“တိမ်မယောင်နဲ့ နက်၊ လွယ်သယောင်နဲ့ ခက်” ဆိုတာ ကိုယ်တို့ မြန်မာစာလို့ပြောရင် ရမယ်ထင်ပါတယ်။ ကိုယ်ပိုင်မိခင်ဘာသာစကားမို့ ပြောရဆိုရလွယ်ပေမယ့် စာရေးတဲ့အချိန်ကျ ထင်သလောက်မလွယ်မှန်း တော်တော် သိသာပါတယ်။
ရပင်းလား ရရစ်လား၊ ရေးချသုံးရမှာလား မောက်ချသုံးရမှာလား၊ “ပ” သတ်လား “တ” သတ်လား၊ “နငယ် ” သတ်လား၊ “မ” သတ်လား၊ ယပလက်နဲ့ယင်းရမလား ရကောက်နဲ့ရင်းရမလား၊ ပဲလား ဘဲလား၊ လျောက်လား လျှောက်လား၊ “တ” လား “တစ်” လားနဲ့ လားပေါင်းများစွာ ဇဝေဇ၀ါဖြစ်တတ်ပါတယ်။ ကိုယ်ညံ့တာ၊ လေ့လာမှုအားနည်းတာလည်း ဖြစ်ပါလိမ့်မယ်။
ကိုယ်ဇဝေဇဝါမဖြစ်တဲ့ အသုံးအနှုန်းနှစ်ခုက လျောက်၊ လျှောက် နဲ့ ပဲ၊ ဘဲပါ။ ဘလော့ဂ်တွေလိုက်ဖတ်ရင်း သတိထားမိပါတယ်။ “လျှောက်” သုံးရမယ့်နေရာတော်တော်များများမှာ “လျောက်” လို့ သုံးကြတာတွေ့တယ်။ “ဘဲ” အစား “ပဲ” လို့လည်း သုံးကြတယ်။ လျှောက်နဲ့လျောက်က ကိုယ့်စိတ်ထဲ အလိုလိုခံစားပြီး ဟထိုးပါမပါ ကိုယ်သဲကွဲပါတယ်။ ဘဲနဲ့ပဲကို ကွဲကွဲပြားပြားသုံးတတ်သွားတာကတော့ ကိုယ့်တို့ရှစ်တန်းတုန်းက မြန်မာစာဆရာမ ဒေါ်မြင့်မြင့်သွယ်ရဲ့ ကျေးဇူးကြောင့်ပါ။
ဆရာမက ကိုယ်တို့မိန်းကလေးတပည့်တွေကို အလွယ်တကူမမေ့စေမယ့် ဆောင်ပုဒ်လေးနဲ့ သင်ပေးလိုက်တာကိုး။ ရှေ့က အငြင်းစကားလုံးဖြစ်တဲ့ “မ” ပါနေရင် နောက်က ဘကုန်းလိုက်ရတယ်။ “မ နောက်က ဘဲလိုက်တယ်” လို့ မှတ်ထားတဲ့။ ကဲ...ဒီလိုဆိုတော့ ကိုယ်တို့လည်း ဘယ်မေ့တော့မလဲနော်။း) မသိဘဲ၊ မရှိဘဲ၊ မသိဘူး မရှိဘူး စသဖြင့် ကွဲသွားတာပေါ့။ ဆရာမက စာအသင်အပြကောင်းရုံမက စည်းကမ်းလည်းကြီးပါတယ်။ သမီးမိန်းကလေးတပည့်တွေကို မိခင်သဖွယ် ဆုံးမလေ့ရှိပါတယ်။ ဆရာမ ကွယ်လွန်သွားပေမယ့် ဆရာမရဲ့ကျေးဇူးကို အောက်မေ့သတိရလျက်ပါ။
ဆရာမက ကိုယ်တို့မိန်းကလေးတပည့်တွေကို အလွယ်တကူမမေ့စေမယ့် ဆောင်ပုဒ်လေးနဲ့ သင်ပေးလိုက်တာကိုး။ ရှေ့က အငြင်းစကားလုံးဖြစ်တဲ့ “မ” ပါနေရင် နောက်က ဘကုန်းလိုက်ရတယ်။ “မ နောက်က ဘဲလိုက်တယ်” လို့ မှတ်ထားတဲ့။ ကဲ...ဒီလိုဆိုတော့ ကိုယ်တို့လည်း ဘယ်မေ့တော့မလဲနော်။း) မသိဘဲ၊ မရှိဘဲ၊ မသိဘူး မရှိဘူး စသဖြင့် ကွဲသွားတာပေါ့။ ဆရာမက စာအသင်အပြကောင်းရုံမက စည်းကမ်းလည်းကြီးပါတယ်။ သမီးမိန်းကလေးတပည့်တွေကို မိခင်သဖွယ် ဆုံးမလေ့ရှိပါတယ်။ ဆရာမ ကွယ်လွန်သွားပေမယ့် ဆရာမရဲ့ကျေးဇူးကို အောက်မေ့သတိရလျက်ပါ။
