9 June

Category: ,

မိုးတွေရွာစွေခဲ့တဲ့ တစ်ခုသောညနေခင်းမှာ ကိုယ်ဟာရခဲလှတဲ့ လူ့ဘ၀ထဲ ၀င်ရောက်လာခဲ့ပါတယ်။ အဲဒီနေ့က ဇွန်လ ၉ ရက်ဖြစ်ပြီး မြန်မာလို နယုန်လပြည့်နေ့လည်း ဖြစ်ပါတယ်။ စနေသမီးဖြစ်သည့် အားလျော်စွာ ကိုယ်ဟာ စိတ်ထက်၊ ဒေါသကြီး သွေးဆူလွယ်ခဲ့သူတစ်ယောက်ပါ။ ခေါင်းမာတယ်၊ ပေတယ်၊ မျှတမှုကို ကြိုက်တယ်၊ လွတ်လပ်မှုကို လိုလားတယ်။ တစ်ယောက်ယောက်က ထိန်းချူပ်ထားတာမျိုးကို မနှစ်သက်ဘူး။ ခိုင်းမှ မလုပ်ချင်ဘူး၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ပဲ ကိုယ်လုပ်ချင်တယ်။ လိမ်တာညာတာမကြိုက်ဘူး။ ပွင့်လင်းရိုးသားမှုကို မြတ်နိုးတယ်။ ယေဘုယျအားဖြင့် စိတ်မာပြီး၊ အသည်းလည်း မာပါတယ်။ (လူပုံစံကြည့်တော့ မထင်ရဘူးနော်)း)

ဒီနှစ်မှာ မြန်မာလိုမွေးနေ့နဲ့ အင်္ဂလိပ်လိုမွေးနေ့က နှစ်ပတ်လောက်ကွာသွားပါတယ်။ နယုန်လပြည့်တုန်းက ရန်ကုန်မှာရှိတုန်း မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခွင့် ကြုံပါတယ်။ ဇွန်လ ၉ ရက်နေ့မှာတော့ စင်္ကာပူမှာ ရှိနေပြီး ကြားရက် (အလုပ်တက်ရက်) ဖြစ်နေလို့ ကိုယ်တိုင်ကိုယ်ကျ ဘုန်းကြီးကျောင်းသွားပြီး အလှူလုပ်ခွင့် မရပေမယ့် မြန်မာပြည်က မော်လမြိုင်ဖားအောက်တောရ ရိပ်သာမှာ သံဃာအပါး ၇၅၀နဲ့ ယောဂီဝင် ၂၅၀ အတွက် အရုဏ်ဆွမ်း လောင်းလှူထားပါတယ်။ တွေးမိတိုင်း ပီတိဖြစ်ရတဲ့ မွေးနေ့အလှူတွေထဲက တစ်ခုပါ။း)

