ပြီးခဲ့တဲ့တနင်္ဂနွေက စင်္ကာပူနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို သွားရောက်နားထောင်ခဲ့ပါတယ်။ ဒီနှစ်တော့ ခင်မင်နီးစပ်ရာ ဘလော့ဂါမောင်နှမများနဲ့အတူ သွားရောက်ခဲ့လို့ ပျော်လည်းပျော် အမှတ်တရလည်း ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဆရာလယ်တွင်းသားစောချစ်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ဆရာအော်ပီကျယ်တို့ သုတရသစုံလင်စွာနဲ့ အားပါးတရ ဟောပြောသွားကြပါတယ်။ အမှန်တော့ စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီး ရေးဖို့စိတ်ကူး မရှိခဲ့ပါဘူး။ ဒါပေမဲ့ စိတ်အခန့်မသင့်စရာတစ်ခုနဲ့ ကြုံကြိုက်ခဲ့တာကြောင့် ရေးချင်စိတ် ပေါ်သွားပါတယ်။
ဒီနှစ်က မနှစ်ကလို ခုံနံပါတ်မပေးဘဲ လက်မှတ်မှာ free seating လို့ ပါတာကြောင့် နေရာကောင်းကောင်းရချင်သူ၊ နေရာကောင်းမရမှာ စိုးရိမ်သူအများစုက ၀ိရီယထားပြီး အစောကြီးကတည်းက နေပူပူမှာ သွားရောက်တန်းစီကြပါတယ်။ ၀င်လို့ရပြီဟေ့ဆိုတာနဲ့ ကိုယ်နဲ့မိတ်ဆွေများအတွက် အကောင်ဆုံးဖြစ်မယ်ထင်ရတဲ့နေရာကို အပြေးအလွှားသွားလို့ နေရာဦးကြပါတယ်။ ဇွန်တို့လည်း ခန်းမအလယ် အရှေ့ဘက်နဲနဲပိုကျမယ်ထင်တဲ့အတန်းမှာ နေရာယူလိုက်ကြပါတယ်။ နောက်သိပ်မကြာခင်မှာဘဲ တစ်ရုံလုံးနီးပါး ပြည့်သွားပါတယ်။
ပွဲစကတည်းက ဟောပြောပွဲထဲ စိတ်ပါဝင်စားသွားလိုက်တာ ဘရိတ်တိုင်းမ်ပေးတဲ့ အချိန်ထိပါပဲ။ ညနေစာဒံပေါက်စား၊ သူငယ်ချင်းများနဲ့ စကားစမြည်ပြောဆိုပြီး အထဲပြန်ဝင်ထိုင်တော့ တစ်စုံတစ်ခုကို မသိစိတ်က သတိပြုမိပါတယ်။ အဲဒါက တစ်ခြားမဟုတ်ပါဘူး၊ ဇွန်တို့ရှေ့တည့်တည့်အတန်းမှာ အရင်ထိုင်နေကျသူတွေ မဟုတ်ဘဲ လူပြောင်းနေလို့ပါ။ အရင်လူတွေက လူကြီးတွေ၊ အခုလာထိုင်နေတဲ့သူတွေက လူငယ်သုံးယောက်၊ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးနှစ်ယောက်ပါ။ တစ်ယောက်က လက်ပ်တော့ဖွင့်ပြီး သုံးနေပါတယ်။
သိပ်မကြာခင် အဲဒီ့နေရာက မူလထိုင်ခုံပိုင်ရှင် အမျိုးသားနှစ်ယောက်ရောက်လာပြီး နေရာဖယ်ပေးဖို့ပြောပါတယ်။ အဲဒီ့လူငယ်သုံးယောက်က ခပ်တည်တည်ပါပဲ၊ လုံးဝဖယ်မပေးပါဘူး။ ဟိုလူနှစ်ယောက်ကလည်း ပြောမရတော့ အနောက်ကိုထွက်သွားရပါတယ်။ နောက်တော့ နေရာပိုင်ရှင်အစ်မကြီးတစ်ယောက် (သူတို့နဲ့ဆို အမေအဒေါ်အရွယ်ပါ) ရောက်လာပြီး ဖယ်ပေးဖို့ပြောပါတယ်။ အဲဒီ့အစ်မအမျိုးသားကလည်း ၀င်ပြောပါတယ်။ သူတို့အကြောင်းပြချက်က ပထမပိုင်းမှာ နေရာကောင်းမရဘဲ နောက်ဆုံးကနေကြည့်ရလို့ ဒုတိတယပိုင်းမှာ နေရာကောင်းကောင်းမှာကြည့်ချင်လို့ ဘရိတ်တိုင်းမ်မှာ လွတ်နေတဲ့ထိုင်ခုံကို ၀င်ထိုင်တာပါတဲ့။ (တော်သေးတယ် ဇွန်တို့က Goodie Bag တွေ ထားခဲ့မိလို့) ခပ်တည်တည်ပဲပြောပြီး လုံးဝလုံးဝ မထပေးပါဘူး။
တကယ်ဆို လူကြီးနဲ့လူငယ်၊ သူတို့ကပဲ သူများနေရာဝင်ထိုင်သေး၊ သူတို့မှာ ဖယ်ပေးစရာအကြောင်းမရှိဘူးဆိုတာကို နောက်တန်းကမြင်နေကြားနေရတဲ့ ဇွန်တို့တွေက မနေနိုင်လို့ ၀င်ပြောကြပါတယ်။ ဇွန်က သူတို့လုပ်ရပ်ကို တော်တော်ချဉ်သွားတော့ သိပ်ရိုင်းတာပဲလို့ ပြောလိုက်ပါတယ်။ ဒါနဲ့လက်ပ်တော့နဲ့တစ်ယောက်က သူတို့ရိုင်းတဲ့စကား တစ်ခွန်းမှ မပြောပါဘူးတဲ့။ ဒါနဲ့ဇွန်က မပြောပေမယ့် မင်းတို့လုပ်ရပ်က သက်သေပြနေတာပဲလို့ ဒေါသထွက်ထွက်နဲ့ပဲ ပြန်ပြောလိုက်ပါတယ်။
သူတို့ရှေ့တန်းက တစ်ခုံမှာ နေရာလွတ်ရှိတယ်၊ အဲဒီ့ကိုပြောင်းထိုင်ပေးပါလို့ အစ်မကြီးရဲ့အမျိုးသားကပြောတာတောင် မထပေးသေးဘူး။ အဲလိုအခြေအတင်ဖြစ်နေလို့ တိုက်ပုံဝတ်လူငယ်လေးနှစ်ယောက်လည်း ရောက်လာပါတယ်။ ဇွန်လည်း တိုနေတဲ့စိတ်ကိုပြန်လျှော့ပြီး သူတို့ကို လျစ်လျူရှုမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံး သူတို့သုံးယောက်ထဲက ကောင်လေးတစ်ယောက်က ၀င်ဖျန်ဖြေတောင်းပန်ပြီးတော့မှ ထပေးသွားကြပါတယ်။ သူတို့ထသွားမှ စောစောက နေရာအလုခံလိုက်ရတဲ့ လူနှစ်ယောက်လည်း ပြန်လာထိုင်ခွင့်ရသွားပါတယ်။ အဲဒီ့တော့မှ ကိုယ့်မှာဖြစ်နေတဲ့ အကုသိုလ်ဒေါသစိတ်တွေလည်း တခါတည်း ပြေပျောက်သွားပါတော့တယ်။
တကယ်လို့များ ဒီကလေးတွေက စာပေဟောပြောပွဲကို အမှန်တကယ်လိုလိုလားလားနဲ့ စာပေချစ်မြတ်နိုးစိတ်၊ ဆရာများကိုလေးစားစိတ်နဲ့ တက်ရောက်သူများဖြစ်ခဲ့မယ်ဆိုရင်၊ အစောပိုင်းက ဆရာများပြောသွားတဲ့စကားတွေသာ မှတ်သားခဲ့မယ်ဆိုရင် ကိုယ်ရတဲ့နေမှာပဲ ကိုယ်ထိုင်ပြီး ဒီလိုသူများနေရာဝင်လုထိုင်တဲ့ ကိစ္စမျိုးဖြစ်လာနိုင့်ပါ့မလားလို့ ဇွန်တွေးမိပါတယ်။ တခြားများများ တွေးစရာမလိုပါဘူး။ ဆရာမောင်စိန်ဝင်းပြောသွားတဲ့ ပေးသူနဲ့ယူသူ သူရဲကောင်းတို့အကြောင်း နားလည်သဘောပေါက်ခဲ့မယ်ဆိုရင်....
