်းသွက်လိုက်သည်။ နှင်း သူနှင့်
ညနေစာ အတူစားဖို့ ချိန်းထားခဲ့သည်လေ။
ကြိုတင်ရည်ရွယ်ထားခြင်းမရှိပါဘဲ
သူနှင့်ညနေစာစားဖို့ သဘောတူခဲ့သည်မှာ မှန်သလား၊ မှားသလား
နှင်းမဝေခွဲတတ်ခဲ့။ မနက်က ကားပေါ်မှာ ခါတိုင်းလိုပဲ ထွေရာလေးပါးပြောရင်း သူက
ကောက်ကာငင်ကာ “ကိုယ်တို့ ဒီညနေ dinner အတူစားကြရအောင်လား” လို့
မေးလိုက်တော့ နှင်း ရုတ်တရက် ပြန်မဖြေဖြစ်သေး။ နှင်းစဉ်းစားလိုက်တော့
ဒီညနေတစ်ခြားသူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားခြင်းလည်းမရှိ။
သောကြာနေ့ညနေခင်းတွေကို ပျင်းရိစွာတစ်ယောက်တည်း ကျော်ဖြတ်ခဲ့ရသော နှင်း
တခါတလေတော့လည်း အပြောင်းအလဲဖြစ်ချင်သည့် ဆန္ဒကို လိုက်လျော၍ “အိုကေ” ဟု
ပြောဖြစ်ခဲ့သည်။
နှင်းနဲ့သူ ခင်မင်ခဲ့တာ
လပိုင်းမျှသာ ရှိသေးသည်။ သူနှင့်နှင်းက အလုပ်အသွားအပြန် ဘတ်စကားနံပါတ် ၁၅၁
စီးရတာခြင်းတူသည်။ နှင်းအိမ်မှရုံးသို့ ၁၅၁ စီး၍
စင်္ကာပူနိုင်ငံအမျိုးသားတက္ကသိုလ် သို့ အရင်သွားရသည်။
ကျောင်းစာကြည့်တိုက်မှတ်တိုင်မှ ဆင်း၍ အမှတ်၂ သိပ္ပံပန်းခြံသို့သွားသော
shuttle bus ကို စောင့်စီးရသည်။ ဘတ်စ်တစ်စီးနှင့်တစ်စီး ၁၅မိနစ်မှ
မိနစ်၂၀ထိကြာတတ်သည်။ တစ်ကားလွတ်သွားလျှင် နောက်တစ်ကားကို
မှတ်တိုင်မှာထိုင်စောင့်ရင်း၊ ရပ်လာသမျှကားပေါင်းစုံမှ
ကျောင်းသူကျောင်းသားလူရွယ်စုံကို ကြည့်ပြီး စိတ်ထဲမှာ
ထင်မြင်ချက်တွေပေးရင်း ကိုယ်စီးရမည့်ကားကို စောင့်ဖြစ်သည်။
အဲလိုစောင့်ရင်းကပင် ဘတ်စ်အတူစီးရသောသူများနဲ့ စကားပြောမိတ်ဖွဲ့ကြရင်း
ခင်မင်ခဲ့ရသူများရှိသည်။ သူသည်လည်း ဘတ်စ်ကားစောင့်ရင်း နှင်း မျက်မှန်းတန်းမိလာသောသူတွေထဲက တစ်ယောက်ဖြစ်သည်။
နှင်းသူ့ကို သတိထားခဲ့မိသည်မှာ
ကြာပြီ။ မြင့်မားသောသူ့အရပ်နှင့် ကွဲပြားခြားနားသော သူ့အသားအရောင်သည်
အခြားသူများထက် ထူးခြားစွာထင်ရှားနေတတ်သည်။ ကျောပိုးအိတ်ကို
