ဖေဖေသို့

Category: , ,

there were times you taught me

there were times you scolded me

there were moments we argued

there were moments we agreed

Still you love me and take care of me

Thank you for everything, Dad.

I love you.

Happy 60th Birthday!


၂၀၁ဝ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ကျရောက်သော နှစ်၆၀ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် သက်ရှည်ကျန်းမာ ဘေးအန္တရာယ်ကင်းဝေးပြီး ချစ်တဲ့မိသားစုနှင့်အတူ သက်ထက်ဆုံး ပျော်ရွှင်စွာနေနိုင်ပါစေ။

ဆုမွန်ကောင်းများစွာဖြင့်
ချစ်သမီးကြီး
ဇွန်မိုးစက်

Comments ( 16 )

can you contact him today:)
hope you have a great day....with the warmest from him :)

yea, I sent my wishes thru sms.
Thank you, dear. :)

ဇွန်မိုးစက်ရဲ့ ဖေဖေက ကံကောင်းလိုက်တာနော်။ ဒီလိုသမီးလေး ရှိတယ်။ မွေးနေ့မှာ ဇွန်မိုးစက်တို့ တစ်မိသားစုလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။

မဇွန်မိုးစက်၏ ဆုမွန်ကောင်းများစွာ တောင်းပေးမှုတို့ဖြင့် ပျော်ရွှင်နွေးထွေးသော မွေးနေ့လေး ပိုင်ဆိုင်ပါစေ။

ဆုတောင်းများ ပြည့်ပါစေ...

ခင်မင်စွာဖြင့်

လိမ္မာလိုက်တဲ့သမီးလေး ..... သာဓု သာဓု သာဓု..... :)

ဖတ်သွားပါတယ်ဗျာ။

သူငယ်ချင်းရဲ့ ဖေဖေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ မိသားစုနဲ့တူတူ ပျော်ဂွှင်ချမ်းမြေ့စွာ အသက်ထက်ဆုံးရှိနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် ... အဖေကို သတိတရရှိတဲ့အတွက်လေးစားပါတယ် သူငယ်ချင်းရေ ...

I wish deeply with my heart for your father to be healthy and wealthy.

Happy Birthday for your beloved father!!!

ငယ်ငယ်က သင်ခဲ့ရတဲ့
တို့ဖေဖေ ဆိုတဲ့ ကဗျာကို
သတိရမိတယ်။

ဇွန်မိုးစက်ရဲ့ဖေဖေ
ကျန်းမာချမ်းသာစေကြောင်း
ဆုတောင်းမေတ္တာ ပို့ပါတယ်

ဇွန်မိုးစက်ရဲ့ အဖေ ကျန်းမာပျော်ရွှင်စွာဖြင့် မွေးနေ့တရာကျော်အောင် ဖြတ်သန်းရပါစေ။ အစ်မဘလော့ဂ်မှာ စိတ်ဝင်တစား စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ နောက်ဆက်တွဲကို ထပ်တင်ထားပါတယ်။ မျှော်နေတယ်ဆိုလို့ အကြောင်းကြားပေးခဲ့ပါတယ်နော့်။

Dear all,

Thank you so much for all your warm wishes. :)

Have a great day!


Thanks & regards,
Zun Moe Sett

'Happy Birthday to your Dad'
give my remembrance to your family
:)

မမရေ ညီမဖေကြီးမွေးနေ့က ၂၃ လေ မတင်ဖြစ်လိုက်ဘူး .. ဟီး
မမဖေဖေအတွက် ထပ်တူ ဆုတောင်းပေးသွားပါတယ် ..း))

လှိုက်လှိုက်လှဲလှဆုတောင်းပေးလိုက်တယ်..ညီမလေး
ဒီအဖေ ဒီသမီး ဒီမိသားစု အိုအောင်မင်းအောင်
ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..။

အဖေ ဖေဖေ လို့ခေါ်ခွင့်ရနေသေးသူတွေ သိပ်အားကျတာညီမရယ်..

အစ်မ ၁၀ နှစ် ဖေဖေက ၄၃ နှစ်
အနိစ္စ ဆိုပေမယ့် သိပ်စောလွန်း သိပ်ရက်စက်လွန်းပါတယ်..။

ချစ်တဲ့

ဆုတောင်းတာတွေ ဆုပေးတာတွေနဲ့
ဝေးနေတဲ့ ကျနော် အတွက်တော့
နှစ်၆၀ပြည့်မွေးနေ့မှသည် သက်ထက်ဆုံး ပျော်ရွှင်စွာနေနိုင်ပါစေ လို့ ပြန်ကူပြီး ဆုတောင်းပေးသွာတယ် အမ။

သူငယ်ချင်းညီ၊ ညီိမလေးမိုးခါး၊ မမအိန္ဒြာနဲ့ မောင်လေးရီနိုတို့ရဲ့ ဆုတောင်းတွေအတွက်လည်း ဖေ့ဖေ့ကိုယ်စား ဇွန်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။း)