တကယ်လို့များ ဆရာတို့အားထား ပုခုံးထမ်းတင်ပေးချင်တဲ့ နောက်မျိုးဆက်သစ် လူငယ်လူရွယ်တွေမှာ ပေးသူထက် ယူသူများနေခဲ့ရင် တံခါးတွေခေါက်လို့ အောင်စိတ်မွေးပြီး လိုရာပန်းတိုင် အရောက်လှမ်းကြရင်တောင်မှ ခရီးမတွင်ဘဲ ဝေးနေရဦးမှာပါ။
ကိုယ့် မျက်စေ့ရှေ့မှာ အမှတ်မထင် တွေ့လိုက်ကြုံလိုက်ရတာလေးကို ဆရာတွေ ပြောသွားတဲ့ စကားတွေနဲ့ ယှဉ်ပြီး ပြောပြသွားတာ ကောင်းလိုက်တာ...း))
ဟုတ်ပ....အဲဒီလိုအရိုင်းအစိုင်းတွေ တကယ်ရှိပါလားဆိုတာကို အဲဒီနေ့က မျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။
ဒို့မြန်မာတွေ ပျော်စေဖို့ ထောင့်ကန်ဘော တင်ပေးလိုက်တဲ့ ဇွန်ရဲ့ ဘ၀ထဲကသုတ စာ ဒီပို့စ်လေးက ရသ အလင်းဖြာပါတယ်။
ဇွန့်ရဲ့ ဒီ post ကို fb က Myanmar Literature Talk (Singapore) page မှာ သွားချပေးထားတယ်။ ကိုယ်လည်း အဲဒီမှာ လက်မှတ်မှာ ခုံနံပါတ်ထည့်သင့်တယ်လို့ သွား အကြံပြုထားမိလို့ပါ။ ကိုယ်တွေကတော့ အဆင်ပြေခဲ့ပါတယ်။ သူများက နေရာသွားဦးပေးထားလို့။ ဒါပေမဲ့ သူများကိုလည်း အလုပ်မပေးချင်၊ ကိုယ်တိုင်လည်း အလုပ်ရှုပ်မခံချင်တော့ လက်မှတ်မှာ ခုံနံပါတ်တခါတည်း ထည့်တာ ပိုကိစ္စအေးတယ် ထင်တာပါပဲ။ စီစဉ်သူတွေမှာလည်း အခက်အခဲရှိတယ် ဆိုတာ သိပေမယ့်...
အဲဒီ fb page မှာတော့ တချို့ကလည်း လက်မှတ်မှာ ခုံနံပါတ်မပါလည်း ဘယ်သူမှ လုထိုင်တာ မတွေ့ပါဘူး။ အကုန်အဆင်ပြေပါတယ် ပြောကြတယ်။ ကိုယ်တိုင်လည်း ပြေပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် သူများကို အားကိုးနေရတာတစ်ခုပဲ အဆင်မပြေတာ။
ဒီ post ကတော့ feedback တစ်ခုပဲမို့ အဲဒီ page မှာ သွားချပေးလိုက်တာ။
***
ကိုယ်လည်း ဇွန့်လို ခပ်ဆင်ဆင် တွေးမိသေးတယ်။
အင်း သူရဲကောင်းတွေကို လက်ခုပ်တီးပေးမယ့် လူတွေကတော့ အများကြီးပဲ။ လက်ခုပ်တီးတာ ခံယူမယ့်လူကတော့ ဘယ်မှာနေတယ့် မသိ လို့။ ဗမာလူမျိုးများဟာ သူရဲကောင်းကို လက်ခုပ်တီးပေးဖို့ကတော့ ဝန်လေးမယ့်လူမျိုးတွေ ဟုတ်ဟန် မတူဘူး လို့။ (ကိုယ် အပါအဝင်)
ဇွန့် post ကို ဖတ်မိမှပဲ တချို့လက်ခုပ်တောင် တီးပေးအားပါ့မလား တွေးမိတယ်။ သူများနေရာ ဝင်ဦးနေရတာနဲ့။
ဇွန်တင်ပေးတဲ့ ထောင့်ကန်ဘော ဂိုးထဲ ၀င်သွားပြီ။ ဆရာတွေရဲ့ စကားကို တန်ဖိုးရှိရှိ နားလည်လိုက်ရတာပါပဲ။
အပေါ်က (ကိုယ် အပါအဝင်) ဆိုတာ ကိုယ်လည်း လက်ခုပ်ပဲ တီးရုံတီးမှာ သူရဲကောင်းမလုပ်ဘူးလို့ ပြောတာ။
=)
ဇွန် လာဖတ်သွားပါတယ်။ ငယ်ငယ်က ပွဲခင်းထဲ ဖျာဦးတာကို အမှတ်ရသွားတယ်။...
Break Time အပြီးပြန်ဝင်တဲ့အချိန်မှာ ပထမပိုင်းကနေရာကိုပဲ ဆက်ထိုင်တာကတော့ မပြောပါလိုဘူး။ ဒါပေမယ့် ပွဲအစမှာ ကိုယ်တိုင်မလာပဲ နေရာဦးခိုင်းတဲ့လူတွေရှိနေတာကတော့ မဖြစ်သင့်ပါဘူး။
ရှေ့မှာထိုင်ချင်ရင် ဝီရိယထားပြီး စောစော လာသင့်တယ်လို့ထင်ပါတယ်။ ကျမတို့မြန်မာတွေ ဘယ်တော့များမှ စိတ်ဓာတ်တွေဖွံ့ဖြိုးလာလိမ့်မလဲမသိဘူး။
ဘယ်သူ့ကိုမှ ဘာမှ မလုပ်ခိုင်းပါဘူး။
ဘာမှ မပြောရပါဘဲ အဲဒီသူများကပဲ လက်မှတ်မှာပေးထား၊ အဲဒီသူများကပဲ နေရာယူပေးထားတာပါရှင်။
ကိုယ့်ဘာသာဆိုရင်တော့ နီးမှကပ်လာပြီး နောက်ဆုံးထိုင်ရထိုင်ရ ထိုင်နားထောင်သွားမှာပါပဲ။
=)
ဒီလူတွေနှယ် ဘလော့ဂ်ဂါတွေရှေ့မှာမှ အနေမတတ်၊ အထိုင်မတတ်....ဟားဟား....။ ဟုတ်တယ် ဇွန်ရဲ့ လူတွေက အယူဖက် များလာနေပြီ။ စာကောင်းလေးတပုဒ်ပါ ညီမရေ...:)
စာပေဟောပြောပွဲ မတက်ရတာ နှစ်တွေကြာလှပေါ့း((
အားကျမိပါ၇ဲ့ ဇွန်ရေ..