ခုလောလောဆယ် ကိုယ့်အတွက် သေချာမကွဲပြားသေးတာက ရင်းနဲ့ယင်း။ မနေ့ညကတောင် ပထမတန်း မြန်မာစာဖတ်စာအုပ်ကိုလှန်ရင်းနဲ့ ကိုယ်မှားရေးနေတာတစ်ခု ပြန်သွားတွေ့တယ်။ မြန်မာစာသည် တို့စာဖြစ်ပါလျက်နဲ့ ဘာလို့ဒီလိုမသေမချာဖြစ်နေရတာလည်းဆိုပြီး ကိုယ့်ကိုယ်ကို စောဒကတက်မိတယ်။ ကိုယ်ငယ်ငယ်က မြန်မာစာမေဂျာတွေဘာတွေ ယူကြည့်ချင်စိတ်ပေါ်သေးတယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးပြင်းခဲ့သူ တစ်ယောက်အနေနဲ့ မြန်မာစာကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ရေးချင်စိတ်ဖြစ်ခဲ့ဖူးတယ်။ ခုလိုစာတွေရေးဖြစ်တော့ အဲဒီ့စိတ်ပြန်ပေါ်လာတယ်။
ဘာရယ်မဟုတ်ဘူး ကိုယ့်ခေါင်းထဲပေါ်လာလို့ ချရေးလိုက်တယ်။
“ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ပြည်ကို ချစ်ပါ
တို့စာကို ချီးမြှင့်ပါ
တို့စကားကို လေးစားပါ” ဆိုတဲ့ တို့ဗမာအစည်းအရုံးရဲ့ ဆောင်ပုဒ်လေးပါ။ (ဆောင်ပုဒ်မှန်မမှန် အတည်ပြုပေးတဲ့ သူငယ်ချင်းညိုကို ကျေးဇူးတင်ပါတယ်)
ကိုယ့်မြန်မာစာကျွမ်းကျင်မှုအဆင့် နည်းကောင်းနည်းပါလိမ့်မယ်။ ဒါပေမယ့် မြန်မာစာကို လေးစားမြတ်နိုးတာတော့ အသေအချာပါ။
ကိုယ့်မြန်မာစာကျွမ်းကျင်မှုအဆင့် နည်းကောင်းနည်းပါလိမ့်မယ်။ ဒါပေမယ့် မြန်မာစာကို လေးစားမြတ်နိုးတာတော့ အသေအချာပါ။
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ဆောင်ပုဒ်ကို လာရောက်အမှန်ပြင်ပေးတဲ့ azyl ကို ကျေးဇူးတင်ပါတယ်။ (01/03/2010)
ဆောင်ပုဒ်ကို လာရောက်အမှန်ပြင်ပေးတဲ့ azyl ကို ကျေးဇူးတင်ပါတယ်။ (01/03/2010)
တီချယ် ဒေါ်မြင့်မြင့်သွယ် သင်ပေးတဲ့ ဋ ၊ ဌ နဲ့ ဍ မှတ်နည်းလေးပါ ထပ်ဖြည့်ပေးပါလား သူငယ်ချင်း :)
NLN... ငါမမှတ်မိတော့လို့ နင် comment မှာ ဖြည့်ရေးပေးပါလား။
ဒါမျိုး ညီမလဲ ရေးဖူးတယ်... တီချယ်ပြောတာပဲ နေမှာ...
