Blog Silence Day-16 Apr 2010

Category:

တစ်နေ့ကပဲ သူငယ်ချင်းကို ပြောမိသေးတယ်။ ငါတို့နိုင်ငံ သူများနိုင်ငံတွေလို မတိုးတက်၊ မချမ်းသာရင်နေပါစေဟာ။ ရေ၊ မီးလေးမှန်ရင်ပဲ တော်ပါပြီလို့။ ခုတော့ ရေ၊ မီး မမှန်လည်း နေပါစေဟာ ... ဘေးအန္တရာယ်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေလို့ရယင် တော်ပါပြီလို့ ပြောင်းပြောချင်တယ်။

တစ်ခြားကိုယ်ပြောချင်တဲ့ စကားများအားလုံး ဟောဒီမှာ အစ်မချစ်က ပြောထားပါတယ်။ 

သေဆုံးသွားသူများ၊ ဒဏ်ရာရသူများ၊ ကျန်ရစ်သူမိသားစုဝင်များအားလုံးအတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ်ပါ။


ဇွန်မိုးစက်

Comments ( 5 )

ညီမဇွန်ရေ ခံစားချက်တွေ တူနေလို့ ဝမ်းသာရတယ်....ကျေးဇူးလည်းတင်တယ်နော်

ချစ်တဲ့
အမ ချစ်ကြည်

ကြားရတာ စိတ်ထဲ မကောင်းလိုက်တာ..။

GOOD Luck To All..... :(

မရေ မိုးလည်း အဲဒါပဲစဉ်းစားမိပါတယ် ပိုစ့်ရေးဖို့ တောင်အားမရှိတော့ဖူးမရယ် လူသားတွေရဲ့ အသက်အလွယ်တကူဆုံးရှုံးခြင်းကင်းပါစေပဲဆုတောင်းနေမိပါတယ်

နယ်ကလူတွေအတွက်လည်း စိတ်မကောင်းလေး ဖြစ်ပေးကြပါအုံး၊ သူတို့မှာ လက်ပစ်ဗုံးမက အဲဒါထက် ဆယ်ဆမကသာတဲ့ အမြှောက်ဆံတွေနဲ့ အပစ်ခံနေကြရတာပါ။ ထိသွားရင်လည်း သွားစရာဆေးရုံတောင် မရှိကြဘူးလေ။ ကျုပ်တို့တတွေ ဘလော့ရေးနေချိန်မှာ သူတို့တွေ ဖိနပ်မပါ ပြေးနေကြရတာ။ ကျုပ်တို့ ထမင်းစားနေချိန်မှာ သူတို့မျှစ်၊ ပိန်းဥတွေကို ကြောက်ကြောက်နဲ့ လိုက်ရှာစားနေကြရတာ။ ရေးတာ နေရာမှားရင်လည်း ခွင့်လွတ်ပါဗျာ။