တို့မေမေ

Category: , ,

ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ။

ငယ်စဉ်ကာလ၊ စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။

အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။

ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။

ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။

****************************


(ဇွန်တို့ငယ်ငယ် ဒုတိယတန်းမှာ သင်ခဲ့ရတဲ့ ကဗျာလေးပါ)


သူငယ်တန်းကနေ ဆယ်တန်းထိ နေ့စဉ် ကျောင်းကို ထမင်းဗူးတစ်ရက်မပျက် အချိန်မှီ ထည့်ပေးခဲ့တဲ့ မေမေ

ရွှေငွေအ၀တ်အစားထက် သားသမီးနှစ်ယောက်ရဲ့ ပညာရေးအတွက်သာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားခဲ့တဲ့ မေမေ

စစ်မှန်တဲ့ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ဖို့ လမ်းကြောင်းပေးခဲ့တဲ့ မေမေ 

အလှူဒါနပြုရာမှာ သဒ္ဓါတရားထက်သန်လွန်းတဲ့ မေမေ

မိသားစုအတွက် အမြဲစွန့်လွှတ် အနစ်နာခံပေးတတ်တဲ့ မေမေ


စာဖွဲ့မကုန်နိုင်အောင် များပြားလှတဲ့ မိခင်ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ ချစ်သောမေမေရဲ့ စက်တင်ဘာလ ၁၄ ရက်မှာ ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ  စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မမေ့မလျော့အပ်သော မြတ်ဗုဒ္ဓ၏တရားတော်ကို မပြတ်ဆင်ခြင်နိုင်ပြီး ချစ်သောမိသားစုနှင့်အတူ ပျော်မွေ့စွာ နေထိုင်နိုင်ပါစေ။ 


ဆုမွန်ကောင်းများစွာဖြင့်
ချစ်သမီးကြီး
ဇွန်မိုးစက်

Comments ( 14 )

မိုးစက်ရဲ့ မေမေ
ပျော်ရွှင်သော မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ၊

ဇွန့် မေမေ...
ကျန်မာရွှင်လန်းပါစေရှင်..

ညီမ ဇွန်...
ညီမရဲ့ မေမေ့ မွေးနေ့အတွက် ညီမနဲ့ ထပ်တူထပ်မျှ လာဆုတောင်းပေးပါတယ်...
အသက်ရှည် အနာမဲ့ပြီး ကျန်းမာချမ်းသာစွာ နေထိုင်နိုင်ပါစေလို့...

မမရေးးးး
မမမေမေ ကျမ်းမာသက်ရှည်ပြီးဒီထက်လည်းသာသနာရေးအလုပ်တွေလုပ်နိုင်ပါစေရန်တောင်းဆုပြုပါတယ်မမရေးး
အသက်ကြီးလာလေ မိဘမေတ္တာပိုနားလည်လာလေပါပဲမရေးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ ဖြစ်ပါစေ။

မမ....ဂျင်းက နောက်ကျသွားပြီထင်တာ တော်ပါသေးရဲ့ အချိန်မှီသေးတယ်။ မဇွန်ရဲ့မေမေတစ်ယောက် ဒီနေ့ဒီရက်မှာကျရောက်တဲ့ မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာအထိ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံစွာ နေထိုင်သွားနိုင်ပြီး မဇွန်ဆုတောင်းပေးထားတဲ့ အရာတွေလည်း မဇွန်ရဲ့မေမေအတွက် တစ်လုံးတစ်ဝပြည့်စုံပါစေလို့ ဂျင်းကပါ ကူပြီးဆုတောင်းပေးသွားပါတယ်။


ချစ်တဲ့
ဂျင်ဂျင်း

Thandar's may may ...kyar mar chan thar ywe ta yar htoo ta yar myat ko twae par say lo ni su taung lite par dae

Happy Birthday လို့ မိုးစက်ရဲ့ အမေအတွက် နှုတ်ဆက်လိုက်ပါတယ်ဗျာ...း)))


ခင်မင်တဲ့
နေ၀သန်

အမေံမွေးနေ့ မှာ အကောင်းဆုံးဆုများတောင်းပေးလိုက်ပါတယ်။
အမေကျန်းမာချမ်းသာပါစေ။

မေမေ့အတွက် ဇွန်နဲ့အတူ လာရောက်ဆုတောင်းပေးသွားကြတဲ့ အစ်မပြုံး၊ မလေး၊ မမသက်ဝေ၊ ညီမမိုး၊ သူငယ်ချင်းရီတာ၊ ညီမလေးဂျင်း၊ သူငယ်ချင်းနီ၊ မောင်လေးနေ၀သန်နဲ့ အစ်မရှင်လေးတို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။း)

မဇွန် မေမေ အသက်ရာကျော်ရှည်ပြီး သာသနာအကျိုးဆထက်ထမ်းပိုး သယ်ပိုးခွင့်တွေ ရရှိပါစေနော် .. ပျော်ရွှင် ကျန်းမာပါစေ ..း))

ချစ်ခင်စွာဖြင့်

ကျေးဇူးပါ ညီမလေး မိုးခါးရေ။း)

Happy belated birthday to Zune's may may...all the best for her...

Sorry dear sis :(
for the late wish....

@sis chit, no worries.
Thanks for your belated wish too. :)