နှစ်ဖက်အမြဲလွယ်တတ်ပြီး၊ ၀န်ထမ်းကတ်ပြားကို လည်ပင်းမှာ ဆွဲထားလေ့ရှိသည်။
သူဝတ်ဆင်လေ့ရှိသော ရှပ်အင်္ကျီ လက်တိုအကွက်စင်းများသည် များသောအားဖြင့်
သူ့အသားအရောင်နှင့် လိုက်ဖက်ညီနေသည်။ သူ့ကို နှင်းသတိထားမိသလို သူကလည်း
နှင်းကို သတိထားမိ၍ ခင်မင်အောင်လုပ်ယူခဲ့သည်ကို နောက်ကျမှ နှင်း
ရိပ်စားမိခဲ့သည်။
အိမ်က ပုံမှန်အချိန်ထွက်လျှင်
နှင်းစီးရမည့်ကားတွင် သူပါလာတတ်သည်။ နှင်းနှင့်အမှတ်မထင် စကားစမြည်ပြောဆို၍
ရင်းနှီးသွားသည့်နောက်ပိုင်းတွ င် သူအိမ်မှစောထွက်၍ နှင်းစီးနေကျ
ကားဂိတ်မှာ လာစောင့်ပြီး နှင်းနှင့်အတူ ၁၅၁ စီးသည်။ တကယ်တမ်း နှင်းနဲ့သူ
တွေ့ရချိန်စုစုပေါင်းမှာ မိနစ်သုံးဆယ် သာသာမျှသာဖြစ်သည်။ သူက
မကာရရာသီခွင်အမည်ပေးထားသော အဆောက်အဦးရှိ သုတေသနဌာနတစ်ခုမှ
သုတေသနအင်ဂျင်နီယာဖြစ်၍ shuttle bus စီးသည့်အခါ သူအရင်ဆင်းရပြီး
နောက်နှစ်မှတ်တိုင်မြောက်မှာမှ နှင်းကဆင်းရသည်။
ရှေ့နားက လက်လှမ်းပြနေသောသူ့ကို တွေ့လိုက်ရတော့ နှင်းတွေးလက်စအတွေးတွေ ပြတ်တောက်သွားသည်။ တောင်အမေရိကတိုက်သား သူက ဘောလုံးဝါသနာကြီးသူပီပီ သောကြာနေ့ညနေတိုင်း ရုံးစောစောဆင်း၍ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အမြဲဘောလုံးကန်လေ့ရှိသည်။ ဘောလုံးကန်ရာမှ ပြန်လာပြီး ရေမိုးချိုး၍ လန်းဆန်းလတ်ဆတ်နေသော သူ့ကိုမြင်တော့ နှင်းကိုယ်နှင်း အနည်းငယ် မလုံမလဲဖြစ်သွားမိသည်။ ရုံးဆင်းတုန်းက ဆံပင်ကို လက်နှင့်ဖွဖွသပ်ခဲ့ရုံမျှအပ အထူးတလည် ပြင်ဆင်ခြယ်သထားခြင်း
မရှိသော
နှင်းမျက်နှာ အနည်းငယ်အဆီပြန်နေမလားဟုတွေးရင်း စိုးရိမ်စိတ်ဝင်သွားသေးသည်။
သူ့ရှေ့ရောက်တော့ အစွမ်းကုန်ပြုံးပြလိုက်ပြီး စားသောက်ဆိုင်ရှိရာ
လမ်းလေးအတိုင်း လျှောက်သွားလိုက်သည်။ ဒီဆိုင်က အမှတ်၂သိပ္ပံပန်းခြံရဲ့
တစ်ခုတည်းသော စားသောက်ဆိုင်ဖြစ်သည်။ အနောက်တိုင်းအစားအစာနှင့်
အသားကင်များကို အဓိက serve လုပ်သည်။ ညပိုင်းဆို bar နှင့်
