အဲဒီ့နေ့

Category: ,

အဲဒီ့နေ့

အဲဒီ့နေ့က ...

ပစ္စုပ္ပန်တစ်ခု ရပ်တန့်သွားတဲ့နေ့
အနာဂတ်မြစ်တစ်စင်း ခြောက်ခမ်းသွားတဲ့နေ့
မျှော်လင့်ခြင်းအတောင်ပံတစ်စုံ ပျောက်ဆုံးသွားတဲ့နေ့

အဲဒီ့နေ့က ...

ဆယ်နှစ်ကြာဇာတ်လမ်း အဆုံးသတ်သွားတဲ့နေ့
ဘ၀နှစ်ခု မဆုံနိုင်အောင် ဝေးကွာသွားတဲ့နေ့

အဲဒီ့နေ့က ...

မိုးတွေ ရွာခဲ့တဲ့နေ့...။


13/03/07 အတွက်
ဇွန်မိုးစက်

Comments ( 9 )

အဆက်ပေါ့နော်။

("ချစ်သူရဲ့သမီး" က "အမှတ်တရ" ရဲ့ အဆက်လိုမျိုး)

း(

ဖိုက်တင်း ...း))

:cool:

အဲဒီ့နေ့က အသက်ဝင်လွန်းလှချည်ရဲ့...

လောကကြီးက ဒီလိုပဲ အမြဲမနေပါဖူးမရယ်
လမိုက်ည တွေပြီးရင် လသာအုံးမှာပါ
နေ့ ရက်တွေ ရှိနေသရွေ့ 
မြစ်တွေ မခမ်းခြောက်သေးသရွေ့ 
တနေ့  ရေစက်ရှိခဲ့ ရင် မချစ်တဲ့သူနဲ့ ပြန်ဆုံနိုင်ပါစေနော်
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပါစေနာ်
မိုး

အဲဒီနေ့က ........

ကျနော် ဒီဘလောဂ့်ကို လာလည်သွားပါတယ်

အဲဒီနေ့
အမှတ်တရ...


ငြိမ်းချမ်းပါစေ...။

ဝင် လည်သွားပါ၏... :)