အမက စာေ၇းကောင်းတယ်နော်။
ကျနော် ဖတ်နေကျ လူတွေထဲမှာ
တော်တော်များများလည်း ရပ်တန့်သွား
တာကိုတွေ့ရတယ်။ တစ်ချို့ကလည်း
စာ အရေးအသား ကောင်းတာကို တွေ့ရတယ်။
အားပေးနေပါတယ်ဗျာ။
စာပေဟောပြောပွဲတော့ နောက်တစ်ခေါက်
ကြုံခဲ့ရင်တော့ သွားနားထောင်ချင်မိပါတော့တယ်။
စာလာဖတ်သူများ? ကော်မန့်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
မလေးရေ... မပြောနိုင်ဘူးလေ နောင်နှစ်တွေကျရင် ကနေဒါနဲ့အမေရိကားမှာ စာပေဟောပြောပွဲတွေ ရှိလာနိုင်တာပဲနော်။ ဒါမှာမဟုတ် ရှေ့နှစ်ကျရင် စင်္ကာပူဝင်လာခဲ့လေ။း)
@christ.. အားပေးနေတယ်ဆိုလို ကျေးဇူးနော်။ :)
အသံကြားလို့ နောက်လှည့်ကြည့်မိသေးတယ်၊ ရုပ်ပျက်ဆင်းပျက် မဖြစ်လိုက်တာ တော်ပါသေးတယ်။
ကျနော်ကတော့ စီစဉ်သူဖက်ကလည်း လိုတယ်လို့ ရိုးရိုးလေး ထင်ပါတယ်၊ ဒီမှာ ရေးသွားကြသလိုပဲ ခုံနံပါတ်ကိုပါ လက်မှတ်ပေါ်မှာ တွဲရိုက်ထားရင် ကိစ္စပြတ်တာပဲလေ။ စီစဉ်ရတဲ့ အခက်အခဲကြောင့် free seating နဲ့သွားမယ် ဆိုရင်တော့ နေရာဦးပေးခွင့် မရှိဘူးလို့ ပြတ်ပြတ်သားသား ကြေညာလိုက်၊ တပါတည်း break time ပြီးရင် ကိုယ့်ခုံနေရာ ကိုယ်ပြန်ထိုင်ကြပါလို့ ပြောထားလိုက်၊ ဒါ fair ဖြစ်တယ်လေ။ ကျနော်လည်း ထမင်းစားပြီး ပြန်ဝင်တော့ ဘယ်မှာပြောင်းထိုင်ရမလဲ စဉ်းစားမိသေးတယ်၊ ကျနော့်နေရာက ဓာတ်ပုံရိုက်လို့ အားမရဘူး။ တိကျတဲ့ သတ်မှတ်ချက် မရှိရင်တော့ ဒီလိုပဲဖြစ်မှာပါပဲ။
ဟုတ်တယ် အစ်မဇွန်ရေ... ညီမတို့လည်း အဲဒါကိုကြောက်လို့ အလှည့်နဲ့နေရာမှာ ချန်နေကြရတယ်။ Break ပေးပြီးရင်တော့ အဲလိုမျိုးတွေ ဖြစ်တော့မှာလို့ မျှော်လင့်ထားပြီးသားပါ။ ပွဲစီစဉ်သူတွေလည်း နောက်နှစ်မှာ အဆင်ပြေအောင် တစ်ခုခုလုပ်ပေးမယ် ထင်ပါတယ်။ ညီမလည်း အစ်မကို မသိလို့ နှုတ်မဆက်လိုက်ရဘူး အစ်မရယ်...
ခုဘလော့ရေးတဲ့ ဇွန်မိုးစက် ရော ကွန်းမန့်ပေးတဲ့ လူ တော်တော်များများ ရော တော်တော်တဖတ်သက် ဆန်နေတာပဲ
ဘာလို့ သွားထိုင်တဲ့ လူရဲ့အမှား လို့ တဖတ်သက်ပြော နေလည်း ဆိုတာ နားတောင်မလည်နိုင်အောင်ပဲ ခုအဖြစ်အပျက် ကို ဝေဖန်တဲ့ လူတွေ အောက်မှာရေးထားတဲ့ အချက်တွေ ကို ဘာလို့မတွေးကျတာလဲ
၁။ ထိုင်ခုံ တနေရာ ရရင် ရတဲ့နေရာကို သေတဲ့ထိ ထိုင်ချင်တာ မြန်မာလူမျိုး စိတ်ဓါတ် လား။ လက်မှတ်မရှိတဲ့ပွဲ မှာ ဘာလို့ ကို့နေရာဆို ပြီး အတင်းပြန်တောင်းတာကိုးက မှားနေတာ။
၂။လပ်ခုပ် ဆိုတာ နှစ်ဖက်တီးမှ မြည်တာ ပါ။ သူတို့ ပထမပိုင်းအဆင်မပြေလို့ ဒုတိယပိုင်း စောစောသွားတာ အပြစ်လား။နေရာဦး ခဲ့တဲ့ လူတွေထက် အ များကြီးသာ ပါတယ်။ ဘယ်conference ဘယ်meeting မှာမှနေရာဦးတယ်ဆိုတာ မရှိဘူး။ လက်မှတ်မှာseat no ပါရင်ပါမပါရင် အဆင်ပြေတဲ့ နေရာထိုင်ကျတာပဲ break time ပြီးတာနဲ့ ငါ့နေရာဖယ်ပေးဆိုပြီး လိုက်ပြောတာ တွေဖူးကျလား။
ကိုယ် လည်း အဲဒီစာပေဟောပြောပွဲကို သွားခဲ့တယ် ကိုယ်ရောက်တဲ့အချိန် အဆင်ပြေတဲ့နေရာ(နောက်ဆုံး နား)မှာထိုင်ခဲ့တာပဲ နေရာကအရေးမကြီးပါဘူး။ စာရဲ့အနှစ်သာရက အရေးကြီးတာ။ ဒါကိုနားလည်ဖို့လိုတယ်။
၃။ုအဖြစ်အပျက်တခုကို ဝေဖန်ချင်ရင် outsider's view ကနေမြင်တတ်ဖို့လိုတယ်။
To အင်ကြင်းသန့် ကိုယ်သေချာမသိတဲ့လူတရောက်ကို အရိုင်းအစိုင်းလို့ပြောလောက်တဲ့ အထိ ကိုယ့်စိတ်ကိုအထိန်းအကွပ်မမဲ့စေသင့်ဘူး။
သွားထိုင်တဲ့လူတွေရဲ့အမှားဆိုတာထက် သူတို့လုပ်ရပ်နဲ့ အပြုအမူက မှန်လားမှားလားဆိုတာ တွေးကြည့်ရုံနဲ့ သိပါတယ်။ ဒါ common sense ပဲလေ မသန္တာ။
သူတို့လုပ်ရပ် မမှားဘူး၊ မှန်တယ်ထင်ရင် ဆက်ထိုင်ပေါ့၊ ဘာလို့ဖယ်ပေးသွားလဲ။ ဘရိတ်တိုင်မ်းအပြီး ပြန်သွားတဲ့လူတွေရဲ့ ခုံမှာဝင်ထိုင်လို့ရပါတယ်။ နဂိုလူရှိပြီးသားနေရာ မသိလို့ ၀င်ထိုင်မိရင်လည်း သိသွားတဲ့အခါ ယဉ်ကျေးစွာနဲ့ ဖယ်ပေးသင့်တယ် မဟုတ်လား။
ပြီးတော့ ရိုင်းတယ်လို့ သုံးနှုန်းရတာ လူငယ်နဲ့လူကြီးဖြစ်နေလို့။ မြန်မာလူမျိုးတစ်ယောက်အမြင်နဲ့ သူတို့အပြုအမူက ရုပ်ဆိုးပါတယ်။ ရိုင်းတယ်လို့ပဲ ဇွန်ရေးပြသွားတာ အဖြစ်အပျက် စကားလုံး အားလုံး အသေးစိတ်မပါဘူး။ ကိုယ်ပြောတဲ့စကားပဲ ကိုယ်ထည့်ရေးသွားတာ။ အပြင်မှာ ဘယ်လောက်ထိ ဖြစ်ပျက်ခဲ့လဲဆိုတာ ကာယကံရှင်တွေနဲ့ အပေါ်တန်းအောက်တန်းကလူတွေ အကုန်သိတယ်။ နောက်ဆုံး သူတို့မှားမှန်းသိလို့ ရှက်ရှက်နဲ့ဖယ်ပေးလိုက်တာ။