း)))))
http://sweetsweetpeony.blogspot.com/2009/04/blog-post_29.html
ဒီပို့လေးလည်း ကောင်းပါတယ်။ ဖတ်သွားပါတယ်၊ နောက်ကို အလွယ်တကူလူနားလည်ပြီးရောဆိုပြီး ပို့စ်တွေမှာ မသေချာတဲ့ စာလုံးပေါင်းတွေနဲ့ တင်လိုက်တာမျိုး မလုပ်တော့ဘူး...ဆိုတဲ့ သတိသံဝေဂ ရသွားတဲ့အတွက် ကျေးဇူးတင်လိုက်ပါတယ်။
၈တန်း စတတ်တဲ့နေ့မှာ တီချယ် ဒေါ်မြင့်မြင့်သွယ်က တစ်တန်းလုံးကို "က" ကနေ "အ" အထိရေးခိုင်းတယ်လေ။ အားလုံးက အဲဒီ့ အက္ခရာ သုံးလုံးလည်းရောက်ရော ရှေ့လှည့်ရမလို နောက်လှည့်ရမလိုနဲ့ ပတ်ချာလည်ကုန်ကြရော :)။ နောက်တော့မှ တီချယ်က အဲလိုဖြစ်ကြမယ်မှန်းသိလို့ တမင်ရေးခိုင်းတာလို့ပြောပြီး မှတ်နည်းသင်ပေးတာလေ။ မှတ်နည်းက " င နှစ်လုံး ၁ အလယ် ၂ ဘေးကလှေခါးထစ် " တဲ့။
ဋ ၊ ဌ နဲ့ ဍ သုံးလုံးမှာ ဋ နဲ့ ဌ က "င" လိုလှည့်ပြီး ဍ က "၁" လိုလှည့်တယ်။ အလယ် ဌ ရဲ့အောက်က ၂ နဲ့တူပြီး ဘေးနှစ်ဘက်က ဋ နဲ့ ဍ အောက်ကတော့ လှေခါးထစ်လေးတွေနဲ့တူတယ်လို့ ဆိုလိုတာပါ။
လှေခါးထစ် ဘယ်ဘက်ကို ဆင်းရမယ်ဆိုတာတော့ တို့အားလုံးသိကြတယ်လေ။
ငါတို့သင်ခဲ့ရတဲ့ မြန်မာစာ ဆရာမတွေအားလုံး အသင်အပြ သိပ်ကောင်းကြတယ်နော်။ နောက်တစ်ခါ အဲဒီ့အကြောင်းတွေ ရေးနော်။
မှတ်သားသွားပါတယ်ခင်ဗျ
ဆင်ခြင်ပါ့မယ် ရှင်..
ဇွန်မိုးစက်ရေ ဘ၀တူပဲ ကျွန်မလည်း အဲဒါတွေ အမြဲမှားတယ်။ အဲဒါကြောင့် ဘလော့ဂ်လာဖတ်တဲ့သူတွေကို အမှားတွေ့ရင် ပြင်ပေးဖို့ မေတ္တာ ရပ်ခံထားရတယ်။ စာလုံးပေါင်း မှားနေတာ တွေ့ရင် အကြောင်းမသိတဲ့သူကတော့ အားနာပြီး ဘာမှ ပြောမသွားပေမဲ့ အကြောင်းသိတဲ့သူကတော့ ပြင်ဖို့သတိပေးခဲ့ကြပါတယ်။
မှတ်သွားပါတယ်ဗျာ
မှတ်သားသွားပါတယ်။ ကျေးဇူးတင်ပါတယ်။
လာဖတ်တယ်။
အမလဲ မ နောက်က ဘဲ လိုက်တယ်လို့ မှတ်ထားလို့ စာရေးရင် သတိထားဖြစ်သွားတယ်။ လွယ်အောင် သင်ပေးထားတော့ မှတ်မိလွယ်တာပေါ့။
ဗမာပြည်သည် တို့ပြည် လို့ ရေးပေမဲ့ ဖတ်တော့ ဒို့ အသံ နဲ့ ဖတ်ရတယ် ထင်တာပဲနော်။ ဒါမှ force ပါပြီး ပိုလေးနက်လို့လို့ မှတ်ဖူးတယ်။ ဒို့အရေး လိုပေါ့။
လာရောက်ဖတ်မှတ်သွားသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုယ်မေ့နေတဲ့ ဋ ၊ ဌ နဲ့ ဍ အတိုကောက်မှတ်နည်းကို ရေးပေးသွားတဲ့ သူငယ်ချင်း NLN ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီတစ်ခါ ကလေးတွေကို မြန်မာသင်ပုန်းကြီးအက္ခရာ သင်ပေးရင် အတော်ပဲ။ ငါဒီနည်းလေးနဲ့ သင်လိုက်မယ်နော်။
အစ်မချိုသင်းရေ..ဟုတ်ပါတယ်။ “တို့” ကို “ဒို့” လို့ အသံထွက်ပြီး ဖတ်ပါလို့ ပထမတန်းဖတ်စာအုပ်ထဲက ကဗျာထဲမှာ ရေးထားပါတယ်။
ကျွန်တှောမှတ်သားဖူးတဲ့ တို့ဗမာအသင်း ဆောင်ပုဒ်ကတော့ ဒီလိုဗျ...
"ဗမာပြည်သည် … တို့ပြည်
ဗမာစာသည် … တို့စာ
ဗမာစကားသည် … တို့စကား
တို့ပြည်ကို … ချစ်ပါ
တို့စာကို … ချီးမြှင့်ပါ
တို့စကားကို … လေးစားပါ"
ကျေးဇူးပါ azyl။ တို့လည်း နောက်ဆုံးနှစ်ကြောင်းက မှန်ရဲ့လားလို့ ဇဝေဇ၀ါဖြစ်ခဲ့သေးတာ။ ခုလိုအမှန်လာပြင်ပေးတာ ကျေးဇူးတင်ပါတယ်။