တီးဝိုင်းလည်းရှိသည်။ အရင်က နှင်းလုပ်ဖော်ကိုင်ဖက်တစ်ယောက်၏
နှုတ်ဆက်ပွဲလုပ်တုန်းက တစ်ခါရောက်ဖူးခဲ့သေးသည်။
ရှေ့နားက လက်လှမ်းပြနေသောသူ့ကို တွေ့လိုက်ရတော့ နှင်းတွေးလက်စအတွေးတွေ ပြတ်တောက်သွားသည်။ တောင်အမေရိကတိုက်သား သူက ဘောလုံးဝါသနာကြီးသူပီပီ သောကြာနေ့ညနေတိုင်း ရုံးစောစောဆင်း၍ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အမြဲဘောလုံးကန်လေ့ရှိသည်။ ဘောလုံးကန်ရာမှ ပြန်လာပြီး ရေမိုးချိုး၍ လန်းဆန်းလတ်ဆတ်နေသော သူ့ကိုမြင်တော့ နှင်းကိုယ်နှင်း အနည်းငယ် မလုံမလဲဖြစ်သွားမိသည်။ ရုံးဆင်းတုန်းက ဆံပင်ကို လက်နှင့်ဖွဖွသပ်ခဲ့ရုံမျှအပ အထူးတလည် ပြင်ဆင်ခြယ်သထားခြင်း
“အထဲမှာ ထိုင်မလား၊ အပြင်မှာ
ထိုင်မလား” စားပွဲထိုးလေးက မေးတော့ နှင်းက အပြင်ကိုပဲ ရွေးချယ်လိုက်သည်။
ဒီလိုသာယာတဲ့ညနေခင်းမှာ ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေပြေနဲ့အတူ
ညနေစာစားခွင့်ကြုံချင်သည်လေ။ Menu လာချပေးတော့ သူက ၀ိုင်နီတစ်ခွက်မှာသည်။
နှင်းက လိမ္မော်ရည်တစ်ခွက်မှာသည်။ “ကိုယ်က သိပ်များများသောက်လို့မရဘူး၊
ကိုယ့်မျက်နှာက နဲနဲလောက်သောက်လိုက်ရင်တောင် နီလာတာ၊ များများသောက်မိရင်
မျက်နှာတစ်ခုလုံးရဲသွားတာ”၊ “အို..ဟုတ်လား။ နှင်းက ၀ိုင်နီသိပ်ကြိုက်ပေမယ့်
ငါးပါးသီလယူထားလို့ alcohol ရှောင်လိုက်တာ” လို့ နှင်းပြောတော့
“ကောင်းတာပေါ့” လို့ သူက ကျေကျေနပ်နပ်ပြုံးလို့ ပြန်ဖြေသည်။ သူက အီတာလျံ
ခေါက်ဆွဲမှာပြီး နှင်းက ကြက်သားဘာဘီကျူးတစ်ပွဲ မှာလိုက်သည်။
အညိုရောင်ဖျော့ဖျော့မျက်လုံးတစ် စုံအကြည့်အောက်မှာ
တိတ်ဆိတ်ကြာရှည်စွာမနေနိုင်သူ နှင်းက တစ်ခုခုပြောဖို့ စကားလုံးတွေ
စီနေစဉ်မှာပင် သူက စပြောသည်။ “ဒီနိုင်ငံရောက်ပြီးမှ ကိုယ် date လုပ်တာ
ပထမဆုံးအကြိမ်ပဲ။” ဘုရားရေ.. 'date' တဲ့။ နှင်းက
မြန်နှုန်းမြင့်သွားသောရင်ခုန်သံ ကို လျစ်လျူရှုယင်း “ဟင့်အင်း ...