လူယဉ်ကျေးစည်းကမ်းရှိတဲ့လူတွေအတွက် ခုံနံပါတ်တွေ မလိုဘူးဆိုတာ မှန်ပါတယ်။ သူတို့တွေက ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်နေရာပဲကိုယ် ပြန်လာထိုင်မှာလေ။
မသန္တာလို ဘယ်နေရာမှာထိုင်ထိုင် စာရဲ့အနှစ်သာရက အရေးကြီးတယ်လို့ သဘောထားတဲ့သူတွေဆိုရင်တော့ ဒီလိုပြဿနာတွေ ဘယ်ဖြစ်လာနိုင်ပါ့မလဲ။
ပြဿနာတစ်ခုကို အပြင်လူတစ်ယောက်အနေနဲ့ အတွင်းလူလောက် အတွင်းကျကျသိမှာ မဟုတ်လို့ သူရဲ့ဝေဖန်ချက်က ရာနှုန်းပြည့်မှန်လိမ့်မယ်လို့တော့ မထင်ဘူး။
မသန္တာဆိုရင်ရော... သူများထက် ၀ီရိယထားပြီး စောစောလာ၊ နေပူထဲမှာ အကြာကြီးတန်းစီပြီးမှ အများသူငါနဲ့ အပြေးအလွှားယူထားရတဲ့ ကိုယ့်နေရာမှာ ဘရိတ်တိုင်းမ်းကို အခွင့်ကောင်းယူ၊ ဆောရီးပြောပြီး အလွယ်တကူဝင်ထိုင်သွားတဲ့လူမျိုးကို စိတ်ဆိုးခြင်းအလျဉ်းမရှိဘဲ အသာတကြည်နဲ့ ခွင့်ပြုနိုင်တယ်ပေါ့။
ကျနော်သာဆို ထပေးမှာမဟုတ်ဘူး။
"ဒီကလေးတွေက စာပေဟောပြောပွဲကို အမှန်တကယ်လိုလိုလားလားနဲ့ စာပေချစ်မြတ်နိုးစိတ်၊ ဆရာများကိုလေးစားစိတ်နဲ့ တက်ရောက်သူများဖြစ်ခဲ့မယ်ဆိုရင်၊ အစောပိုင်းက ဆရာများပြောသွားတဲ့စကားတွေသာ မှတ်သားခဲ့မယ်ဆိုရင် ကိုယ်ရတဲ့နေမှာပဲ ကိုယ်ထိုင်ပြီး ဒီလိုသူများနေရာဝင်လုထိုင်တဲ့ ကိစ္စမျိုးဖြစ်လာနိုင့်ပါ့မလားလို့ ဇွန်တွေးမိပါတယ်။ "
ဒီလိုကိစ္စမျိုး ဖြစ်မလာစေချင်ရင်တောင် ဘရိတ်တိုင်း ပြီးလို့ ပြန်ဝင်လာရင် ကိုယ်ရတဲ့ နေရာကိုယ်ဝင်ထိုင်လိုက်ရုံပဲ။
မေတ္တာထားတတ်တဲ့ ဆိုရင် အလှည့်ပေးတတ်တယ်ဆိုရင် သူတို့ ထိုင်နေရင်တောင် ကိုယ်က ကြည်ကြည်သာသာ လက်ခံလိုက်ရမှာပါ။
အဲဒါမှစာပေဟောပြောပွဲကို အမှန်တကယ်လိုလားသူပါ။
မသန္တာ ကိုဘယ်သူလဲ မသိပါဘူး။ ဇွန်မိုးစက် ဘယ်သူလဲ ဆိုတာသိပါတယ်။
စာရေးကောင်းပေမယ့် ခုဒီပိုစ့်မှာ တယူသန်ဆန်နေတယ်။
မှားမှန်းသိလို့ ရှက်ရှက်နဲ့ ဖယ်ပေးလိုက်တယ်ဆိုတာ တယူသန်ဆန်ပါတယ်။
ဖယ်ပေးလိုက်တဲ့သူဘက်ကလဲထည့်တွက်သင့်ပါတယ်။
ဘလော့ဂါတွေ အပြုသဘောမျိုးဆောင်တဲ့ စာတွေ ရေးတာ ကြိုက်ပါတယ်။ အဖြစ်သဘောမျိုး တယူသန် ဆန်ရင်တော့ လက်မခံနိုင်ပါဘူး။
ဒီပွဲ၊ ဒီစကားဝိုင်းမှာ ရှိတဲ့သူတစ်ယောက်မို့ ခုလိုရေးလိုက်တာပါ။
ဒီပိုစ့်ကိုလဲ သူငယ်ချင်းတစ်ယောက်ပြောလို့ သိတာပါ။
အနောနီးမတ်စ်နဲ့ ရေးလို့ လူလုံးမပြနိုင်ဘူးလို့ ထပ်မစွာကြနဲ့။
ရေးဖို့ ရည်ရွယ်ချက်မရှိဘူး။ဖတ်ပြီး ရေးချင်စိတ်ဖြစ်သွားလို့ပါ။
ဘလော့ပိုင်ရှင် မဇွန်မိုးစက်ကိုအားနာပေမယ့် အပေါ်က မသန္တာဆိုတဲ့တစ်ယောက် ကျွန်မကိုရေးသွားတာလေးနဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းချင်လို့ရေးလိုက်တာပါ။
တကယ်တော့ အဲဒီနေ့စာပေဟောပြောပွဲက အပေါ်ကသူတစ်ချို့ပြောသွားသလို ခုံနံပါတ်နဲ့သာစီစဉ်ပေးလိုက်မယ်ဆိုရင် ဒါမျိုးပြသနာတွေ ပေါ်ပေါက်လာစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် စီစဉ်သူတွေဘက်မှာလည်း အခက်အခဲတစ်ချို့ရှိကောင်းရှိပါလိမ့်မယ်။
အဲဒီလိုခုံနံပါတ်နဲ့မစီစဉ်ပေးခဲ့တဲ့အတွက် နေရာကောင်းကောင်းရအောင်ဆိုပြီး ကိုယ်ကိုယ်တိုင်လည်း စောစောကြိုရောက်အောင်သွားခဲ့ပါတယ်။ ကျွန်မတို့လိုပဲ ၀ီရိယထားပြီးလာရောက်တန်းစီနေခဲ့ကြတဲ့သူတွေလည်း အများကြီးပါ။ ကျွန်မတို့တွေ နေရာစောစောသွားဦးတယ်ဆိုရာမှာ နေရာကောင်းရဖို့အပြင် မိမိရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတကွနေရာရချင်လို့လည်းပါပါတယ်။ လက်မှတ်ကိုလည်းအတူတူဖြတ်ထားကြတာမို့ပါ။
ဝင်ရောက်ပြီးတာနဲ့တပြိုင်နက် အားလုံးကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ တစ်တန်းတည်းသော်လည်းကောင်း၊ရှေ့နောက်သော်လည်းကောင်း အတူတကွနေရာယူခဲ့ကြပါတယ်။ ကျွန်မအမြင်မှာတော့ အဲဒီလိုနေရာယူလိုက်ကြပြီးသူတိုင်းဟာ ပွဲအစကနေအဆုံးထိ ဒါဟာမိမိနေရာလို့ပဲ သတ်မှတ်မိကြမှာပါပဲ။ ဒါဟာပြောစရာမလိုပဲ အားလုံးနားလည်ကြပြီးသားဖြစ်မှာပါ။ လာရောက်နားထောင်ကြသူများအားလုံးဟာလည်း mature ဖြစ်ပြီးသားအရွယ်တွေချည်းပါပဲ။ ကလေးသူငယ်အရွယ်တစ်ယောက်မှမပါပါဘူး။
တကယ်လို့သာ Break Time ပြီးရင် ကိုယ်ကြိုက်တဲ့နေရာကိုယ်ဝင်ထိုင်လို့ရတယ်ဆိုရင် မူလက မိမိရဲ့နေရာမပျောက်ချင်တဲ့သူတွေမှာ အစားတောင်ထွက်မစားရဘဲ ကိုယ့်နေရာမှာကိုယ် ထိုင်စောင့်နေရမယ့်သဘောမှာရှိနေပါတယ်။