အသက်တစ်နှစ်ကြီးသွားတိုင်း ဘာတွေ တိုးတက်မှုရှိပြီလဲလို့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစား သုံးသပ်မိပါတယ်။  ရုပ်ပိုင်းဆိုင်ရာအရတော့ တိုးတက်မှုရှိမှာ မဟုတ်ပါဘူး။ အသက်တစ်နှစ်ကြီးတိုင်း တစ်နှစ်ရင့်သွားမှာ အသေအချာပါပဲ။ (အို၊ နာ၊ သေ) ကို လွန်ဆန်လို့မှ မရတာနော့။ အသက်အလိုက် ကိုယ်ကိုယ့်ကို အတန်အသင့် ရင့်ကျက်နေပြီလို့ ထင်ပါတယ်။ :D ဒါတောင် တစ်ချို့နေရာတွေမှာ ကလေးဆန်ချင်စိတ်က သိပ်မပျောက်ချင်ပါဘူး။ ဒါနကုသိုလ်ရေး မှာတော့ အရင်ကထက် သဒ္ဓါတရား နှစ်ဆတိုးခဲ့ပါတယ်။ ဒေါသတွေ အရင်ကထက် လျှော့ချလာနိုင်တယ်။ စိတ်ပိုရှည်ပြီး သည်းခံစိတ် ပိုမွေးလာနိုင်တယ်။ မာနနဲ့ အာဃာတတွေ အရင်ကလောက် မများတော့ဘူး။ အကုသိုလ်ဖြစ်မယ်ထင်တဲ့ စိတ်မှန်သမျှ ကြာကြာမမွေးတော့ဘူး။ ဒါတောင်မှ သတိလက်လွတ်သွားတာနဲ့ အကုသိုလ်စိတ်တွေဟာ ၀င်ဝင်လာသေးတယ်။ အင်းလေ...  အရိယာမဖြစ်သေးတဲ့ ပုထုဇဉ်ဆိုတော့လည်း သည်လောက်တော့ရှိမှာပေါ့လို့ ဖြေတွေးလိုက်မိပြန်ရော။ ကျန်းမာရေးကတော့ မနှစ်ကလောက် မကောင်းသလိုဘဲ။ အိပ်ရေးတွေ အရင်ကလောက် မ၀တော့ဘူး၊ စာဖတ်နှုန်းလည်း ကျသွားတယ်။ ဘလော့ဂင်းနဲ့ ဖေ့စ်ဘွတ်ကင်းမှာ အချိန်တွေကုန်တာ များနေပြီလို့ သုံးသပ်မိပေမယ့် ၀ုန်းကနဲ ရုန်းမထွက်နိုင်သေးကြောင်း ၀န်ခံပါတယ်။ မိတ်ဆွေသစ်တွေကတော့ အများကြီး တိုးပွားလာပါတယ်။ အထူးသဖြင့် ဓမ္မမိတ်ဆွေနဲ့ ဘလော့ဂါမိတ်ဆွေတွေပါ။ ကိုယ့်ကို ချစ်ကြ၊ ခင်ကြ၊ ဂရုစိုက်ကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုယ့်ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးတဲ့ မေမေနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဖေဖေတို့ရဲ့ ကျေးဇူးကို
 အောက်မေ့ကန်တော့ရင်း မြန်မာပြည်အင်တာနက်ကွန်နက်ရှင်ကို စိတ်မချ၍ ကြိုတင် ဆုတောင်းပေးသွားတဲ့ သူငယ်ချင်းများ၊ ဘလော့ကနေ၊ မျက်နှာစာအုပ်ကနေ၊ ဂျီတော့ခ်၊ အီးမေးလ်နဲ့ ဖုန်းမက်ဆေ့ခ်ျမှတစ်ဆင့် မွေးနေ့ ဆုမွန်ကောင်း တောင်းပေးကြသူများ အားလုံး အားလုံးကို ကျေးဇူးအများကြီးတင်ကြောင်း ပြောပါရစေ။း)


ချစ်ခင်လေးစား ကျေးဇူးတင်လျက်
ဇွန်မိုးစက်

Comments ( 22 )

Happy Birthday... :)
May your dreams come true...........

ကိုယ့်ကိုယ်ကို ပြန်စဉ်းစား သုံးသပ်ထားတာတွေ သဘောကျမိတယ် မွေးနေ့ရှင်ရေ...
ပါးရမည့် အရာတွေ ပါး...ပါး...သွားပြီး၊
ပါးပြီလို့...သိ...ပြီးရင်း...သိ...တနှစ်ပြီး တနှစ်
ဆုတောင်းပေးသွားတယ်နော်

ပျော်ရွှင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေ။
သာယာချမ်းမြေ့ တဲ့ ဘ၀လေးကို ရရှိပိုင်ဆိုင်နိုင်ပါစေ။

happy birth day ပါဇွန်ရေ ပြုလုပ်ခဲ့ ပြီးတဲ့ ကောင်းမှုကုသိုလ်တွေအတွက် သာဓု သာ ဓု သာ ဓု ခေါ်ပါတယ် မပြုရသေးတဲ့ ကောင်းမှုကုသိုလ်တွေလဲစိတ်ရှိတဲ့ အတိုင်းဆောင်ရွက်ပြုစုနိုင်ပါစေ ယနေ့ ကျရောက် သောမွေးနေ့ မှစ၍ နောင်လာမဲ့ မွေးနေ့ များစွာ စိတ်ရဲ့ ချမ်းသာခြင်း ကိုယ်ရဲ့ ကျမ္မာခြင်း မဂလ်ာ အပေါင်းနဲ့ ပြည့် စုံပါစေနော် သုဒြေ္န

မမရေ....
ညကစောစောအိပ်သွားလို့ အခုမနက်မိုးလင်း အိပ်ရာက နိုးနိုးချင်း လာဆုတောင်းပါတယ်။ HAPPY BIRTHDAY ပါနော်....
ငါ့အစ်မ ဒီနေ့ဒီရက်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပြီး ဘ၀တစ်လျှောက် လိုအင်ဆန္ဒဟူသမျှတို့လည်း တစ်လုံးတစ်ဝ ပြည့်စုံပါစေ....

