ထိပ်ဆုံးသို့

Category:

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ

အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေအုံး

မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။


(ဆဌမတန်းတုန်းက သင်ခဲ့ရတဲ့ ခွန်အားပေးတဲ့ ကဗျာလေးပါ။ မှတ်မိနေသေးလို့ လက်တန်းချရေးလိုက်ပေမယ့် အပိုဒ်ခွဲနဲ့ စာလုံးများလွဲမှားနေတာရှိရင် ပြင်ပေးကြပါ။ နောက်ပြီး ကဗျာရေးသူက မင်းယုဝေလား၊ မင်းသုဝဏ်လား သေချာမမှတ်မိတော့လို့ သိရင်ပြောပြကြပါအုံး။ ကျေးဇူးအများကြီးတင်ပါတယ်။
စိတ်ဓါတ်ကျတိုင်း ဒီကဗျာလေးရွတ်ပြီး ကိုယ့်ကိုယ်ကို အားပေးရပါတယ်။ ခုတလောစိတ်ဓါတ်နဲနဲကျချင်သလိုဖြစ်လို့ ဒါလေးရေးတင်ပြီး ကိုယ့်ဖာသာပဲ အားပြန်ပေးလိုက်တယ်။)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 10 )

ကဗျာဖတ်ပြီးအားတက်သွားတယ်။ အခုထိ မှတ်မိသေး
တယ်လား။ ကျမတော့မေ့ကုန်တာတွေများနေပြီ။
ကျေးဇူးနော်။

ကိုယ်ဖေါက်ခဲ့ ကိုယ်လျှောက်ခဲ့တဲ့လမ်းမှာ
ကိုယ်မောပမ်းတိုင်း
ကိုယ့်ကိုယ်ကိုချွေးသိပ်နေခဲ့ရတာ .....

ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာတဲ့
အတ္တာဟိအတ္တနောနာထော ဆိုတဲ့ ဘုရားဟောလိုပေါ့

အင်းးးးး

သိပ်တော့ ပင်ပမ်းကြရတာပေါ့

ကျွန်တော်ကတော့ စိတ်ဓာတ်တွေကျနေတဲ့အခါ တစ်ယောက်တည်း တိတ်တိတ်လေး နေပြီး ပြန်ထူမတ်နိုင်အောင် ကြိုးစားတတ်တယ်...။

ခုလောလောဆယ်တော့ စိတ်ဓာတ်ကျနေတာခြင်း တူနေတယ်....

အားတော့ မပေးတတ်ဘူး......

အောက်က လင့်ခ်လေး ကြည့်ဖြစ်ရင်တော့ စိတ်ချမ်းသာမှုတစ်ချို့ ရမလားပဲ...

http://www.funonthenet.in/content/view/274/31/

ခင်တဲ့

အော်...

ရွတ်တာ ကြားဖူးနေပေမဲ့ မဖတ်ဖူးသေးတဲ့ ကဗျာကောင်းလေးအတွက် ကျေးဇူးပါ

ကဗျာ လာရွတ်ပါတယ်။

နန်းရေဒီလေးကိုနီအရမ်းကြိုက်တာ ဖေဖေ့ကိုနီအားပေးခဲ့တဲ့ ကဗျာလေး။ တိုက်ဆိုင်လိုက်တာ ဒီနေ့ပဲအောက်မှာလမ်းလျောက်နေရင်း ခေါင်းထဲရောက်လာတယ်။

ကဗျာလေး ဖတ်ပြီး စိတ်အားလေးတင်းလိုက်ပါတယ်။
မရေ တောင်တစ်ခုပြီးတစ်ခုတက်ရသလိုပါပဲ
စိတ်ဆိုတာလည်း တက်လိုက် ကျလိုက်ပေါ့ မရယ်။
ကျေးဇူးပါနော် ဒီကဗျာလေးတွက်
သာယာချမ်းမြေ့ပါစေနော်
မိုး

ကိုယ်လည်းပဲ မနှစ်ဆီက တင်ခဲ့ဖူးတယ်။
ဒီလိုပဲ ဒီကဗျာကို ခဏခဏ ရွတ်ခဲ့ရတယ်။

ကဗျာရေးသူက
ငွေတာရီ ပါ
ဇွန်မိုးစက် ရေ ...
ကိုယ်သိပ်နှစ်သက် ... ခွန်အားယူတဲ့ ကဗျာလေးပါ



(သူမ)

Anonymous သူမရေ ... ကျေးဇူးပါ။း)