ထိုင်ခုံနေရာအလွတ်ကိုမြင်လို့ ၀င်ထိုင်တာကို ကျွန်မအနေနဲ့ရိုင်းစိုင်းတယ်လို့မပြောလိုပါဘူး။ အကြောင်းတစ်ခုခုကြောင့်ပြန်သွားတဲ့သူတစ်ချို့တစ်လေလည်းရှိကောင်းရှိနိုင်တာပဲလေ။ ဒါပေမယ့် မူလနေရာပိုင်ရှင်က ပြန်ရောက်လာမယ်ဆိုရင်တော့ ကျွန်မသာအဲဒီနေရာမှာဆိုရင် အသာတကြည်နဲ့ဖယ်ပေးမိမှာပါပဲ။
အခုဖြစ်ရပ်က ကိုယ့်ထက်အသက်ကြီးတဲ့၊ ကိုယ့်မိဘအရွယ်လည်းဖြစ်တဲ့မူလနေရာပိုင်ရှင်က အကျိုးအကြောင်းပြောပြနေတာကို သူတို့က သုံးနေလက်စ လက်ပ်တော့ပ်ကိုပေါင်ပေါ်တင် အသုံးမပျက်ဘဲ မလေးမခန့် မထီမဲ့မြင်အမူအယာနဲ့ သူတို့မှာ အမှားလုံးဝမရှိဘူးဆိုတဲ့ပုံစံနဲ့ပြန်ပြောနေတာကို ကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင်မြင်တွေ့ကြားသိလာတဲ့သူတစ်ယောက်ဖြစ်တဲ့ကျွန်မအနေနဲ့ သူတို့ကိုရိုင်းစိုင်းတယ်လို့ပဲ ကောက်ချက်ချရပါလိမ့်မယ်။
လူတစ်ယောက် ယဉ်ကျေးလား၊ ရိုင်းစိုင်းလားသုံးသပ်ဖို့အတွက် အဲဒီလူကိုသေချာသိအောင်လုပ်နေဖို့မလိုပါဘူး။ လတ်တလောဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တစ်ခုအပေါ်မှာ တုံ့ပြန်တဲ့ သူ့ရဲ့အပြုအမူ၊ အပြောအဆိုကိုကြည့်ရုံနဲ့ယေဘူယျသုံးသပ်လို့ရပါတယ်။
ဒါပေမယ့်လည်း လူတစ်ဦးနဲ့တစ်ဦး ခံယူချက်အသိအမြင်တွေ ကွဲပြားခြားနားတဲ့အလျောက် လူတစ်ယောက်ယဉ်ကျေးတယ်၊ ရိုင်းစိုင်းတယ်လို့သတ်မှတ်ဆုံးဖြတ်ကြရာမှာလည်း ကွဲပြားခြားနားကြမှာပါပဲ။ ကျွန်မအနေနဲ့ကတော့ ကျွန်မရဲ့ခံယူချက် အမြင်တွေအရသူတို့တွေကို ရိုင်းစိုင်းတယ်လို့ကို သတ်မှတ်မိတဲ့အတွက်ကြောင့်ကို အရိုင်းအစိုင်းလို့တမင်ကိုသုံးလိုက်တာပါ။ မှန်ပါတယ် ကျွန်မသုံးစွဲလိုက်တဲ့စကားလုံးက အနည်းငယ် ရင့်သီးကောင်းရင့်သီးနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မစိတ်ကိုအထိန်းအကွပ်မဲ့စွာနဲ့ပြောဆိုခဲ့တာမဟုတ်ပါဘူး။ တမင်ရေးချင်လို့ကို ကျွန်မစိတ်ထဲမှာရှိတဲ့အတိုင်း၊ ကျွန်မခံစားမိတဲ့အတိုင်းကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
ကွန်မန့်ရှည်သွားတဲ့အတွက် မဇွန်ကိုအားနာပါတယ်။
ဆရာဝင်လုပ်တာတော့ မဟုတ်ပါဘူး။
ပြီးခဲ့တာတွေ ပြီးပါစေတော့ လို့ပဲ ဝင်ပြောချင်ပါတယ်။
နောက်တခါ စာပေဟောပြောပွဲ ကြရင် လူတိုင်းရှောင်လို့ ရသွားပါပြီး။
မဇွန် ပေးချင်တဲ့ မက်ဆေ့ကိုလဲ ရပါတယ်။
မသန္တာ ပြောချင်တဲ့ ရည်ရွယ်ချက်ကိုလဲ သိပါတယ်။
အင်ကြင်းသန့် ပြောတာတွေလဲ မှန်ပါတယ်။
ဘာပဲဖြစ်ဖြစ် နောက်တခါ မဖြစ်လောက်တော့ပါဘူး။
အားလုံး ကို ပိစ် လုပ်သွားပါတယ်။
လူချင်းမမြင်ရသေးပဲ တယောက်ကို တယောက် စိတ်မဆိုးကြနဲ့ဗျာ။ နော်။
မေ့လိုက်တော့။
BY THE WAY
မဇွန်စာရေးကောင်းတယ်။ အသာလေး ရေးသွားနိုင်တဲ့ စာတွေကို ဖတ်ရတာ အရသာရှိတယ်။ ပရောဂျက်တွေပိနေတာရယ်. ဖဘဆော့နေတာရယ်ကြောင့် ဘလော့ မလည်ဖြစ်ဘူး။ ညက မဇွန်ဘလော့ကို ပုံမှန်ဖတ်နေတဲ့ သူငယ်ချင်းက ပြောပြမှ သိလို့ ဝင်ဖတ်မိတာ။
မဇွန်ပျော်ရွှင်ပါစေ။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
မနက်က ကွန်းမန့်တွေ ဝင်ဖတ်ဖို့ စိတ်ကူးရှိ ပေမဲ့ တနေ့လုံး မအားတာနဲ့ online မဝင်ဖြစ်လို့ ခုမှပဲ ပြန်ဖတ်ကြည့်တော့ ကွန်းမန့်တွေ တော်တော်ပေးထားကျတာ တွေ့လို့ ကိုပြောထားတာတွေ ကိုပြန်ရှင်းရမှာပေါ့။
To ဇွန်မိုးစက်
"သူတို့လုပ်ရပ် မမှားဘူး၊ မှန်တယ်ထင်ရင် ဆက်ထိုင်ပေါ့၊"" နောက်ဆုံး သူတို့မှားမှန်းသိလို့ ရှက်ရှက်နဲ့ဖယ်ပေးလိုက်တာ။ " --> "ပြိုင်လုရတာတို့ ရန်ဖြစ်ရတာတို့ ဆိုတာ ရှက်စရာ အလုပ်တခုပါ။မှားလို့ သူတို့ဖယ်ပေးသွားတာလား ရှက်လို့ဖယ်ပေးသွားတာလား။မဟောသဓာ ရဲ့ ကလေးအမေနဲ့ဘီလူး ပြသနာ ကို ကလေးနေရာမှာ ကို့ရဲ့မာနလို့စဉ်းစားကြည့်ပါ။ အလျှော့ပေးတဲ့ လူတိုင်းမှားလို့မဟုတ်ပါဘူး။"
"လူယဉ်ကျေးစည်းကမ်းရှိတဲ့လူတွေအတွက် ခုံနံပါတ်တွေ မလိုဘူးဆိုတာ မှန်ပါတယ်။ သူတို့တွေက ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်နေရာပဲကိုယ် ပြန်လာထိုင်မှာလေ။ " --> "free seating မှာကိုယ့်နေရာဆိုတာမရှိပါဘူး အဲ့ဒါကိုကိုယ့်နေရာလို့ မပြောသင့်ဘူး။" "thandar မနေ့ကပြောခဲ့သလိုပေါ့ တကယ်လို့သူတို့သွားတဲ့နေရာက conference တခုသာဆိုရင် လူတိုင်းက သူတို့ရဲ့စိတ်အားထက်သန်မှူ ကိုလေးစားကြဖို့ ပဲရှိတယ်။ သူတို့အမှားက right place မဟုတ်တာပဲ။ ဒို့ကတော့ အဲလိုပဲ ယူဆတယ်"
