အဖွားက ကရင်လူမျိုးပီပီ ရိုးတယ်။ အဆောင်အယောင်မာန်မာနမရှိဘဲ အေးအေးဆေးဆေးနေတတ်လို့ အဖွားကို ကြည့်လိုက်ရင် အမြဲအေးချမ်းနေတယ်။
အဖွား အိမ်ကို ညအိပ်ညနေလာတဲ့အခါ ကိုယ်တို့မောင်နှမနှစ်ယောက်နဲ့အမြဲအတူအိပ်ပြီး ကျောပြင်ကိုတစ်လှည့်စီ ပွတ်သပ်ပေးလို့ အိပ်ရာဝင်သမ္မာကျမ်းစာထဲက ပုံပြင်တွေပြောပြလေ့ရှိတယ်။
ကိုယ့်ကို ခရစ်ယာန်ဘာသာဝင်ဖြစ်စေချင်ခဲ့တဲ့အဖွား၊ ကိုယ့်မျက်ခုံးကို မရိတ်ဖို့ ပြောကြားခဲ့တဲ့အဖွား၊ ပြီးခဲ့တဲ့ ဒီဇင်ဘာနှစ်ဆယ့်ငါးရက်နေ့က ပျော်ရွှင်သောခရစ်စမတ်ဖြစ်ပါစေလို့ ဖုန်းထဲကနေ နှုတ်ခွန်းဆက်သခဲ့တဲ့အဖွား လူ့ဘ၀ကိုရှစ်ဆယ့်နှစ်နှစ်ကြာဖြတ်သန်းခဲ့ပြီး ခရစ်တော်ထံပါးမှာ မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်ပျော်သွားခဲ့ပါပြီ။
အဖွား ကောင်းရာသုဂတိလားပါစေ။
အေးချမ်းသာယာတဲ့ နောက်ဘ၀သစ်ကို ရရှိပါစေလို့ သမီးဆုတောင်းမေတ္တာပို့သလိုက်ပါတယ် အဖွားရေ။
ှ
အဖွားကိုသတိရနေတဲ့
အဝေးရောက် မြေးတစ်ယောက်
ကောင်းရာ မွန်ရာ ရောက်စေဖို့ ဆုတောင်းပေးပါတယ်။
အဖွားကောင်းမွန်သော နေရာသို့ ရေက်ြပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်။
ဇွန်မိုးစက်အဖွား ကောင်းရာသုဂတိလားပါစေဗျာ
ဇွန်မိုးစက် ရဲ့ အဖွားကောင်းကင်ဘုံမှာ ငြိမ်းချမ်းစာ အိပ်စက်နားနေနိုင်ပါစေ..
ဇွန်မိုးစက် လုပ်သော ကောင်းမှုတွေမှန်သမျှ
ရသော ကုသိုလ်တိုင်းးး...
ဇွန်မိုးစက် ရဲ့ အဖွားလည်း ထပ်တူ ရနိုင်ပါစေ
ကောင်းရာသုဂတိလားပါစေ
အဖွားအတွက် ဆုမွန်ကောင်းတောင်းပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
မလေး ခုမှရောက်လို့..
အဖွားဆုံးသွားလို့ စိတ်မကောင်းပါဘူးဇွန်။
မလေးအဘွားလဲ အသက်ရာကျော်ပြီ ရန်ကုန်မှာပါး(