တစ်ယောက်က ဖြူပြီး
တစ်ယောက်ကညိုတယ်
တစ်ယောက်ကသွယ်ပြီး
တစ်ယောက်ကပြည့်တယ်
မွေးချင်းထဲမှာ အကြီးဆုံးဖြစ်တဲ့ငါနဲ့
အငယ်ဆုံးဖြစ်လို့ ချွဲတတ်တဲ့နင်
စိတ်မြန်လက်မြန်လုပ်တတ်၊ လောတတ်တဲ့ငါနဲ့
ဖြည်းဖြည်းအေးအေး နှေးတတ်တဲ့နင်
ည ည ခေါင်းချတိုင်း အိပ်မပျော်တတ်တဲ့ငါနဲ့
မနက် မနက် စောစောနိုးတတ်တဲ့နင်
မြန်မာစာကို မနက်နေ့လည်ည ခုံမင်စွာ စားချင်တဲ့နင်နဲ့
ဆီများတဲ့ မြန်မာစာကို ရှောင်ချင်တဲ့ငါ
အဝတ်တွေ တန်းမှာပြည့်နေရင် ကြည့်မရတဲ့နင်နဲ့
ဘေစင်မှာ ပန်းကန်တွေပုံနေရင် မကြိုက်တဲ့ငါ
တစ်ခုခုဖြစ်တိုင်း ဆေးသောက်တတ်တဲ့နင်နဲ့
ဘာဖြစ်ဖြစ် ဆေးမသောက်ဘဲ ခေါင်းမာတတ်တဲ့ငါ
ဒီလို...နင်နဲ့ငါကြား မတူညီတာတွေရှိသလှို...
ကဗျာစာပေ ဝါသနာပါတာခြင်းတူ
အားပေးတဲ့ ဘောလုံးအသင်းခြင်းတူ
(ကိုငှက်)ရဲ့ အနုပညာကို လေးစားခုံမင်တာခြင်းတူ
ကောင်းကင်နဲ့ကြယ်တွေကို ချစ်တတ်တာခြင်းတူ
မီဆိုဟင်းချိုကြိုက်တတ်တာခြင်းတူ
အစာအိမ်အောင့်တတ်တာခြင်းတူ
ရောမပြည်ကို အရောက်သွားလည်ဖို့ ဆန္ဒရှိတာခြင်းတူ
အရာရာကို သံယောဇဉ်ကြီး စွဲလန်းတတ်တာခြင်းတူ
တူညီတာတွေလည်း ရှိတယ်...
တစ်ယောက်ရဲ့အခက်အခဲ တစ်လှည့်စီကူညီဖြေရှင်းကြရင်း
ဆိုးတူကောင်းဖက် ခံစားချက်တွေ ဖလှယ်ရင်းနဲ့
ရွာသားရေးဖူးတဲ့ ခရုခွံအခန်းလေးထဲက ဘယ်နဲ့ညာမှာ
တူညီမှု၊ မတူညီမှုတွေနဲ့အတူ နေထိုင်ကြရင်း
ငါတို့ရဲ့ ချစ်ခင်မှုတွေ ၁၉နှစ်တိုင်ခဲ့ပေါ့။
အဖြူရောင် သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ဇွန်မိုးစက်
သူငယ်ချင်းရေ... ဒီကဗျာလေး နင်ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။း)
P.S. နှစ်ယောက်စလုံးအတွက် လျှော့လျှော့ပေါ့ပေါ့နဲ့ သွယ်တယ် ပြည့်တယ်လို့ပဲ ငါသုံးလိုက်တယ်နော်။ :P
25Mar2025 throwback
1 week ago
To my dearest
I really really love it. I know we don't need to say thank. But "THANK YOU SO MUCH"
ဖတ်လို့ ကောင်းလိုက်တာ
သာယာချမ်းမြေ့ပါစေနော်
မိုး
အကုန်လုံး တူနိုင်ပါစေ နင် နဲ့ ငါ...
း)
နေကောင်းရင် လက်ဖက်ရည် လာသောက်မယ် နော်၊ ခုတော့ ကွေးတုန်း...
ခင်မင်မှုများ ခိုင်မြဲကြပါစေ...
ကဗျာထဲမှာ ခင်မင်မှု အဖြူရောင် မြစ်ရေတွေ စီးဆင်းသံ ကြားနေရသလိုလို.... :)
ဝေးးးးးးးးးးးးးးးးး
အားမနာကြေးပြောသွားမယ်
အက်ဆေးတွေပိုကြိုက်တယ်..
အိန္ဒြာ
ရေးချင်တာရေး
၁၉ နှစ်တောင် ချစ်နိုင်တယ်နော်
နောက်နှစ်ပေါင်းများစွာ အသက်ထက်ဆုံး ချစ်ခင်သွားနိုင်ပါစေ အမရေး))
ချစ်ခင်စွာဖြင့်
၁၉ နှစ်တောင် ပေါင်းခဲ့တဲ့ သူငယ်ချင်းဟာ ရတနာတစ်ပါးလို အဖိုးတန်မှာပဲနော် အစ်မဇွန်... အစ်မရဲ့ သူငယ်ချင်း/Roommate တော့ ဒီကဗျာလေး ဖတ်မိရင် ကြိုက်ရုံမကဘဲ သိပ်ပျော်မှာပါပဲ...