"မသန္တာဆိုရင်ရော... သူများထက် ၀ီရိယထားပြီး စောစောလာ၊ နေပူထဲမှာ အကြာကြီးတန်းစီပြီးမှ အများသူငါနဲ့ အပြေးအလွှားယူထားရတဲ့ ကိုယ့်နေရာမှာ ဘရိတ်တိုင်းမ်းကို အခွင့်ကောင်းယူ၊ ဆောရီးပြောပြီး အလွယ်တကူဝင်ထိုင်သွားတဲ့လူမျိုးကို စိတ်ဆိုးခြင်းအလျဉ်းမရှိဘဲ အသာတကြည်နဲ့ ခွင့်ပြုနိုင်တယ်ပေါ့။" --> "ခွင့်ပြုနိုင်တာပေါ့ ဘာလို့လဲဆိုတော့ ကိုယ်အဲဒီကို ရောက်တော့ ရှေ့မှာနေရာတွေရှိရဲ့သားနဲ့ ရှေ့မှာထိုင်ချင်သူတွေအတွက် ချန်ပေးခဲ့တာလေ။"
To အင်ကြင်းသန့်
အပေါ်မှာရေးထားတာကို သေချာနားလည်နိုင်မယ်ဆိုရင် Thandar ဘာလို့အထိန်းအကွပ်မဲ့တယ်လို့ ပြောလည်းဆိုတာနားလည်နိုင်မှာပါ။ နောက်တခါထပ်ပြောရရင် မအင်ကြင်းသန့် အမှန်အမှားကို တဖက်တည်းကကြည့်ပြီး
မဆုံးဖြတ်ပါနဲ့။ mature ဖြစ်တယ်ဆိုတာ ကိုယ်နေရာကို ဘယ်သူမှ မယူရဘူးလို့ ခံယူထားတာကို မဆိုလိုဘူး။
ကိုဖိုးစိန်ရေ စိတ်မပူပါနဲ့ thandar ကရန်မဖြစ်တတ်ဖူးရှင့်။ ဒါပေမဲ့ ဖတ်ရတာ စိတ်မကောင်းဖြစ်လို့ ကွန်းမန့်လာပေးတာ။ နေရာ ကို အရမ်းအလေးအမြတ်ထားတာ မြင်ရတော့ ဝမ်းနည်းမိလို့ပါ။
@ကိုအနောနီးမတ်စ် “အနောနီးမတ်စ်နဲ့ ရေးလို့ လူလုံးမပြနိုင်ဘူးလို့ ထပ်မစွာကြနဲ့” လို့ ရေးသွားတော့ သိပ်ကိုအံ့သြမိပါတယ်။ ဘယ်တုန်းကမှ အနောနီးမတ်စ်ရေးသူတစ်ယောက်ကို အဲလိုစွာဖို့ အတွေးစိတ်ကူးမျိုး တစ်ခါဖူးမျှ မရှိခဲ့လို့ပါ။ စာလာဖတ်ပြီး ရေးဖို့ရည်ရွယ်ချက်မရှိဘဲ ကော်မန့်ရေးဖြစ်သွားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။
@အင်ကြင်း... အားနာစရာ မလိုပါဘူး။ စိတ်ထဲရှိတဲ့အတိုင်း ဖြေရှင်းခွင့်ရလိုက်တော့လည်း စိတ်ပေါ့သွားတာပေါ့ ညီမရယ်။
ဖိုးစိန်ရေ... ဒီတစ်ခါ မဇွန်ပေးချင်တဲ့ မက်ဆေ့ခ်ျနဲ့တော့ နဲနဲလွဲသွားတယ်ထင်ပါတယ်။ ဖိုးစိန်မက်ဆေ့ခ်ျရတယ်ဆိုလို့ မဇွန် ၀မ်းသာမိတယ်။ မဇွန်က ကော်မန့်တွေကတစ်ဆင့် ရန်ဖြစ်ဖို့၊ စကားနိုင်လုဖို့ တကယ်ပဲ စိတ်မ၀င်စားပါဘူး၊ လုပ်လည်း မလုပ်ခဲ့ဘူး၊ controversial ဖြစ်မယ့် ပို့စ်မျိုးတောင် မရေးခဲ့ဘူး။ ဘလော့ဂါပီပီ ကိုယ့်အတွေးအမြင်တွေ ချပြတာမျိုးရှိမယ်။ ဒါပေမဲ့ သူတစ်ပါးကိုထိခိုက်မယ့်စေမယ့်စာမျိုး မရေးခဲ့ဘူးဆိုတာ မဇွန်ကိုယ်တိုင်သိတယ်။ ပုံမှန်စာဖတ်သူတွေလည်း သိပါတယ်။ အကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တယ်ဆိုတာ တကယ်မှန်တယ် မောင်လေးရေ။ ကိုယ်စိတ်အခန့်မသင့်တာတစ်ခုတွေ့မိလို့ ချပြလိုက်တာဟာ အခြားသူတွေကိုပါ ဆက်ပြီး အကုသိုလ်စိတ်တွေဖြစ်စေတယ်။ ဖိုးစိန်ပြောသလိုပဲ ပြီးခဲ့တာတွေက ပြီးပါပြီ။ မဇွန်လည်း ဒီကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပါပြီ။ အားလုံးက ကိုယ့်အမြင်အတိုင်း ရေးသွားကြလို့လည်း စိတ်ဆိုးစရာအကြောင်းမရှိပါဘူး။း)
@မသန္တာ... အသာတကြည်နဲ့ ခွင့်ပြုနိုင်တယ်ဆိုလို့ မသန္တာစိတ်ဓာတ်ကို လေးစားမိပါတယ်။
တကယ်တော့ ဇွန်ပေးချင်တဲ့ မက်ခ်ျဆေ့က ခုံလုတာ မလုတာ၊ နေရာဦးစားပေးထားထက် စိတ်ဓါတ်နဲ့အမူအကျင့်ကို ရည်ရွယ်ပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေအတွက် controversial ဖြစ်သွားစေဖို့တော့ တကယ်ပဲ မရည်ရွယ်ခဲ့ပါဘူး။
ဇွန်ရေးလိုက်တဲ့ စာတစ်ပုဒ်ကြောင့် စာဖတ်သူတွေမှာ တခဏတာအကုသိုလ်စိတ်တွေ ဖြစ်ပေါ်သွားတဲ့အတွက် တောင်းပန်ပါတယ်။
ဇွန့်ဘလော့ကို အချိန်ပေး လာလည်ဖတ်ရှုကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ဟုတ်ပါတယ် အစ်မရေ။ အမြင်တွေ တိုးတက် မျှတလာတယ်လို့ ယူဆတာနဲ့ အမျှ အလျှော့ပေးမှုတွေ နည်းပြီး၊ အတ္တတွေ များလာကြပြီ။ ကိုယ့်ရဲ့ ယဉ်ကျေးတဲ့ အမူအကျင့်တွေကို ယုံမှား သံသယ ဖြစ်လာကြပြီ။ ကိုယ့်ရဲ့ ချစ်စရာဓလေ့ဖြစ်တဲ့ လူကြီးသူမကို ရိုသေလေးစားခြင်း တခုတည်းနဲ့ကို နေရာ ဖယ်ပေးလိုက်သင့်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ တံငါနားနီးလို့ တံငါလို ကျင့်မယ်ဆိုရင်လည်း ကျင့်လို့ရပါတယ်။ ပြုသူ ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ မျက်လုံးတဖက် မှိတ်သင့်ရင်လည်း မှိတ်ရပါလိမ့်မယ်။