နှင်းအတွက်တော့ သာမန်မိတ်ဆွေတစ်ယောက်နဲ့ ညနေစာအတူစားတယ်လို့ပဲ သဘောထားတာ”
လို့ ပြန်ပြောတော့ သူက ခပ်ဖွဖွရယ်မောသည်။
နှင်းနှင့်သူ တိုင်းပြည်နှစ်ခု၏
မတူညီကွဲပြားခြားနားသော ဓလေ့ယဉ်ကျေးမှုစရိုက်တွေအကြောင်း ပြောဖြစ်ကြသည်။
နှင်း စိတ်ဝင်စားစွာမေးမြန်းမိေ သာ
သူ့မွေးရပ်ဇာတိမြေနှင့်လူမျိုး အကြောင်းတွေကို သူက စိတ်ပါလက်ပါပြောပြသည်။
“ကိုယ်တို့ ဘိုးဘေးတွေက အီတာလျံနွယ်ဖွားတွေလေ၊ သိပ်စည်းကမ်းကြီးပြီး
ဘာသာတရားကိုင်ရှိုင်းတယ်။ ကိုယ့်အဖွားဆို ကိုယ်တို့ကို
လူမည်းမိန်းကလေးတွေနဲ့ date လုပ်ခွင့်မပေးဘူး။
ကျန်တဲ့လူမျိုးတွေနဲ့ဆိုရင်တော့ ရပါတယ်။” သြော်... သူတို့လည်း
အသားအရောင်ခွဲခြားတဲ့ မိသားစုမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ပဲလို့
နှင်းစိတ်ထဲက ကောက်ချက်ချလိုက်သည်။
“ရှင့်နိုင်ငံရဲ့ဘောလုံးအသင်း အတွက်တော့
ရှင်အမြဲဂုဏ်ယူမိမှာပေါ့။” “သိပ်သေချာတာပေါ့၊ ကိုယ်ကိုယ်တိုင်လည်း
ဘောလုံးကစားရတာ သိပ်ကြိုက်တယ်၊ တလောကပဲ အပတ်စဉ် တနင်္ဂနွေတိုင်း ကစားလေ့ရှိတဲ့ဘောလုံးအသင်းမှာ
ကိုယ်ဝင်ထားတယ်။
အခွင့်အရေးရရင် ရသလို ကိုယ်က ဘောလုံးကန်တယ်။ ကိုယ် တက္ကသိုလ်
မတက်ခင်လေးတင်မှာပဲ ကိုယ်တို့မြို့ကို ကိုယ်စားပြုတဲ့ ဘောလုံးအသင်းမှာ
ပါဝင်ဖို့ ရွေးချယ်ခံရတယ်။ အဲဒီတုန်းက
ကိုယ်တို့မြို့အသင်း ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်သူတွေအထဲမှာ
ကိုယ်လည်းတစ်ယောက် အပါအ၀င်ပေါ့။ နောက်ဆုံးနေ့ ဗိုလ်လုပွဲမှာ လူအယောက် ၂၀၀၀
ကျော်လာအားပေးခဲ့သလို ရေဒီယိုကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တဲ့ အဲဒီ့ပွဲက
ပြန်တွေးမိတိုင်း ကိုယ့်အတွက် ဂုဏ်ယူ အမှတ်ရစရာ ဖြစ်ခဲ့တယ်။” အို... သူ့မျက်ဝန်းညိုတွေက ပြုံးရွှင်တောက်ပလို့။
“မင်းတစ်ခါလောက်တော့ ကိုယ်ကစားတာ လာကြည့်သင့်တယ်” “နှင်း... ကြိုးစားကြည့်မယ်လေ”
“ရှင့်နိုင်ငံရဲ့ဘောလုံးအသင်း
