The Quiet Life

Category:

Happy the man whose wish and care
A few paternal acres bound,
Content to breathe his native air
In his own ground.

Whose herds with milk, whose fields with bread,
Whose flocks supply him with attire;
Whose trees in summer yield him shade,
In winter fire.

Blest who can unconcern'dly find
Hours, days, and years slide soft away
In health of body, peace of mind,
Quiet by day,

Sound sleep by night; study and ease
Together mixt, sweet recreation,
And innocence, which most does please
With meditation.

Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where I lie.

Alexander Pope

***********************

၅တန်းကနေ ၁၀တန်းအထိ သင်ခဲ့ဖူးတဲ့ အင်္ဂလိပ်ကဗျာတွေထဲမှာ ဒီကဗျာလေးကို အနှစ်သက်ဆုံးပါ။ ၉တန်း သို့မဟုတ် ၁၀တန်းမှာ သင်ခဲ့ဖူးတယ်။

ကဗျာထဲကလို ကိုယ့်မြေကိုယ်ယာနဲ့ အေးအေးချမ်းချမ်း နေချင်တဲ့ဆန္ဒ ငယ်ငယ်ကတည်းက ရှိတယ်။ ဒါကြောင့် ကဗျာဖတ်ပြီး စိတ်ချမ်းသာလို့ သိပ်သဘောကျခဲ့တယ် ထင်ပါတယ်။ 

ဒီကဗျာလေးကို သတိရလို့ ပြန်ရှာပြီး ရွတ်ကြည့်တော့ အရင်ကနဲ့ မတူတဲ့ ခံစားချက်တစ်ချို့ကို သတိပြုမိတယ်။ ပထမဆုံးစာပိုဒ်ရဲ့ တတိယနဲ့နောက်ဆုံးစာကြောင်း ရောက်တဲ့အခါ ရင်ထဲမှာ တစ်ချက် နင့်ကနဲ ဖြစ်သွားတယ်။ ဘယ်တော့များမှ ကိုယ်ပိုင်တဲ့ မြေပေါ်မှာ ခြေစုံချရပ်ပြီး မွေးရပ်မြေက လေကို အားရပါးရ ရှုသွင်းနိုင်ပါ့မလဲလို့...။ 

စတုတ္တမြောက်စာပိုဒ်ရဲ့ နောက်ဆုံးနှစ်ကြောင်းကိုလည်း အခုမှ  သေချာနားလည် သဘောပေါက်သွားတယ်။ ငယ်ငယ်က တရားမထိုင်ခဲ့ဖူးတော့ innocence နဲ့ meditation နှစ်ကြောင်းကို မဆက်စပ်မိခဲ့ဘူး။  ခုဆက်စပ်မိတော့ တရားထိုင်ခြင်းက ရလာတဲ့ စိတ်အေးချမ်းမှုဟာ သိပ်ကို အပြစ်ကင်းစင်၊ ကျေနပ်စရာကောင်းတာပါပဲ။ 

နောက်ဆုံးအပိုဒ်ကတော့ ကဗျာစသင်ကတည်းက ခုချိန်ထိ အမြဲအလွတ်ရနေ၊ မကြာခဏ ရွတ်ဆိုခဲ့တဲ့ စာတစ်ပိုဒ်ပါ။ ကိုယ်တိုင်လည်း ကဗျာထဲကလိုပဲ ဘ၀ကို နောက်ဆုံးအချိန်ထိ ရိုးရှင်းအေးဆေး တိတ်ဆိတ်စွာနဲ့ နေထိုင် ဖြတ်သန်းသွားချင်ပါတယ်။ 


ဇွန်မိုးစက်

Comments ( 9 )

အခုတလော ကိုယ်လည်း
မွေးရပ်မြေကိုပဲ သတိယနေတယ် ဇွန်ရယ်၊
သဘာဝအလျောက် ရတဲ့ စားစရာတွေကို တန်ဖိုးမထားခဲ့ဖူးတာကို ပြန်မြင်ယောင်မိတယ်။

နှစ်ခါထပ်သွားလို့ပါ

ခံစားချက်နဲ့ ဖတ်သွားပါတယ်။

Quiet Life, The Slave's Dream, Leisure တွေဟာ ကျွန်တော့အကြိုက်.. ကဗျာတွေပါပဲ..အမ မမိုး ရဲ့ ဆန္ဒအတိုင်း ပြည့်ဝ ပါစေ...

ဒီကဗျာလေးကို ဂျင်းလည်းကြိုက်တယ်။

ဒီကဗျာထဲက ဘဝမျိုးကို ခုတလော မကြာခဏ တွေးဖြစ်တယ်။ တောင့်တဖြစ်တယ်။

ပို့စ်နှင့် မသက်ဆိုက်သော ကော်မန့်များကို blog administrator မှ delete လုပ်ပါမည်။

ဒါလေးဖတ်ပြီး စိတ်ချမ်းသာလိုက်တာ..

Like it so much. Could feel the peace even when I am reading it. Wish you all the best!