လေးစားတယ်ဆိုလို့ကျေးဇူးတင်ပေမဲ့ ကိုယ်မမက်မောတဲ့ နေရာသူများပေးနိုင်တာ လေးစားလောက်တဲ့ အပြုအမူမဟုတ်လေတော့ မခံယူပြီပါရစေနဲ့။ အမှန်အတိုင်း ဝန်ခံရရင် ဇွန်က စာအရေးအသားအရမ်းကောင်းပါတယ်။ အဲဒီတော့ စာဖတ်ပရိတ်သတ်လည်း များတော့ ဇွန်ရေးတဲ့ စာရဲ့ ရိုက်ခတ်မှူက ပိုကြီးနိုင်တယ်လေ။ အဲ့ဒါကြောင့်လည်း ကိုယ် အကြံပေးချင်တာ။ controversial မဖြစ်ချင်တာကောင်းပေမဲ့ constructive ဖြစ်ဖို့ကပိုအရေးကြီးတယ်။ "နိုဗယ်လည်း ဒိုင်းနမိုက် ကိုစစ်ပွဲ မှာ သုံး ဖို့ရည်ရွယ်ချက် နဲ့ တီထွင်ခဲ့တာမဟုတ်ဘူးလေ။" ကိုယ်ပေးချင်တဲ့ မက်ခ်ျဆေ့က ambiguous မဖြစ်ဖို့လိုတယ်။ ဒါကြောင့် ဇွန်တို့လို စာဖတ်ပရိတ်သတ်များတဲ့ blogger တွေ ကိုယ့်စိတ်ကို ချပြတဲ့အခါ ထောင့်ပေါင်းစုံက စဉ်းစားစေ့ချင်တယ်။ "များများမြင်ချင်ရင် မြင့်မြင့်ပျံသင့်တယ်လေ။"
ခုအဖြစ်အပျက်ပဲကြည့်လေ ဇွန်ရေးလိုက်တဲ့ post ဘယ်လောက်သက်ရောက်သွားလည်းဆိုတာ ပွဲစီစဉ်သူတွေလည်း ဒါကိုစဉ်းစားနေရပြီလေ။ ဇွန်ပြောခဲ့သလိုပဲ "လူယဉ်ကျေးစည်းကမ်းရှိတဲ့လူတွေအတွက် ခုံနံပါတ်တွေ မလိုဘူးဆိုတာ မှန်ပါတယ်။" ဆိုတော့ တို့မြန်မာတွေ ဘယ်တော့မှ 'လူယဉ်ကျေးစည်းကမ်းရှိတဲ့လူ' ဖြစ်ခွင့်မရှိတော့ဘူးလား ? ကိုယ်က free seating ကို စိတ်ဓာတ် လေ့ကျင့်မှူ လိုသဘောထားပြီ သဘောကျနေခဲ့တာ။ ဒီလို အခွင့်အရေးမှ မရှိရင် တို့မြန်မာတွေ ဘယ်အချိန်မှ ကို့လူမျိုးတွေတူတူထိုင်ပြီ ပြုံးပြနိုင်မှာလဲ။ ဘယ်တော့မှ လူယဉ်ကျေးဖြစ်ခွင့်ရှိမှာလဲ? ကိုယ်ပြောတာကို သဘောပေါက်မယ် ထင်ပါတယ်။
TnT ရဲ့အမြင်ကိုတော့ အံ့ဩမိတယ်။ လူကြီးလေးစားတာနဲ့ လူကြီးအမြဲမှန် ကလေးအမြဲမှား ဆိုတာကွာပါတယ်။ လူကြီးအမြဲမှန်စိတ်ဓာတ်က ဘာဖြစ်စေနိုင်လည်း ဆိုတာတော့ စဉ်းစားကြည့်ဖို့ ချန်ထားလိုက်တော့မယ်။
ဇွန့် ရဲ့စာတွေက စာဖတ်သူတွေရဲ့နှလုံးသားကို အာဟာရ ဖြစ်နိုင်ပါစေလို့ ဆုတောင်းလျက် စိတ်ရင်းဖြင့်
Thandar
ဇွန်ရေးလိုက်တဲ့ စာတစ်ပုဒ်ကြောင့် စာဖတ်သူတွေမှာ တခဏတာအကုသိုလ်စိတ်တွေ ဖြစ်ပေါ်သွားတဲ့အတွက် တောင်းပန်ပါတယ်။>>>>>> ??????????????
Then, u should delete this post. lol..
:) မသန္တာ၊ အမှန် / အမှား ဆိုတာနဲ့ လေးစားမှု၊ နှိမ့်ချမှုတွေ သက်ဆိုင်တယ်လို့ ထင်လိုက်ပုံရတယ်။ ကျွန်တော်ပြောခဲ့တာ လေးစားမှုအပိုင်းနဲ့ နှိမ့်ချမှု အပိုင်းပဲ ပြောခဲ့ပါတယ်။ ဒါနဲ့ လူကြီးမှန် ကလေးမှားက ဖြစ်နိုင်ချေ ရာနှုန်းများပြီး တော်ပါသေးတယ်။ ကိုယ်ပဲ မှန် ဆိုတာတွေက ပိုဆိုးပါတယ်။
မဇွန် အဓိကပြောချင်တာကလည်း စည်းကမ်းမရှိတဲ့သူတွေ၊ လူကြီးသူမကို လေးစားရမှန်းမသိသူတွေကိုပါ။ ဒါပေမယ့် တော်တော်များများက လူမျိုးနဲ့ချီပြီး ကိုင်ပေါက်လေ့ရှိတယ်။ ဥပမာ တခုမေးကြည့်မယ်။ ဒီလူမျိုးကို လူ ၄၀ ရှိတယ်ထားလိုက်ပါ။ ၂၀ ယောက်က စည်းကမ်းမရှိ မသိတတ်ဘူး၊ ကျန်တဲ့ ၂၀ က စည်းကမ်းရှိတယ် သိတတ်တယ်ပေါ့။ ဒါဆို ဒီလူမျိုးကို စည်းကမ်းရှိတယ် ခေါ်မလား၊ ဒါမှမဟုတ် ဒီလူမျိုးက စည်းကမ်းမရှိပါဘူး ပြောမလား။ နောက်ထပ်အရေးကြီးတာ မွေးကတည်းက ယဉ်ကျေးအောင် စည်းကမ်းရှိအောင် မသင်ခဲ့ရရင် အဲဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ (ဒီလူမျိုးတခုလုံးကို စည်းကမ်း မရှိဘူး ဆိုလိုခြင်းမဟုတ်ပါ၊ စည်းကမ်းရှိအောင် ယဉ်ကျေးအောင် ပုံစံသွင်း လေ့ကျင့်မှုတွေ လိုတယ်လို့ ပြောချင်တဲ့ စာသားပါ။) ကိုယ့်ခြေထောက်ပေါ် ကိုယ်မတ်တပ်ရပ် လမ်းမလျှောက်နိုင်ခင်အထိ တွဲပြီး လျှောက်တတ်အောင် သင်ပေးမှု လိုအပ်ပါတယ်။ တိုးတက်သွားပြီ ယဉ်ကျေးသွားပြီဆိုတဲ့နိုင်ငံတွေမှာ အသိစိတ်နဲ့ Queue စီနိုင်အောင် လှုံ့ဆော်မှုတွေနဲ့ တယောက်စာ နှစ်ယောက်စာ အကာလေးတွေ လိုအပ်ခဲ့ပါတယ်။ ဒါတောင် လစ်ရင် လစ်သလို လုပ်တတ်လို့ လိုအပ်နေတုန်းပါ။ ကောင်းတာလုပ်တာ လုပ်တဲ့သူနဲ့ပဲ ဆိုင်တယ်။ မကောင်းတာလုပ်ရင်လည်း အဲဒီလို လုပ်တဲ့သူနဲ့ပဲ ဆိုင်ပါတယ်။ သိမ်းကျုံးပြီး ကောက်ချက်မချသင့်ဘူး ထင်မိပါတယ်။
စာတပုဒ်နဲ့ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ ကောင်းတယ် မကောင်းဘူး တာဝန်ရှိသူတွေလည်း ပြင်သင့်တာ ပြင်ဖို့ အမြင်များများရတယ်။ လူချင်းမတူတော့ အမြင်ချင်းလည်း မတူနိုင်ဘူး။ ရလဒ်ကောင်းဖို့ အတွက် အဲဒီ ကုန်ကြမ်းတွေကို ကောင်းကောင်း အသုံးချဖို့က ဆွေးနွေးပွဲတွေရဲ့ ပဓာန ရည်ရွယ်ချက်ပါ။ I affirmatively agree to disagree. Thank you all and Ma Zun.