“မင်းတစ်ခါလောက်တော့ ကိုယ်ကစားတာ လာကြည့်သင့်တယ်” “နှင်း... ကြိုးစားကြည့်မယ်လေ”
သူနှင့်နှင်းအတူ စကားလက်ဆုံပြော၍
စားတာချင်းအတူတူ သူက အရင်ပြီးသည်။ နှင်းက အနောက်တိုင်းစာကို
နှစ်သက်သော်လည်း ဘာကြောင့်မှန်းမသိ ဒီနေ့သိပ်မစားနိုင်။ သူက မကုန်နိုင်တဲ့
နှင်းပန်းကန်ကိုကြည့်ပြီး ကိုယ်ရှင်းပေးမယ်ပြောတော့ နှင်း အံ့သြမိသွားသည်။
နှင်းပန်းကန်ထဲမှ ကျန်သော ကြင်ကင်တစ်ခြမ်း၊ အာလူးပြုတ်ချေတစ်ဝက်နှင့်
အသီးအရွက်အချို့ သူ့ပန်းကန်ထဲ ပြောင်းထည့်ပြီး ယူစားသည်ကို
မျက်လုံးအ၀ိုင်းသားနှင့် ကြည့်နေမိသည်။ သူက ရယ်ရယ်မောမောနှင့်
ပြောလိုက်သေးသည်။ “ကိုယ်က first date ဆို သိပ်သဘောကျတာ၊ ဘာလို့လဲသိလား။
ကိုယ့်အတွေ့အကြုံအရ အဲဒီနေ့ဆို မိန်းကလေးတွေက စိတ်လှုပ်ရှားနေလို့ ထင်ပါရဲ့
ဘယ်တော့မှ ကုန်အောင်မစားနိုင်ဘူး။ ဒါကြောင့် ကိုယ်ပိုစားရတယ်။”
ဘုရားရေ...လာပြန်ပြီ first date တဲ့။ နှင်းရင်ထဲမှာ
အာမေဋိတ်သံထွက်သွားသော်လည်း အပြင်သို့ထွက်မလာခဲ့ပါ။
ကောင်းကင်မှာ
နေရောင်ပျောက်သွားခဲ့ပြီ။ “shuttle bus တွေလည်းမရှိတော့ဘူး၊ ကိုယ်တို့
အများသုံးဘတ်စ်နဲ့ပဲ ပြန်ရတော့မှာ၊ ကားမှတ်တိုင်က နည်းနည်းလှမ်းတယ်။
နှင်းလျှောက်နိုင်မလား။” “အို...ရတာပေါ့ ကျွန်မလမ်းလျှောက်ရတာ
သိပ်ကြိုက်တယ်။ အထူးသဖြင့် ခုလို သာယာတဲ့ညနေခင်းဆို ပိုကြိုက်တယ်” “ အိုကေ”
ဘီလ်ရှင်းပြီးတော့
သိပ္ပံပန်းခြံလမ်းမတစ်လျှောက် သူနှင့်ဘေးချင်းကပ်လျှောက်လာယင်း နှင်းအရပ်
တော်တော်ပုသွား သလို ခံစားလိုက်ရသည်။ ဟင့်အင်း...နှင်း မပုပါဘူး၊ သူက
သိပ်မြင့်နေတာပါဟု ကိုယ့်ဖာသာ နှစ်သိမ့်လိုက်သည်။ သူက နှင်းလက်ကိုတွဲဖို့
ကြိုးစားသော်လည်း နှင်းညင်သာစွာ ငြင်းဆိုလိုက်တော့ သူက “ကိစ္စမရှိပါဘူး” ဟု
အေးအေးဆေးဆေး ပြန်ပြောပြီး တွဲမယ့်ဆဲဆဲလက်ကို ပြန်ရုပ်လိုက်သည်။
သိပ္ပံပန်းခြံလမ်းမမှထွက်၍
ညာဘက်ချိုးပြီး ပါစီပန်ဂျန်း လမ်းပေါ်မှ ကလင်မသီလမ်းမသို့ စီး၍ ရနိုင်မည့်