ညီမလေး
ဂျင်ဂျင်း

Happy birthday Moe Set!,
June လရောက်လာတော့ ညီမကို သတိယပါတယ်၊
ဘယ်ရက်များပါလိမ့်လို့ပေါ့၊

wow!!
ဒါကြောင့် ဇွန်လရဲ့ မိုးစက်လေး ဖြစ်နေတာကိုး ..း))
မွေးနေ့မှာ ပျော်ရွှင်ပါစေနော် အစ်မ
ခုထက်ပိုပြီးလည်း အောင်မြင်ပျော်ရွှင်တဲ့ သာသနာပြုနိုင်မယ့် သူတယောက် ဖြစ်ပါစေ ..း))
အာဘွားးးးးးးးစ် :D

ပျော်ရွှင်ဖွယ်မွေးနေ့ လေးပါ ညီမဇွန်ရေ :)

ဒီနေ့ဒီရက်မှ နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လိုအင်ဆန္ဒဟူသမျှတို့လည်း တစ်လုံးတစ်ဝ ပြည့်စုံပါစေ....

Happy Birthday!!!
Wish you to have happy health, wealth and peace in incoming years.

Yours,

Happy birthday ပါအမရေ review လေးသဘောကျတယ်။ ဒီထက်ပို ရင့်ကျက်၊ ဒီထက်ပို သာသနာပြုနိုင်ပါစေ

Happy Birthday June Moe Zat.
Sar kaung sar mon dawe ah myar gyi sat yay naing par say naw

MZO

HAPPY BIRTHDAY ပါ မမဇွန်
မမရည်မှန်းချက်တွေအမြန်ဆုံးပြည့်စုံအောင်မြင်ပြီး သာယာချမ်းမြေ့တဲ့ဘဝလေးကိုပိုင်နိုင်ပါစေရန်တောင်းဆုပြုပါတယ် မမရယ်...
မိုး
ps: မမ မြန်မြန်ကျန်းမာပါစေ...

HAPPY BIRTHDAY to you...

HAPPY BIRTHDAY to you...


HAPPY BIRTHDAY to... ZMS...

HAPPY BIRTH...DAY.. to...... youuuuu...

အသိမပေးလို့ မကျေနပ်ဘူး။

ဘာမှ မကျွေးလို့ မကျေနပ်ဘူး။

ပွစိပွစိ မျက်စောင်းတထိုးထိုးနဲ့


ဘတ်ဒေးတူယူ လုပ်သွားတယ်မှတ်။


HAPPY BIRTHDAY MA MA JUNE !!!


ALL THE BEST WISHES... !!!

မွေးနေ့ဟက်ပီးပါဇွန်ဇွန်..

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။း)

ကျေးဂျူးတင်ရင် မုန့်ကျွေးဘာာာ :P

ဒီမှာလည်းနောက်ကျနေတယ်..ညီမလေးရေ...

စနေသမီးပဲလားးးးး

မွေးနေ့လက်ဆောင် အာဘွားးးးးးးးး)

fb မှာ မီလိုက်ပြီး ဒီမှာ မမီလိုက်ဘူး

ဇွန်နဲ့ ခင်ရတာ ဒီနှစ်ထဲမှာ ကိုယ့်အတွက် ဝမ်းသာစရာ အဖြစ်ပါ။

ခုမှ စရောက်ဖူးတယ် မွေးနေ့ပို့စ်လေးနဲ့ တိုးနေလို့ ဟက်ပီးဘဒ်ဒေး ၀င်လုပ်သွားပါတယ် ။ ပျော်ရွှင်ခြင်းတွေအမြဲပိုင်ဆိုင်နိုင်ပါစေဗျာ ။

နောက်ကျပေမယ့် မွေးနေ့ဆုတောင်း ပေးသွားကြတဲ့ မအိန္ဒြာ၊ ရီတာနဲ့ ကိုမျိုးကိုလည်း ကျေးဇူးတင်ပါတယ်။း)

This comment has been removed by a blog administrator.