ရေးထားတာ ဖတ်ပြီးကတည်းက အငြင်းပွားဖွယ်ပဲလို့ တွေးမိတယ်။ ကျုပ်က Thandar ရဲ့ အမြင်နဲ့ တစ်ထပ်တည်းကျပါတယ်။ အများနဲ့ တစ်ယောက်လို ဖြစ်နေပေမယ့် မှန်ကန်တဲ့ တွေးတောဆင်ခြင်မှုနဲ့ ရေးထားတာတွေပါ။
Blogger ကလည်း ကိုယ်မှန်တယ်ထင်တာ ရေးပြီးမှ လုတာမလုတာ အဓိကမကျပါဘူး စိတ်ဓါတ်အမူအကျင့် ကိုပြောချင်တာဆိုတော့ ပိုဆိုးသွားတယ်ထင်တယ်။ မှားတယ်ဆိုရင် တော်သေးရဲ့။ အခုတော့ လူမျိုးနဲ့ ချီပြီး သိမ်းရိုက်လိုက်သလိုပဲ။ သူတို့ကို စိတ်ဓါတ် အောက်တန်းကျတယ်လို့ ပြောချင်ရင် နောက်တစ်ခါ သေချာပြန်စဉ်းစားပါဦး။ Thandar ပြောတဲ့ အချက်တွေကို ထည့်စဉ်းစားသင့်တယ်။ အသက်ကြီးသူကို မလေးစားတတ်လို့ အရိုင်းအစိုင်းလို့ ပြောချင်ရင်လည်း နောက်တစ်ခါ ပြန်စဉ်းစားပါဦး။ အဆိုးဆုံးကတော့ ဒီလူငယ်တွေရဲ့ အဖြစ်အပျက်ကို လိုရာဆွဲကောက်ချက်ချပြီး ထင်သလို နိဂုံးသတ်လိုက်တာပါပဲ။
လူကြီးသူမကို လေးစားတာနဲ့ အမှန်တရားကိုလေးစားတာနဲ့ ရွေးခိုင်းရင် ကျုပ်ကတော့ အမှန်တရားကိုပဲ စိတ်ရှင်းရှင်း ရွေးမှာပါ။ အသက်ကြီးတာနဲ့ပဲ အခွင့်အရေးပို ပေးရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ ကောင်းတာနဲ့ဆိုးတာ ယှဉ်ကြည့်ရင် ဆိုးကျိုးပေးဖို့ ပိုများတယ်။
To TnT --> "အမှန် / အမှား ဆိုတာနဲ့ ....................... ကောက်ချက်မချသင့်ဘူး ထင်မိပါတယ်။" -> "ခုဟာက လူကြီးကို လေးစားတာ မလေးစားတာနဲ့ဘာမှမဆိုင်ဘူး အားလုံးကိုတရားသေမှတ်တာကိုးကမှားနေတာ (MRT လား အစည်းအဝေးပွဲလား ဘုန်းကြီးကျောင်းလား ဒါတော့ခွဲတက်သင့်တယ် MRTမှာမပေးရင်တော့ဒါရိုင်းတာပေါ့ ဘုန်းကြီးကျောင်းဆိုရင်တော့ ဘုန်းကြီးက အဓိကပေါ့ အစည်းအဝေးပွဲမှာတော့ လူကြီး လူငယ်မရှိဘူး စာပေမြတ်နိုးတဲ့ လူတန်းစားတခုပဲရှိတယ်။) ခုဟာက 1200 seats မှာ 1200 tickets ရောင်းထားတာလေ မတ်တတ်ရပ်ပြီကြည့်ရမှာမှမဟုတ်တာ ပြီးတော့ free seating လေ။ ဘာနဲ့တူလည်း ဆိုတော့ money မရှိတဲ့လူက ဓားပြတိုက်ခံရတယ် ဆိုပြီ အော်နေသလိုပဲ။"
အခြေအနေနဲ့ အချိန်အခါကို နားလည်တတ်ဖို့လိုတယ်။ "သေချင်တဲ့ကျားတောပြောင်း ဆိုတာရှိသလို တရွာမပြောင်းသူကောင်းမဖြစ် ဆိုတာလည်းရှိတယ်" သူများယောင်တိုင်း လိုက်ယောင်ရင်တော့ .......
"စာတပုဒ်နဲ့ ....... agree to disagree" --> ခုကိုယ်ပြောတာတွေကို ချေပချင်ရင် ကိုယ့်ရဲ့commentအားလုံးကို ဖတ်ပြီတချက်ချင်းစီ ချေပပါ ကိုယ်အားလုံးကို အချက်နဲ့ရေးထားတာ။ ကိုယ့်comment တကြောင်းလောက်ဖတ်ပြီ comment ပြန်မပေးပါနဲ့ ( မျက်လုံးတဖက် မှိတ်ပြီမရေးပါနဲ့။)
ဝိုင်း ဒီလို နားလည်လိုက်တာ ဝမ်းသာပါတယ်။
Yes. I agree to disagree. ;-) I am here not to be aggressive but just to present my point of view. In my humble opinion, No point to argue; you've got yours, I have mine. You two prefer choosing Right/Wrong to Culturally Respect to Ages; it's up to you. No one is wrong here. Don't worry as I won't stick to that view to see through every single case. There may be an occasion that I should choose the truth over ages and there may sometimes be cases that I should put the ages first, vice versa. (I guess nowadays everyone knows that most cases have more other logic than boolean; One might not get right in a case, but that doesn't mean One gets wrong with that.) I appreciate all ideas.
However, I don't like the below sentence so let me return it to you.
"ကိုယ့်comment တကြောင်းလောက်ဖတ်ပြီ comment ပြန်မပေးပါနဲ့ ( မျက်လုံးတဖက် မှိတ်ပြီမရေးပါနဲ့။)"
Thank you,
Please don't mind for closing one eye in my very first sentence. :)
Have a nice day!
It's sound great that you've got the point !
Enjoy your weekend !