ကားမှတ်တိုင်အထိ နှင်းတို့ လမ်းလျှောက်ကြသည်။ ကားမှတ်တိုင်ရောက်တော့
ကားမလာသေး၍ စောင့်ရသည်။ သူ့ရဲ့မြင့်မားသောအရပ်နှင့် နှင်းကို
ဆီးမိုးကြည့်ပြီး နှင်းနဖူးပေါ်က ဆံနွယ်လေးတွေကို လက်နှင့်သပ်တော့
နှင်းမျက်နှာ နွေးကနဲဖြစ်ပြီး ရှက်သွားသည်။ ဒီလို ကိုယ့်ချစ်သူလည်းမဟုတ်တဲ့
ယောက်က်ျားလေးမိတ်ဆွေတစ်ယောက်က အများမြင်သာသော ပတ်ဝန်းကျင်မှာ
ကိုယ့်နဖူးပေါ်က ဆံစတွေ ပင့်သပ်ပေးတာ နှင်းတစ်ခါမှ မကြုံဖူးခဲ့။ သူက
နှင်းမျက်နှာအရိပ်အကဲကို သိတတ်စွာပင် နှင်းကို ပြုံးကြည့်ရင်း သူ့လက်ကို
ရုပ်သိမ်းပေးလိုက်သည့်အတွက် နှင်း သူ့ကို ကျေနပ်စွာ ကျေးဇူးတင် မိသွားသည်။
လူမျိုးမတူ၊ ဘာသာအယူဝါဒ
ကွဲပြားခြားနားသောသူဖြစ်၍ သူ့အပြုအမူတွေ နှင်းနားလည်ပေးခဲ့ရသလို သူကလည်း
နှင်းထားရှိသော စိတ်ဓါတ်ကို နားလည်ပေးနိုင်သူတစ်ဦးဖြစ်သည်။ ဘတ်စ်ကားပေါ်
ရောက်တော့ တိတ်ဆိတ်နေသော နှင်းကို သူကစကားတစ်ချို့ဆက်ပြောသည်။ “ကိုယ့်ဘ၀မှာ
မင်းဟာ ပထမဆုံးသိခွင့်ရတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပဲ”။ ဒီစကားကြားတော့ နှင်း
အံ့သြ၀မ်းသာဖြစ်သွားသည်။ “မင်းနဲ့ခင်မင်ခွင့်ရတာ
ကိုယ့်အတွက်သိပ်ကံကောင်းတာပဲ။ ကိုယ်မသိသေးတဲ့ အတွေးအခေါ်
ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ မင်းပြောပြမှသိခွင့်ရတယ်။ ဒီကမ္ဘာပေါ်မှာ
ကိုယ်မသိသေးတဲ့အရာတွေ အများကြီးရှိသေးတာပဲ။ မင်းနဲ့ ကိုယ်တို့
မတူညီမှုအစဉ်အလာတွေ အတွက်တော့ ကိုယ်တို့ကို bad people လို့
မမြင်လိုက်ပါနဲ့။ ကိုယ်အာရှကို သိပ်သဘောကျတယ်။ အာရှလူမျိုးတွေကို
ကိုယ်စိတ်ဝင်စားတယ်။ နောက်ပြီး ကိုယ့်မျက်စိထဲမှာတော့ အာရှတိုက်သူတွေက
သိပ်လှတယ်” နှင်းက သူ့စကားကြားတော့ ကျေနပ်စွာ ပြုံးရင်း “ကျေးဇူးတင်ပါတယ်”
လို့ လှိုက်လှိုက်လှဲလှဲ ပြန်ပြောလိုက်သည်။ ညနေပိုင်းမှာလို
ပြည့်သိပ်ကြပ်ညပ်မနေသော ကားက အိမ်နားရောက်ခါနီးပြီ။ “နှင်း
ဆင်းရတော့မယ်နော်၊ ဒီနေ့ညနေစာအတွက် ကျေးဇူးတင်ပါတယ်” လို့ ထပ်ပြောလိုက်ရင်း
သူ့ကို နှုတ်ဆက်လိုက်သည်။
တိုက်ရှေ့တည့်တည့်မှတ်တိုင်မှာ
ရပ်သော ကားပေါ်က ဆင်းတော့ တိုက်ပေါ်ကို ချက်ခြင်းမတက်မိသေးဘဲ ကားလမ်းမဘက်ကို
ဦးတည်ထားသည့် တိုက်ရှေ့က ထိုင်ခုံပေါ်မှာ ခဏထိုင်မိသည်။ လရောင်မတွေ့သော
ကောင်းကင်ကို မော့ကြည့်ယင်း ကြယ်ကလေးတွေ တွေ့လိုတွေ့ငြား
ရှာကြည့်လိုက်သေးသည်။ နှင်းရင်ထဲမှာ အမျိုးအမည်မခွဲနိုင်သော ဝေဒနာတစ်ခု
ခံစားနေရသည်။ သူနှင့်အတူ ညနေစာစားတာ ပထမဆုံးနဲ့
နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည် ဆိုတာတော့ နှင်းစိတ်ထဲမှာ အလိုလိုသိနေသည်။
ဖြစ်နိုင်ချေနည်းပါးတဲ့ အနာဂတ်တစ်ခုအတွက် နှင်းမစွန့်စားပါရစေနဲ့။
ဇွန်မိုးစက်
************
ခုနောက်ပိုင်း စာလည်းအရေးကျဲ၊ ၀တ္တုလေးတွေတောင် မရေးဖြစ်တာကြာပြီမို့ ဟိုအရင် တင်ခဲ့ဖူးတဲ့ စာအဟောင်းလေးကိုပဲ ဓာတ်ပုံရှာထည့် ပေါလစ်ရှ်လုပ်ပြီး ပြန်တင်လိုက်တာပါ။
မဖတ်ရသေးတဲ့သူတွေအတွက်ကတော့ အသစ်ပေါ့နော်။း)
ပုံလေးကတော့ သာယာလှပတဲ့ အမှတ် ၂ သိပ္ပံပန်းခြံထဲက လမ်းချိုးတစ်ခုပါ။
ပုံလေးကတော့ သာယာလှပတဲ့ အမှတ် ၂ သိပ္ပံပန်းခြံထဲက လမ်းချိုးတစ်ခုပါ။
တကယ့်.အဖြစ်မှန်လားဟင်...ဖတ်ပြီးတော့..တမျိုးလေးခံစားရတယ်....:)
ဖြစ်နိုင်ချေနည်းပါးတဲ့ အနာဂတ်တစ်ခုအတွက် တဲ့လား... နှင်းက ဘယ်လိုကန့်သတ်ချက်မျိုးနဲ့ ဖြစ်နိုင်ခြေ အနည်း အများကို တွက်ချက် အဖြေထုတ်လိုက်တယ်ဆိုတာ တွေးမိလျက်နဲ့ ဘာကိုအလိုမကျမှန်းမသိ... အလိုမကျဖြစ်နေမိတယ်...
(ဇွန် စာရေးသိပ်ကောင်းတယ်...)
တခါမှ မဖတ်ဖူးသေးတဲ့မိုးနတ်အတွက်ကတော့ အသစ်ပါ....ဒါနဲ့ ဇာတ်လမ်းလေးကဘယ်လိုလေးလဲ
ပေါင်းတယ်..မပေါင်းဘူးဆိုတာထက်...အဲလိုဇာတ်သိမ်း
သွားတာလေးကိုက တစ်မျိုးလေး...ပေါင်းတာ ၊မပေါင်း
တာထက်..ပိုတဲ့ ခံစားမှုလေးပေးနိုင်တယ်...
ကျေနပ်စွာနဲ့ လာဖတ်သွားတယ်နော်..
အားပေးလျက်ပါ..
ခင်မင်နေတဲ့..မိုးနတ်
အမအရင်တခေါက်တင်ထဲကကြိုက်တယ်
အရင်ကတည်းက ဖတ်ဖူးတယ်.... :)
ဂျင်း
ဒီဝတ္ထုတိုလေးကို ဖတ်နေရင်း ကားမှတ်တိုင်က ဆံပင်သပ်တင်ပေးတဲ့ အခန်းမှာ ကျနော်သိဖူးတဲ့ တောင်အမေရိကတိုက်၊ ဘော်လုံးနိုင်ငံက လူတချို့ကို ဖြတ်ကနဲ သတိရလိုက်မိတယ်၊ အထိအတွေ့နဲ့ အသားကျပြီး လက်ယဉ်နေတဲ့ ယဉ်ကျေးမှုက နှင်းလို မိန်းမပျိုလေးအတွက် နေရထိုင်ရ ခက်စေခဲ့မှာ အသေအချာပါပဲ၊ တိုက်ရှေ့က ထိုင်ခုံလေးမှာ ထိုင်ရင်း ‘first date’ ကို ပြန်လှန်သုံးသပ်နေတဲ့ နှင်းစိတ် ထဲမှာ ဘာတွေကိုများ တွက်ချက်နေခဲ့ မလဲလို့ သိချင်စိတ် ဖြစ်မိတယ်..၊
အရင်က တင်ဖူးတဲ့ စာစုဟောင်းလေးလို့ ဆိုပေမယ့် မဖတ်ရသေးတော့ ခံစားမှုအသစ်တွေကို ပေးတာပါပဲ၊ ဇွန့်ရဲ့ ဝတ္ထုတိုလေးတွေက အမြဲလိုလို တခုတ်တရ ဖတ်ချင်စရာ ကောင်းလှတယ်...။
လာဖတ်သွားတဲ့ LS ကို ကျေးဇူးတင်ပါတယ်။း)
အစ်မသက်ဝေ အလိုမကျဖြစ်အောင် ရေးခဲ့မိတဲ့ စာတစ်ပုဒ်မို့ အမှတ်တရပေါ့နော်။ ;) (အစ်မလို စာရေးကောင်းတဲ့သူရဲ့ ချီးကျူးစကားကြားရတော့ ထခုန်မိမတတ်ပါပဲ :D)
မိုးနတ်ရေ... တခါတလေမှာ အဆုံးမသတ်ဖြစ်တဲ့ ဇာတ်လမ်းတွေက ပိုလှတတ်တယ်။ လာအားပေးလို့ ကျေးဇူးနော်။
အရင်ကတည်းက ဖတ်ဖူးခဲ့တဲ့ အနောနီးမတ်စ်နဲ့ ညီမဂျင်းကိုလည်း ကျေးဇူးပါ။
နှင်းက လူမျိုးခြားတစ်ယောက်ကို လက်ခံစဉ်းစားဖို့ သတ္တိတွေ နည်းနေခဲ့တယ်ထင်ပါရဲ့ ကိုညီလင်းသစ်ရေ...။
(နှင်းရင်ထဲမှာ အမျိုးအမည်မခွဲနိုင်သော ဝေဒနာတစ်ခု ခံစားနေရသည်)......ဖတ်ပြီးတော့
ဂျက်လဲ ခံစားရတယ်
ပုံလေးကိုမြင်ရတာ တောင်ကြီးကသစ်တော်ရပ်ကွက်လေးကို
သတိရစေတယ် လမ်းလေးနဲ့အပင်လေးကုန်းမြင့်က အိမ်
တူနေသလိုမို့ပါ
ခင်မင်တဲ့ sis jasmine
အဲဒီလို အက်ဆေး အတိုစားလေးတွေ ရေးတာ တော်တယ်နော်..
စာဖတ်သူရဲ့ စိတ်ကို ဖြည်းဖြည်းချင်း ဆွဲယူသွားတာ..
ကိုယ်တွေ့လို့တောင် ထင်မှားမိပါတယ်..
Carry on!!
-m